spot_img
Thursday, November 20, 2025
More
    spot_img
    Homeသတင်းမွန်ဒီမိုကရေစီပါတီ၊ပေါင်မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပြီး

    မွန်ဒီမိုကရေစီပါတီ၊ပေါင်မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပြီး

    -

    နဒီမွန် – မွန်ဒီမိုကရေစီပါတီ MDP ၊ ပေါင်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ကို သံဃာတော်တို့အား ဆွမ်းကျွေးအခမ်းအနားတစ်ရပ်ပြုလုပ်၍ ယနေ့တွင် ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

    မွန်ဒီမိုကရေစီပါတီရုံးချုပ်ဆိုင်းဘုတ်တင်ပွဲ
    ယင်းအခမ်းအနားကို ပေါင်မြို့ ၊ မဂ္ဂင်လမ်းနေ နိုင်ကျော်သိန်းနေအိမ်၌ နံနက် ၉ နာရီအချိန်မှ နေ့လည်ပိုင်းအထိကျင်းပခဲ့ရာ ပေါင်မြို့ပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ တစည၊ ပြည်ခိုင်ဖြိုးပါတီတို့နှင့် စိတ်ပါဝင်စားသူသုံးရာနီးပါးခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

    သဘာပတိအဖြစ်မွန်ဒီမိုကရေစီပါတီဒု-ဥက္ကဌ(၂) နိုင်တင်အောင်၊ အဖွဲ့ဝင်များအဖြစ် အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း ၊ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်း ၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် နိုင်လယီတမနှင့် နိုင်စိုးမြင့်တို့နှင့် အခမ်းအနားမှူးအဖြစ် နိုင်ဟံသာဝန်က ဆောင်ရွက်သည်။

    “သဘာပတိက လက်ရှိနိုင်ငံရေးအခြေအနေနဲ့ မွန်ဒီမိုရဲ့နိုင်ငံရေးလမ်းစဉ်အကြောင်းတွေကိုရှင်းပြပါတယ်၊ ပါတီနှစ်ဖွဲ့ပေါင်းစည်းရေးအခြေအနေကို မေးမြန်းပြောဆိုတာမရှိပါဘူး” ဟု မွန်ဒီမိုကရေစီပါတီအဖွဲ့ဝင် နိုင်ထောရော့က ပြောသည်။

    မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့အမြန်ဆုံးပူးပေါင်းသွားနိုင်ရန် မွန်ပြည်သူများ အထူးစိတ်ဝင်စားနေကြသော်လည်း ယခုအခမ်းအနားတွင် မေးမြန်းသူမရှိဟု သိရသည်။

    ပေါင်မြို့နယ်အလုပ်အမှုဆောင် ၁၉ ဦးအနက် ဥက္ကဌအဖြစ် နိုင်အုန်းမြိုင်နှင့် အထွေထွေအတွင်းရေးမှူးနိုင်မြင့်ဦးတို့ကို အခမ်းအနားတွင် တင်မြှောက်ကြသည်။

    အလားတူ သံဖြုဇရပ်၊ မုဒုံနှင့် သထုံမြို့တို၌ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး လက်ရှိ မွန်ဒီမိုကရေစီပါတီဝင် သုံးထောင်ခန့်ရှိပြီဟု သိရသည်။

    “မနက်ဖြန်ဖားအံမြို့နယ်အတွက် ဇာသပြင်ရွာမှာသွားဖွဲ့မယ် ၊ လာမယ့်၂၄ ရက်နေ့မှာခေါ်ဇာမြို့နယ်ခွဲနဲ့ ၂၉ ရက်နေ့ကျယင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွက် တောင်ပေါက်ရွာမှာ ကျနော်တို့သွားဖွဲ့စည်းမယ်” ဟု နိုင်စိုးမြင့်က ပြောသည်။

    နေပြည်တော်ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ်(၃၄/၂၀၁၂)အရ လာမည့်အောက်တို ဘာ ၁၀ ရက်နေ့မတိုင်မီတွင် မွန်ဒီမိုကရေစီပါတီက အနည်းဆုံးပါတီဝင်အင်အားစာရင်းတစ်ထောင်ကို ရွေးကောက်ပွဲကော်မရှင်ထံတင်ပြရမည်ဖြစ်သည်။

    မွန်ဒီမိုကရေစီပါတီအမည်သစ်ပြောင်းခဲ့သော ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ သည် ယခင်ပါတီဝင်ဦးရေ သောင်းဂဏန်းနှင့်ချီ၍ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts