Saturday, March 14, 2026
More
    spot_img
    Homeသတင်းပဲခူးမြို့နယ် ပညာရေးဖေါင်ဒေးရှင်း(မွန်)ကို ဖွဲ့စည်းပြီးစီး

    ပဲခူးမြို့နယ် ပညာရေးဖေါင်ဒေးရှင်း(မွန်)ကို ဖွဲ့စည်းပြီးစီး

    -

    မင်းတော်လဝီ – ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ် တွင်းရှိချို့တဲ့နွမ်းပါးသည့် မွန်မိသားစုကလေးများအတွက် ဆက်လက်ပညာသင် ကြားနိုင်ရန်ပဲခူးမြို့နယ်ပညာရေး ဖေါင်ဒေးရှင်းအဖွဲ့(မွန်)ကို ၂၀၁၃ခုနှစ် ဧပြီလမှ စ၍ ဖွဲ့စည်းပြီး အကူအညီများထောက်ပံ့ပေး သွားမည်ဟု သိရသည်။

    ပညာသင်ကြားရေးမှာ လောကီအတန်းပညာရေး သာမက လောကုတ္တရာပညာရေးကို ဆည်းပူး လေ့လာ နေ သောရဟန်း၊သာမဏေနှင့်သီလရှင်များအပါအဝင် ဆက်လက်ပညာသင်ကြားနိုင်ရန် ပညာရေးဖေါင်ဒေးရှင်းမှ ထောက်ပံ့ပေးသွားရန် စီစဉ်ထားသည်ဟု ပဲခူးမြို့နယ်ပညာရေးဖေါင်ဒေးရှင်း နာယက အဖွဲ့မှ နိုင်မြင့်သောင်းက ပြောသည်။

    “ပဲခူးမြို့ပေါ်နဲ့ ပဲခူးမြို့နယ်ကျေးရွာများမှာရှိနေတဲ့ ချို့တဲ့နွမ်းပါးမွန်မိသားစုတွေရဲ့သားသ္မီးတွေ ဆက်လက် ပညာ မသင် ကြား နိုင်ရင် ဒီဖေါင်ဒေးရှင်းကနေ အထောက်ပံ့ပေးသွားပါ့မယ်” ဟုနိုင်မြင့်သောင်းကပြောသည်။

    ပဲခူးမြို့နယ် ပညာရေးဖေါင်ဒေးရှင်းကို ပဲခူးမြို့ ပန်းခြံကုန်းရပ်ရှိ ပဲခူးအလယ်မွန်ကျောင်းတွင် ဖွင့်လှစ်ထားရှိပြီး ဆရာတော်များ၏ အနီးကပ်ကြီးကြပ်မှုအောက်တွင်တည်ရှိနေခြင်းကြောင့် အဖွဲ့၏ရေရှည်တည်တံ့မှုကိုပိုကောင်း မွန်စေနိုင်သလို ပဲခူးအလယ်မွန်ကျောင်းသည် ပဲခူးမြို့၏ ဗဟိုချက်ဖြစ်နေ၍ မြို့နယ်အတိုင်းအတာဖြင့် ဆက် သွယ်ရေးမှာ လွယ်ကူသည်ဟု အဖွဲ့ဝင်များကပြောသည်။

    ပဲခူးမြို့နယ်ပညာရေးဖေါင်ဒေးရှင်းကို စတင်ဖွဲ့စည်းသည့်တစ်နေ့တည်းမှာပင် မွန်စေတနာရှင်များ ထည့်ဝင် လှူ ဒါန်းငွေကျပ်သိန်းပေါင်း ၃၀ ကျော်လက္ခံရရှိထားပြီ မွန်စေတနာရှင်များကဆက်လက်ထည့်ဝင်သွားဦးမည် ဟု သိရသည်။

    ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစပြီး ချို့တဲ့နွမ်းပါးကလေးတွေကို ပညာသင်စရိတ်အထောက်အပံ့ ပေးသွားနိုင်ရန် လောလောဆယ်မှာ စာရင်းလိုက်ကောက်နေပြီဟု ပြောသည်။

    ဒါ့ပြင်ဤဖေါင်ဒေးရှင်းအနေဖြင့်မွန်ကလေးများထဲကအတန်းပညာထူးချွန်အောင်မြင်သူဥပမာ၁၀တန်းစာမေးပွဲကို ထူးချွန်အောင်မြင်သူကိုဆုပေးပြီးဆက်ပညာ သင်နိုင်ရန်ထောက်ပံ့ပေးမှုနှင့်် မွန်ပရိယတ္တိပညာရေးဓမ္မာစာရိယစာချတန်းအောင်မြင်သည့်ရဟန်းသံဃာတော်များကိုလည်းဆုတော်လှူဒါန်းပူဇော်သွားမည်ဟုလည်းနိုင်မြင့်သောင်း ကပြောသည်။

    ပဲခူးမြို့နယ် ပညာရေးဖေါင်ဒေးရှင်အဖွဲ့တွင် နာယက လူကြီးများအဖြစ် နိုင်စိုးသိန်း(အငြိမ်းစားတိုင်းတရားသူကြီး) နိုင်မင်းကြည်(တရားရုံးချုပ်ရှေ့နေ)နိုင်မြင့်သောင်း(အငြိမ်းစားမြိုနယ်မှူးလဝက)ဦးငြိမ်း(လုပ်ငန်းရှင်)နိုင်စံလှိုင် (လုပ်ငန်းရှင်) တို့ပါဝင်ပြီးဥက္ကဌအဖြစ်နိုင်မောင်ခိုင်နှင့်အဖွဲ့ဝင် (၇)ဦးဖြင့်ဖွဲ့စည်း ထားသည်ဟုသိရသည်။

    ယခုအခါ ပဲခူးမြို့ပေါ်မှာသာ ငွေကြေးထည့် ဝင်လှူဒါန်းမှုကိုလက်ခံ ရရှိထားသော်လည်း ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပြည်ပရောက်အလုပ်လုပ်ကိုင်နေသည့် မွန်များထံမှလည်း ငွေကြေးထောက်ပံ့မှုကို ရရှိလာမည် ဟု ဖေါင်ဒေးရှင်းအဖွဲ့ဝင် တဦးကပြောသည်။

    ထိုနည်းတူ ပဲခူးမြို့နယ် မွန်သာရေးနာရေး အသင်းကိုလည်း ၂၀၁၃ မေလက ဖွဲ့စည်းခဲ့ပြီ ယခုအခါ နာရေး ကိစ္စ ရပ်များကို ကူညီဆောင်ရွက်ပေးနေပြီဖြစ်သည်။

    ပဲခူးမြို့သည် မွန်လူမျိုးတို့၏မြို့တော်ဖြစ်ခဲ့ပြီးမွန်စကားပြောသူ လူဦးရေသုံးသောင်းကျော်နှင့် မွန်စကားမပြောသူ လူဦးရေသုံးသောင်းကျော်အပါအဝင်ပဲခူးမြို့နယ်တွင် မွန်လူဦးရေခြောက်သောင်းကျော်ခန့် နေထိုင်နေသည်ဟု ခန့် မှန်းရကြောင်းကို ပဲခူးမြို့မွန်စံပြရပ်မှ မွန်သက်ကြီးများပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks