spot_img
Thursday, November 20, 2025
More
    spot_img
    Homeသတင်းကျောင်းချိန်ပြင်ပ သင်ကြားခြင်းသည် ကျောင်းသားစိတ်ဝင်စားမှု နည်းနိုင်မည်ဟု မွန်ပညာရေး ဆောင်ရွက်ရေးအဖွဲ့မှဆို

    ကျောင်းချိန်ပြင်ပ သင်ကြားခြင်းသည် ကျောင်းသားစိတ်ဝင်စားမှု နည်းနိုင်မည်ဟု မွန်ပညာရေး ဆောင်ရွက်ရေးအဖွဲ့မှဆို

    -

    နဒီမွန် – မွန်လူမျိုးကျောင်းသားကျောင်းသူများအနေဖြင့် အစိုးရစာသင်ကျောင်းချိန်ပြင်ပတွင် မွန်တိုင်းရင်းသားစာပေသင်ကြားရန် စိတ်ဝင်စားမည်မဟုတ်ကြောင်း မွန်ပညာရေး ဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူး နိုင်လယီတမက ခန့်မှန်းသည်။

    မူလတန်းကျောင်းသားများ(Photo:Internet)
    ပုံမှန်ကျောင်းချိန်ပြီးဆုံးပြီး ညနေပိုင်းတွင် မွန်တိုင်းရင်းသားစာပေကို တစ်နာရီကြာ သင်ကြားရန် စီစဉ်ထားကြောင်း နိုင်လယီတမက ပြောသည်။

    ၎င်းက ”ကျောင်းလွှတ်ပြီးချိန်မှ သင်မယ် ဆိုရင် ကျောင်းသားတို့က သင်ယူလို့နိုင်မှာ မဟုတ်တော့ ဘူး အချိန်လွန်သွားပြီးဆိုတော့။ ဒါနဲ့ပတ်သက်ပြီး ဒီအတိုင်းသွားမယ်ဆိုရင်လည်း အကျိုးရှိမှာ မဟုတ်ဘူး” ဟု ပြောသည်။

    သို့သော် စနစ်တကျ သင်ကြားပေးနိုင်ပါက ကျောင်းသူကျောင်းသားများအနေဖြင့် စိတ်ဝင်စားလာနိုင်မည်ဖြစ်သည်ဟု မွန်ပြည်နယ် လွှတ်တော်အမတ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

    ၎င်းက“ကျနော်တို့ဘက်ကနေပြီးတော့ ပံ့ပိုးပေး ရမှာကတော့ သင်ကြားပေးရမယ့်ဆရာရယ်၊ တကယ်သင်ကြားပေးရမယ့် နည်းစနစ်ရယ်ပေါ့ ရွေးချယ်နိုင်ရင် (ကျောင်းသူကျောင်းသားတွေက) စိတ်ဝင်စားလာနိုင်ပါတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့်မေလ နေပြည်တော်ရှိ အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာမြအေးက တိုင်းရင်းသားများ၏ သက်ဆိုင်ရာဘာသာအသီးသီးကို မူလတန်းအဆင့်တွင် ပုံမှန်ကျောင်းချိန်ပြင်ပ၌ သင်ကြားခွင့်ပြုခဲ့သည်။

    သင်ခန်းစာနှင့် သင်ရိုးညွှန်းတမ်းများကို ကျောင်းသုံးစာအုပ်ကော်မတီက ဦးဆောင်၍ သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းတို့က ပူးပေါင်းရေးဆွဲပြုစုသည်။

    ထို့နောက် ပညာရေး ဝန်ကြီးထံသို့ တင်ပြပြီး ၎င်းတို့၏ တိုင်းရင်းသားစာပေအသီးသီးကို သင်ကြားခွင့်ရ ရမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts