မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ထိုင်းယာယီနေထိုင်ခွင့်ရှိသူများအား ခရီးသွားလာခွင့်လက်မှတ်ထုတ်ပေးနေဟုဆို

ထိုင်းယာယီနေထိုင်ခွင့်ရှိသူများအား ခရီးသွားလာခွင့်လက်မှတ်ထုတ်ပေးနေဟုဆို

ရေးသားသူ: > ထိုင်းနိုင်ငံတွင် ထော်ရော် ၃၈/၁ ယာယီနေထိုင်ခွင့်ရရှိပြီးသူ မြန်မာအလုပ်သမားများအတွက် ခရီးသွားလာခွင့်အထောက်အထားလက်မှတ် Travel Document ကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အခမဲ့ပြုလုပ်ပေးနေပြီဟု ဆိုသည်။

မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားစိစစ်ရန် ကိုယ်ရေးအချက် ၂၇ ချက်ပါရှိသော လျှောက်လွှာပုံစံကိုဖြည့်စွက်ရမည်ဟု အလုပ်သမားသံအရာရှိ ကိုသန်းနိုင်က ပြောသည်။

သူက “ထိုင်းအစိုးရထုတ်ပေးထားတဲ့ ထော်ရော် ၃၈/၁ က ခရိုင်တစ်ခုနဲ့တစ်ခု သွားလာခွင့်မရှိတဲ့အတွက် မြန်မာပတ်စပို့ သွားလုပ်တဲ့အခါ ခရီးသွားနိုင်ဖို့ ထုတ်ပေးတာပါ၊ ကျနော်တို့ မြန်မာသံရုံးဘက်ကတော့ အခမဲ့ပြုလုပ်ပေးတာဖြစ်တယ်၊ Passport ရှိပြီးသား အလုပ်သမားတွေ လုပ်ဖို့မလိုပါ ”ဟု ဆိုသည်။

မြန်မာသံရုံးကထုတ်ပေးသော အဆိုပါ Travel Document အထောက်အထားလက်မှတ်နှင့် ထိုင်းနိုင်ငံမှထုတ်ပေးထားသည့် ယာယီအလုပ်လုပ်ခွင့်လက်မှတ်တို့ကိုယူဆောင်၍ မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ်(ပတ်စပို့) ပြုလုပ်ရမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ကြေညာထားသည်။

မြန်မာအလုပ်သမားအကူအညီပေးနေသူတစ်ဦးက “ ပြီးခဲ့တဲ့လပိုင်းက မြန်မာအလုပ်သမား ၄ သိန်းနီးပါးလောက် ထော်ရော် ၃၈/၁ လုပ်ပေးခဲ့ပြီးပြီ၊ အဲဒီ အလုပ်သမား ၄ သိန်းကို မြန်မာပြည်ပြန်ပြီး ပတ်စပို့လုပ်လို့ရအောင် သံရုံးက အခုလို ခရီးသွားလက်မှတ်ထုတ်ပေးတာဖြစ်တယ်”ဟု ပြောသည်။

သို့ရာတွင် ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသောအလုပ်သမားများအနေဖြင့် ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်မည်ဟုဆိုသော်လည်း လက်မှတ်တွင်ဖေါ်ပြပါရှိသည့် အလုပ်ရှင်၊ အလုပ်အကိုင်အမျိုးအစားနှင့် အလုပ်ရုံတည်နေရာများ ကွဲလွဲနေပါက ဖမ်းဆီးခံရမည် ဆိုသည်။

ထိုင်းစစ်အစိုးရက ပြီးခဲ့သည့် ဇွန်လမှစတင်၍ ထော်ရော် ၃၈/၁ ခေါ် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်နှင့် ယာယီနေထိုင်ခွင့်လက်မှတ်များ ပြုလုပ်ပေးခဲ့ရာတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၇၅% မပြည့်သေးဟု အလုပ်သမားရေးလှုပ်ရှားသူများက ခန့်မှန်းထားသည်။
၁ နှစ်သက်တမ်းခွင့်ပြုသော ထော်ရော် ၃၈/၁ ယာယီနေထိုင်ခွင့်လက်မှတ်ကို တစ်နေရာတွင်နေချင်းအပြီး One Stop Service စနစ်ဖြင့် ၂၀၁၅ မတ်လအထိ ထိုင်းအစိုးရက ပြုလုပ်ပေးနေမည်ဟု ဆိုသည်။

About မွန်သတင်းအေဂျင်စီ

Check Also

စက်ရုံပြောင်းရွှေ့မည့်အစား ရာဘာအနံ့ဆိုးများမရှိစေရေး အစိုးရညွှန်ကြားခဲ့

လူနေရပ်ကွက်အနီးရှိ ရာဘာစက်ရုံအချို့ပြောင်းရွှေ့ရမည့်ကိစ္စကို ရာဘာအနံ့ဆိုးများမရှိစေရေး ပြုလုပ်ထားရန် အစိုးရညွှန်ကြားခဲ့ကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းမှ သိရသည်။ Related

Leave a Reply

%d bloggers like this: