Sunday, March 15, 2026
More
    spot_img
    Homeသတင်းလာမည့် ဇန်နဝါရီလတွင်မွန်အမျိုးသားပါတီ ပထမအကြိမ်ညီလာခံ ကျင်းပမည်

    လာမည့် ဇန်နဝါရီလတွင်မွန်အမျိုးသားပါတီ ပထမအကြိမ်ညီလာခံ ကျင်းပမည်

    -

    လာမည့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် မွန်အမျိုးသားပါတီ Mon National Party ၏ ပထမအကြိမ်ညီလာခံ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မွန်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှု (၁) ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။
    ယင်းပါတီညီလာခံတွင် ပါတီ၏ ခေါင်းဆောင်သစ်များအသစ်ရွေးချယ်ခြင်း၊ ပါတီအလံ၊ တံဆိပ် အတည်ပြုခြင်း၊ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများနှင့် ပေါ်လစီပိုင်းဆိုင်ရာကိစ္စရပ်များ အပါအဝင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီကိ်ုယ်စားလှယ်များရွေး ချယ်ရေးအတွက်ကိုလည်း အဓိကထားဆွေးနွေးသွားမည်ဟု ဆိုသည်။

    ဒေါက်တာမင်းကြည်ဝင်းက “ပါတီအမည်သစ်နဲ့ ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ရည်ရွယ်ပြီးတော့ ဒီညီလာခံကို စီစဉ်လိုက်တာဖြစ်တယ်၊ ကျင်းပမယ့်နေရာက မသေချာသေးဘူး ရွေးတုန်းပဲ” ဟု ပြောသည်။

    အဆိုပါ ညီလာခံကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ – ၃၀ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပ ပြုလုပ်သွားမည်ဟု ဆိုသည်။

    ညီလာခံသို့ လက်ရှိဗဟိုကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ အမျိုး သမီးပါတီဝင်များ၊ လူငယ်အဖွဲ့ဝင်များနှင့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ် စုစုပေါင်း ၄၅၀ ခန့် တက်ရောက်လိမ့်မည်ဟု MNP အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ဆိုသည်။

    သူက “ပါတီကိုယ်စားလှယ်တွေကို ကျေးရွာအဆင့်ကနေ သက်ဆိုင်ရာ မြို့နယ်အဆင့်ကိုယ်စားလှယ်ရွေးချယ်နေပြီ” ဟု ပြောသည်။

    မွန်အမျိုးသားပါတီဗဟိုကော်မတီ အစည်းအဝေး အပတ်စဉ် ၄/၂၀၁၄(MNP)
    မွန်အမျိုးသားပါတီဗဟိုကော်မတီ အစည်းအဝေး အပတ်စဉ် ၄/၂၀၁၄(MNP)
    နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော မွန်အမျိုးသားပါတီ၏ ပါတီဗဟိုကော်မတီ အစည်းအဝေး အပတ်စဉ် ၄/၂၀၁၄ ၌ ညီလာခံကျင်းပရေးကော်မရှင်ကို ဗဟိုကော်မတီ ၁၁ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ နိုင်ချစ်ဦး ဥက္ကဋ္ဌ၊ နိုင်လယီတမ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့သည်ဟု သိရသည်။

    နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မွန်ဒီမိုကရေစီပါတီ MDP အား မွန်အမျိုးသားပါတီ MNP အမည်သို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က နေပြည်တော် ကြေညာချက်အမှတ် (၁၀/၂၀၁၄) ၁၃၇၅ ခုနှစ်၊ တပေါင်း လပြည့် ကျော် ၁၃ ရက် (၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်) နေ့စွဲဖြင့် ပြောင်းလဲခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks