spot_img
Wednesday, May 8, 2024
More
    spot_img
    Homeသတင်းမွန်ကိုယ်စားလှယ်လောင်းများ အစိုးရသစ်ဖွဲ့ရန်အတွက် နေပြည်တော်သို့ သွားမည်

    မွန်ကိုယ်စားလှယ်လောင်းများ အစိုးရသစ်ဖွဲ့ရန်အတွက် နေပြည်တော်သို့ သွားမည်

    -

    မွန်ပါတီ၏ စည်းရုံးရေးခရီးစဉ်

    လဝီဝင် –  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားသည့် ကိုယ်စားလှယ်လောင်း ၆ ဦး ပါလီမာန်မှာ ပါဝင်ဖို့အတွက် နေပြည်တော်သို့ သွားမည်ဟု ပါတီဥက္ကဌက ပြောသည်။

    “စစ်အစိုးရက ဇန်နဝါရီ ၂၇ ရက်နေ့မှာ အစိုးရသစ်ဖွဲ့ဖို့အတွက် အစည်းအဝေးခေါ်တယ်၊ ကျနော်တို့ ကိုယ်စားလှယ်တွေ ၂၄ ရက်နေ့ နေပြည်တော်အရောက် သွားဖို့ ပြောထားတယ်၊ ကျနော်တို့လူတွေကတော့ ၁၉ ရက်နေ့မှာ မော်လမြိုင်ကနေထွက်မယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    ပါလီမာန်ဝင်မည့် ကိုယ်စားလှယ်လောင်း ၆ ဦးမှာ နိုင်လှအောင်၊ နိုင်သိန်းအောင်၊ မိမြင့်သန်း၊ နိုင်ကျော်သိန်း၊ နိုင်ထွန်းအုန်း၊ ဒေါက်တာဗညားအောင်မိုးတို့ဖြစ်ကြသည်။ ကိုယ်စားလောင်း ၆ ဦးမှာ ပြည်သူ့လွှတ်တော်မှ အနိုင်ရထားသူ ၃ ဦးနှင့် အမျိုးသားလွှတ်တော်မှ ၃ ဦး ပါဝင်သည်။

    “ပါလီမာန်မှာ ပါဝင်ဆွေးနွေးနိုင်ဖို့ ကျနော်တို့ အများကြီး ပြုပြင်ထားပါတယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၇၊ ၂၈ ရက်နေ့တွင် ပါတီအစည်းအဝေးပြုလုပ်ခဲ့ပြီး၊ အစည်းအဝေးမှာ ပါလီမာန်အတွက် တင်ပြဆွေးနွေးရန်နှင့် ပါတီအတွက် စီးပွားရေးလုပ်ကိုင်သွားနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၃၄ ဦး ပါဝင်ယှဉ်ပြိုင် ၁၆ ဦး အနိုင်ရရှိခဲ့သည်။ ကြိုတင်မဲတွေကြောင့် ရွေးကောက်ပွဲမှာ မျှော်မှန်းထားသလောက် ကိုယ်စားလှယ်လောင်း အနိုင်မရရှိခဲ့ကြောင်း ပါတီခေါင်းဆောင်က ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် မွန်ပြည်နယ်အတွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဓိက ပြိုင်ဘက်ပါတီတစ်ပါတီဖြစ်သည်။ မွန်ပါတီမှ ပြည်နယ်လွှတ်တော် ၇ ဦးအနိုင်ရပြီး၊ ကြံ့ဖွံ့ပါတီမှ ၁၄ ဦး အနိုင်ရရှိထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts