spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းမွန်လူဦးရေစာရင်းအမှန် ကောက်ယူရေး အကြံပြုဆွေးနွေးပွဲကျင်းပ

    မွန်လူဦးရေစာရင်းအမှန် ကောက်ယူရေး အကြံပြုဆွေးနွေးပွဲကျင်းပ

    -

    ခတ္တာနန်း – ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မွန်လူမျိုးတို့၏ လူဦးရေစာရင်းကောက်ယူရေး စီမံချက်အရ မွန်လူဦးရေစာရင်းအမှန် ကောက်ယူရေး အကြံပြုဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

    မွန်လူမျိုးလူဦးရေစာရင်းကောက်ယူရေး စီမံခန့်ခွဲမှု ဒါရိုက်တာ မင်းစိုးအောင်က “မွန်လူဦးရေစရင်း ကောက်ဖို့အတွက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ခွင့်ပြုလွှာတင်းထားတယ်၊ ပြီးခဲ့တဲ့အပတ်က နှုပ်မိန့်နဲ့ ခွင့်ပြုချက်ရပြီးပါပြီး” ဟု ပြောသည်။

    ရန်ကုန်မြို့-မွန်အမျိုးသားနေ့ အခမ်အနား (Internet)
    ရန်ကုန်မြို့-မွန်အမျိုးသားနေ့ အခမ်အနား (Internet)
    ယမန်နေ့က စတင်စမ်းသပ်စရင်းကောက်ယူရာ အိမ်ထောင်စု ၃၀ ၌ ၁၀ စုသာ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတွင် မွန်လူမျိုးဟု စရင်းအမှန်ဖြစ်ကြောင်း၊ ကျန်သည့် အိမ်ထောင်စု ၂၀ စုမှာ စရင်းများ လွဲမှာနေကြောင်း မင်းစိုးအောင်က ဆက်ပြောသည်။

    ထိုသို့ မှားယွင်းရခြင်းမှာ တစ်ချို့သော မွန်လူမျိုးများမှာ မွန်ပြည်နယ်မှ ပြောင်းရွှေလာကြသော်လည်း မှတ်ပုံတင်တွင် “ဗမာဗုဒ္ဓ” ဟူ၍ ဖော်ပြထားသည့် မိသားစု များလည်း ရှိကြောင်း၊ တစ်ချို့တွင် မှတ်ပုံတင်တွင် “မွန်ဗုဒ္ဓ” ဟူဖော်ပြထားသော်လည်း သန်းခေါင်စာရင်းတွင် “ဗမာဗုဒ္ဓ” ဟူ၍ မှာယွင်း ဖြည့်ထားသည့် သူများ ရှိကြောင်း သိရသည်။

    စရင်းကောက်ယူရေး နှင့်ပတ်သက်၍ “ရန်ကုန်မှာ ရှိတဲ့ မွန်မြို့မိ မြို့ဖတွေကို ကျနော်တို့ ပြုစုထားတဲ့ Proposal နဲ့ Work plan တွေကို ချပြတယ်၊ သူတို့ကနေ အကြံအညံတွေကို ယူတယ်၊ work plan မှာကတော့ ဂျူလိုင်လ ၁ ရက်ကစပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာ အပြီးသတ်ဖို့ သတ်မှတ်ပြီးသားပါ” ဟု မင်းစိုးအောင်က ဆက်ပြောသည်

    မင်းစိုးအောင်က ရန်ကုန်မြို့ စည်းပင်သာယာရေး နယ်နိမိတ် ၃၄ မြို့နယ်တို့ကို ဦးစားပေး စရင်းကောက်ယူသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့အပြင်ပိုင်းရှိ မှော်ဘီ၊ လှည်းကူးကဲ့သို့သော် မြို့နယ်များတွင်လည်း ဆက်လက် ကောက်ယူသွားမည်ဖြစ်ကြောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သာကေတမြို့နယ်နှင့် ရွှေပြည်သာတို့သော မြို့နယ်များတွင် မွန်လူမျိုးများ အများစု နေထိုင်ကြကြောင်း သိရသည်။

    “ဒီစာရင်းကောက်ယူတာနဲ့ပတ်သက်ပြီးတော့ သိတတ်နားလည်ပြီးတော့ လက်ခံတဲ့လူတွေလည်း အများကြီးရှိပါတယ်၊ တစ်ချို့မသိတဲ့လူတွေလည်း ရှိပါတယ် သူတို့တွေ သိရှိဖို့အတွက်ကိုလည်း ဆက်လက် ကြေညာသွားမှာပါ” ဟု မင်းစိုးအောင်က ပြောသည်။

    မွန်လူမျိုးစာရင်းကောက်ယူမှုနှင့်ပတ်သက်၍ မဂ္ဂဇင်းများ၊ ဂျာနယ်များတွင် ပန်ကြားလွှာများ ကြေညာများ ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ လက်ကမ်းစာစောင်များကိုလည်း ရိုက်နှိပ်ဖြန့်ဝေသွားမည်းဖြစ်ကြောင်း သိရသည်။

    မွန်လူဦးရေစာရင်း ကောက်ယူရေး ဦးဆောင်ကော်မတီဝင်အဖွဲ့မှ မိခင်လေးမြင့်က “လွှတ်တော်ကိုယ်စားလှယ်ရဖို့က အဓိကမဟုတ်ဘူး ကိုယ့်လူမျိုးတွေရဲ့ လူဦးရေစာရင်းကို အဓိကသိချင်တာပါ၊ မွန်လူမျိုးဖြစ်ရင် မွန်ဖြစ်ကြောင်း ဖော်ပြနိုင်ရမယ်၊ သန်းခေါင်စာရင်းမှာလည်း မွန်ဖြစ်ရမယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ အခုလို ကူညီလုပ်ဆောင်နေကြတာပါ” ဟု ပြောသည်။

    လာမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားလွှတ်တော်အမတ်တစ်ဦး ရရှိရေးအတွက် လွဲမှားနေသည့် အိမ်ထောင်စုစာရင်းပါ အချက်အလက်များ ပြန်လည်စိစစ်၍ မွန်လူဦးရေစာရင်း တရားဝင်ပြုစုနိုင်ရန် ရည်ရွှယ်ကြောင်း သိရသည်။

    ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်လူမျိုး၏ စုစုပေါင်း လူဦးရေမှာ ၁သိန်းခွဲမှ ၂ သိန်းဝန်းကျင်ခန့်ရှိကြောင်း မွန်လူမျိုးလူဦးရေစာရင်း ကောက်ယူရေး ကောက်မတီမှ ခန့်မှန်းထားပါသည်။

    အလားတူ မွန်တိုင်းရင်းသားတို့ နေထိုင်ရာ ပဲခူးတိုင်းဒေသကြီးတွင်လည်း မွန်လူဦးရေစာရင်း ကောက်ခံနိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks