Thursday, March 12, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့ပေါ်မှအပ မွန်ပြည်နယ်ရေဘေးရှောင်သူအချို့နေအိမ်ပြန်နိုင်ပြီ

    ကျိုက်မရောမြို့ပေါ်မှအပ မွန်ပြည်နယ်ရေဘေးရှောင်သူအချို့နေအိမ်ပြန်နိုင်ပြီ

    -

    အေမီအောင် – မွန်ပြည်နယ် ရေဘေးရှောင်ပြည်သူများသည် ယခုအခါ နေအိမ်အသီးသီးသို့ ပြန်နေကြသော်လည်း ကျိုက်မရောမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း မွန်ပြည်နယ် ကယ်ဆယ်ရေးဌာနမှ ဦးသောင်းရွှေ ကပြောသည်။

    ကျိုက်မရောမြို့ပေါ်တွင် အိမ်ခြေ ၃၀ဝ ကျော်ရှိ လူဦးရေ ၁၅၀ဝ ကျော်ခန့် ရေဘေးရှောင်နေဆဲ ဖြစ်သည်ဟု သိရသည်။

    “လူတွေတော့ဘေးအန္တရာယ်မရှိနိုင်အထက်တန်းကျောင်းတစ်ကျောင်း ရေလွှမ်းခံနေရပုံ(Facebook) အထက်တန်းကျောင်းတစ်ကျောင်း ရေလွှမ်းခံနေရပုံ(Facebook)[/captioင်တော့ပါဘူး၊ ကြိုတင်ပြင်ဆင်မှုအနေနဲ့ အားလုံးကို ဘေးလွတ်ရာ၊ ရေလုံးဝ မရောက်နိုင်တဲ့နေရာတွေကို ရွှေ့ထားတယ်၊ ဆရာဝန်၊ သူနာပြု၊ ကြက်ခြေနီအဖွဲ့တွေက နေ့ညမပြတ် ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်” ဟု သူက ဆက်ပြောသည်။

    ကျိုက်မရောမြို့ပေါ် အထကကျောင်းတွင် ရေဘေးရှောင်များကို ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည့်အတွက် စာသင်ကျောင်းကိုလည်း ဆက်လက်ပိတ်ထားနေရသည်။

    ဦးသောင်းရွှေက “ကျိုက်မရောမှာ ၁ ပေ ၂ပေ လောက်ပဲရေကျသေးတယ်၊ ရေး နဲ့ ဘီးလင်းတို့မှာ ရေကျသွားပါပြီး၊ မူလအတိုင်းပြန်ဖြစ်လို့ သူ့အိမ်သူပြန် သွားကြပါပြီ၊”ဟု ပြောသည်။

    ရေဘေးရှောင်ပြည်သူများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေးအဖွဲ့များ ၊အလှူရှင်များမှ ငါးသေတ္တာ ၊ ခေါက်ဆွဲခြောက်၊ ဆန်အိတ်များ၊ ထမင်းထုပ်၊ သောက်ရေသန့်များ သွားရောက်လှုဒါန်းခဲ့ကြသည်။

    ထို့အပြင် ကျိုက်မရောမြို့နယ်၊ မြစ်ကမ်းအနီးရှိ ကျေးရွာများတွင် လယ်မြေများ ရေလွှမ်းမိုးခံနေဆဲဟု သိရသည်။

    ပြီးခဲ့သည့်သီတင်းပတ်၌ မွန်ပြည်နယ်အတွင်း ဘီးလင်း ၊ ကျိုက်မရော၊ ရေးမြို့နယ်များတွင် အိမ်ထောင်စု ၁၀ဝ၀ ကျော်ခန့် လူဦးရေ ၄၅၀ဝ ကျော်ခန့် နှင့် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်စောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်။

    အလားတူ ကရင်ပြည်နယ်အတွင်း ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ် ၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ကမမောင်းမြို့နယ်များတွင် အိမ်ထောင်စု ၆၇၀ဝ ကျော်ရှိ လူဦးရေ ၃၃၄၀ဝ ကျော်ခန့် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် မြန်မာပြည်တောင်ပိုင်းဒေသများ ဖြစ်ကြသော မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အနေရာအနှံ့ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks