spot_img
Wednesday, November 19, 2025
More
    spot_img
    Homeသတင်းရန်ပုံငွေဟု အကြောင်းပြကာ ကြံ့ဖွတ်များ ငွေတောင်းခံနေ

    ရန်ပုံငွေဟု အကြောင်းပြကာ ကြံ့ဖွတ်များ ငွေတောင်းခံနေ

    -

    မင်းအာသံ

    ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကြံ့ခိုင်ရေးအသင်းက ယခုနှစ်ဆန်းပိုင်းမှစပြီး ကြံခင်းရပ်ကွက်ရှိ လှေဂိတ်တွင် ရန်ပုံငွေအတွက်ဟု အမည်ခံပြီး ငွေတောင်းခံနေသည်။

    အဆိုပါဂိတ်တွင် စုစုပေါင်းလှေ ၂၄ စီး ပြေးဆွဲနေပြီး အလှည့်ကျစနစ်ဖြင့် တစ်ရက်လျှင် ၄ စီး ပြေးခွင့်ပြုကာ နှစ်ရက်တခါ ငွေစုပြီး ခွဲဝေယူကြသည်ဟု ဂိတ်နှင့် နီစပ်သူတစ်ဦးက ပြောသည်။

    “ပြေးဆွဲတဲ့ လှေတွေကို နှစ်ရက်တခါ ငွေစုတယ်၊ ရတဲ့ငွေအပေါ်မူတည်ပြီးတော့ ၈ ပုံ ပုံတယ်၊ လှေ ၈ စီးဆိုတော့ တယောက်တပုံပေါ့၊ ဒါပေမဲ့ အခုက ကြံ့ဖွတ်ရန်ပုံငွေဆိုပြီးတော့  သက်သက်တပုံဝင်ယူလိုက်တယ်၊ အဲဒီတော့ ၉ ပုံ ပုံရတယ်၊ လှေ ၈ စီးက ဆွဲလို့ရလာတဲ့ ပိုက်ဆံကို ၉ ပုံ ပုံရတယ်၊ သက်သက် ငွေဝင်ယူလိုက်တာပဲ”ဟု ၄င်းက ပြောသည်။

    ၄င်းအပြင် ထိုလှေဂိတ်မှာလည်း ကြံ့ခိုင်ရေးအသင်းအမည်ခံပြီး မဲဆောက်တစ်ဘက်ကမ်းမှ ဝင်လာသည့် ပစ္စည်းအပေါ်မူတည်ပြီး ရလာသည့်ငွေပမာဏမှ ၂၀ ရာခိုင်းနှုန်း ကောက်ယူနေသည်ဟု ထိုဂိတ်ရှိ လှေသမားနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “အဲဒီလှေဂိတ်မှာ ကြံ့ဖွတ်က လူတွေ လွှတ်ထားတာရှိတယ်၊ သူတို့လူယုံပေါ့ ရောက်သမျှပစ္စည်းတွေ ဆွဲသမျှလှေတွေ သူတို့ အကုန်သိတော့ ပိုက်ဆံတောင်းတယ်” ဟု ၄င်းက ပြောသည်။

    လှေသမားတို့သည် ခရီးသည်များကို မြဝတီတစ်ဘက်ကမ်းမှ မဲဆောက်တစ်ဘက်ကမ်းသို့ လက်မှတ်တစုံတရာမလိုဘဲ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန် သက်ဆိုင်ရာအာဏာပိုင်တို့မှ အခွန်ဆောင်ထားပြီးဖြစ်သည်။

    နှစ်ဆန်းပိုင်းမှစပြီး၊ မြဝတီမြို့ပေါ်ရှိ ကြံ့ဖွတ်အဖွဲ့ဝင်များသည် ရန်ပုံငွေဆိုပြီး မြဝတီမှ လိုင်ပြေးဆွဲနေသည့် အငှားဆိုင်ကယ်များကိုလည်း အင်္ကျီထုတ်ထားသေးသည်ဟု မြဝတီဒေသခံတို့က ပြောသည်။

    “အင်္ကျီတစ်ထည်ကို ၁၂၀၀၀ ကျပ် ပေးရတယ်၊ ဒီလိုမျိုးလုပ်တာ ဒါပထမဆုံးအကြိမ်ပဲ ဖြစ်တယ်၊ အရင်ကဆို စစ်မှုထမ်းဟောင်းအသင်းပဲရှိတယ်၊ အခုဆို ကြံ့ဖွတ်အသင်း တွေရှိလာနေပြီ” ဟု ၄င်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts