spot_img
Tuesday, July 8, 2025
More
    spot_img
    Homeသတင်းမွန်ဒီမိုကရေစီပါတီ အရေးပေါ် ဗဟိုကော်မတီအစည်းဝေးကျင်းပ

    မွန်ဒီမိုကရေစီပါတီ အရေးပေါ် ဗဟိုကော်မတီအစည်းဝေးကျင်းပ

    -

    ဂျူရီချိုင်း – နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့သည့် မွန်ဒီမိုကရေစီပါတီ (MDP) ကို မြို့နယ်အဆင့် ရုံးများ ဖွင့်လှစ်ရန်အတွက် ယနေ့တွင် ဗဟိုကော်မတီအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။

    မွန်နိုင်ငံရေးနှစ်ပါတီ သဘောတူလက်မှတ်ရေးထိုးနေကြစဉ်။
    မွန်နိုင်ငံရေးနှစ်ပါတီ သဘောတူလက်မှတ်ရေးထိုးနေကြစဉ်။
    ယင်းအစည်းအဝေးကို မွန်ပြည်နယ် မော်လမြိုင်မြို့ ဒေါင်းဇရပ် ရပ်ကွက်ရှိ အထွေထွေအတွင်း ရေးမှူး ဒေါက်တာမင်းစိုးလင်း၏ နေအိမ်တွင် ပြုလုပ်ခဲ့ကြသည်။

    အစည်းအဝေးသို့ ဥက္ကဌ နိုင်ငွေသိမ်း၊ ဒုဥက္ကဌ (၁) နိုင်သက်လွင်၊ ဒုဥက္ကဌ (၂) နိုင်တင်အောင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းအပါအဝင် ဗဟိုကော်မတီ အဖွဲ့ဝင် ၄၃ ဦးခန့် တက်ရောက်ကြသည်ဟု နိုင်စိုးမြင့်က ပြောသည်။

    ၎င်းက “ရုံးချုပ်ဖွင့်ဖို့နဲ့ မြို့နယ်အဆင့်မှာ ရုံးဖွင့်တဲ့အခါ ဘယ်မြို့နယ်က ဘယ်သူတာဝန်ယူဖို့အတွက် ရွေးချယ်ပြီး အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်တယ်” ဟု ပြောသည်။

    (MDP) ဗဟိုရုံးချုပ်အဖြစ် ဖွင့်လှစ်ထားရှိသည့် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မြိုင်သာယာ ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်း အမှတ် (၁၈၁) တွင် ဆောက်လုပ်နေဆဲ ဖြစ်သည့်အတွက် လက်ရှိ ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့်၏ နေအိမ်တွင် ယာယီရုံးချုပ်အဖြစ် သတ်မှတ်ပြီး လာမည့် ဇူလိုင်လ (၂၂) ရက်နေ့တွင် ရုံးချုပ်ဖွင့်လှစ်မည့် အခမ်းအနားတစ်ရပ် ကျင်းပရန် ဆုံးဖြတ်ထားခဲ့သည်။

    ဗဟိုရုံးချုပ် ဖွင့်လှစ်ပြီးနောက် ဆယ်မြို့နယ်ရှိ နယ်အဆင့်ရုံးများ စတင်ဖွင့်လှစ်သွားမည် ဖြစ်ပြီး ပါတီဝင်အင်အား တစ်ထောင်စာရင်းတင်ရန်လည်း အဆင်သင့်ဖြစ်ကြောင်း နိုင်စိုးမြင့်က ပြောသည်။

    မွန်ဒီမိုကရေစီပါတီ (MDP) သည် ၂၀၁၂ ဇူလိုင်လ ၁၀ ရက်နေ့မှ စ၍ နိုင်ငံရေးမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင်ပြုကြောင်း နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ကြေညာချက်အမှတ် (၃၄/၂၀၁၂) ဖြင့် အစိုးထုတ် မြန်မာ့အလင်းသတင်းစားတွင် ဖော်ပြထားသည်။

    မွန်ဒီမိုကရေစီပါတီ (MDP) ပါတီတွင် ဂုဏ်ထူးဆောင်နာယက နိုင်ထွန်းသိန်း၊ ဥက္ကဌ နိုင်ငွေသိမ်း၊ ဒု-ဥက္ကဌ (၁) နိုင်သက်လွင်၊ ဒု-ဥက္ကဌ (၂) နိုင်တင်အောင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း၊ တွဲဖက်အတွင်းရေးမှူး (၁) ဒေါက်တာမင်းကြည်ဝင်း၊ တွဲဖက်အတွင်းရေးမှူး (၂) မင်းစိုးဝင်း (ခေါ်) မွန်ရာဇာ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးပါရှိသည့် ဗဟိုကော်မတီဝင် ၅၄ ဦးဖြင့် ဖွဲ့စည်းထားသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်းတွင် တရားဝင်ပါတီမှ ဖျက်သိမ်းခံလိုက်ရပြီး ပြီးခဲ့သည့်ဧပြီလတွင် မွန်ဒီမိုကရေစီပါတီ (MDP) အမည် အသစ်ဖြစ် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts