Sunday, March 15, 2026
More
    spot_img
    Homeသတင်းသီးနှံဆိုင်ရာ ဓာတ်ခွဲခန်းများ ထူထောင်ပြီး စစ်ဆေးမှုများ ပြုလုပ်မည်

    သီးနှံဆိုင်ရာ ဓာတ်ခွဲခန်းများ ထူထောင်ပြီး စစ်ဆေးမှုများ ပြုလုပ်မည်

    -

    မင်းတော်လဝီ – အရည်အသွေးမမှီ စိုက်ပျိုးသုံးပစ္စည်းများ ဈေးကွက်အတွင်းဝင်ရောက်မလာရေးနှင့် သီးနှံထုတ်ကုန်များ၏ အရည်အသွေးပိုင်းဆိုင်ရာများ ကိုစစ်ဆေးနိုင်ရန် သီးနှံဆိုင်ရာဓာတ်ခွဲခန်းများကို ထားရှိနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

    မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ခရိုင်နှင့်မြို့ကြီးများတွင် သီးနှံဆိုင်ရာဓာတ်ခွဲခန်းများကို ထူထောင်သွားမှာဖြစ်ပြီး အထူး သဖြင့်အရည်အသွေးမမီသည့်အတုအပစိုက်ပျိုးရေးသုံးပစ္စည်းများနှင့်သီးနှံထုတ်ကုန်များ၏အရည်အသွေး ဆိုင်ရာများကို စစ်ဆေးရန်ဖြစ်သည်ဟုမုဒုံမြို့နယ်ကုန်သွယ်လယ်ယာရုံးမှတာဝန်ရှိ ဝန်ထမ်းတဦးက ပြော သည်။

    “စစ်ဆေးဖို့အစီစဉ်ရှိတယ်၊ ဓာတ်ခွဲခန်းကိုထူထောင်ဖို့ရှိတယ်လို့သိရတယ်၊ သက်ဆိုင်ရာ ဓာတ်ခွဲမှုဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းတွေ နဲ့စိုက်ပျိုးရေးဝန်ထမ်းတွေလည်းပူးပေါင်းကြမယ်”ဟု ဝန်ထမ်းကပြောသည်။

    သီးနှံစုံစိုက်ပျိုးနေသည့် တောင်သူလယ်သမားများသာမက စားသုံးသူများအပါအဝင် စိုက်ပျိုးရေး ထုတ်ကုန်များ ပြည်ပဈေးအရည်အသွေးမီသီးနှံဖြစ်ရန်အတွက် စစ်ဆေးမှုပြုလုပ်ဖို့ ဓာတ်ခွဲခန်းလိုသည်ဟုပြောသည်။

    တဖက်တလမ်းက သီးနှံရောင်းဝယ်ဖေါက်ကားရေးဆိုင်တာ သတင်းအချက်အလက်များကိုလည်း ဓာတ်ခွဲ စခန်းမှတဆင့် သိရှိနိုင်သည်။

    ဒါ့ပြင်မသိနားမလည်သည့်တောင်သူလယ်သမားများ၏လက်ဝယ်မှာအသုံးပြုနေသည့်အရည်အသွေးမမီ အတုအပများဖြစ်သည့်ဓာတ်မြေပိုးသတ်ဆေးများကို နည်းလမ်း၄သွယ်ဖြင့် ရောက်ရှိရေသည်ဟု ဒေါက်တာ စိုး ထွန်း ဥက္ကဌ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းက ပြောသည်။

    “ပထမနည်းလမ်းက နယ်စပ်ကဝင်ရောက်လာတဲ့ ပစ္စည်များ၊ ဒုတိယက ဝယ်ရောင်းသူလက်ထဲရောက်ပြီးလက် ကားဖြန့်ချီနေ၊တတိယကကျေးရွာ၊မြို့နယ်၊ခရိုင်က အရောင်းဆိုင်တွေက ရောင်းချပေးနေ၊စတုတ္ထက တောင်သူ လက်ထဲမှာရှိနေတဲ့ ဓါတ်မြေပိုးသတ်ဆေးတွေကို စစ်ဆေးဖို့ လိုတယ်”ဟု ပြောသည်။

    ယင်းဓါတ်မြေ ပိုးသတ်ဆေးများသည် ဆေးအညွှန်းတွင်မြန်မာစာများ မပါရှိသည့်အပြင် တရုတ်စာ ထိုင်းစာများ သာပါဝင်နေသဖြင့်တရားဝင်နည်းလမ်းများမှအများဆုံးတင်သွင်းလာတာဖြစ်ပြီး ဆက်လက်အရေးယူမှုတွေ ပြုလုပ်ဖို့လိုသည် ဟု ဆက်ပြောသည်။

    ဓာတ်ခွဲခန်းထူထောင်ပြီးစစ်ဆေးမှုတွေပြုလုပ်ရာမှာ စိုက်ပျိုးရေးပစ္စည်းများ အတုအပတွေ၊ မသုံးသင့်သည့် ပစ္စည်းများကိုကြိုတင်တားမြစ်နိုင်သည့်အခါတောင်သူတွေအကျိုးရှိပြီး တဖက်ကလည်းသီးနှံအရည်အသွေးပို ကောင်းလာမည်ဟု မော်လမြိုင် ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းတဦးကပြောသည်။

    “ဓာတ်ခွဲခန်းစမ်းသပ်ဖို့က ဓာတ်ခွဲပညာရှင်တွေကအဓိကလုပ်ရမှာ၊ ဒါပေမယ့် အရောင်းဆိုင်မှာ တင်ရောင်း နေတဲ့ ပစ္စည်းတွေက လယ်ဆည်ဝန်ကြီးဌာနမှာ ပိုးသတ်ဆေးသုံးစွဲမှုကာကွယ်ရေး ဥပဒေရှိနေလို့ စိုက်ပျိုး ရေး ဝန် ထမ်းတွေက စစ်ဆေးဖေါ်ထုတ် ပြီး အာဏာပိုင်တွေက ဆက်လက်အရေးယူလို့လိုတယ်” ဟုပြောသည်။

    ထိုနည်းတူ နယ်စစ်ကုန်သွယ်ရေးမှ တဆင့် တင်သွင်းလာသည့် တရားမဝင်ဓါတ်မြေ ပိုးသတ်ဆေးများကို စီး ပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နယ်စပ်ကုန်သွယ်မှုစစ်ဆေးရေးဌာနကပဲ စစ်ဆေးမှုတွေ၊ တား ဆီးမှုတွေ ၊အရေးယူမှုတွေ လုပ်ရန်လိုသည်ဟုလည်း ဒေါက်တာစိုးထွန်းကပြောသည်။

    မြန်မာနိုင်ငံတွင်လယ်ယာသုံးသွင်းအားစုများဖြစ်သည့် ဓါတ်မြေသြဇာ ပိုးသတ်ဆေး များကို ယခင်က မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း၊ဝယ်ယူဖြည့်တင်း ဖြန့်ရေးလုပ်ငန်းဌာနမှအဓိကဖြန့်ဖြူခဲ့သည်။ယခုအခါ ဓာတ်မြေသြဇာ အ သင်းမှကုမ္ပဏီများကိုတင်သွင်းခွင့်ပေးပြီးလယ်သမားများကိုရောင်းချပေးသည်။ပိုးသတ်ဆေးများလည်းတရားဝင် တင်သွင်းရသည့်ကုမ္ပဏီများက တင်သွင်းခွင့်ရှိသလို နည်းမျိုးစံဖြင့် တရားမဝင် တင်သွင်းလာသည့် ပိုးသတ် ဆေးများစွာလည်း ရှိနေသည်ဟု မော်လမြိုင်ခရိုင်စိုက်ပျိုးရေးအရာရှိဟောင်းတဦးကပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks