spot_img
Thursday, November 20, 2025
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီခေါင်းဆောင်များ လူထုသဘောထားကောက်ခံနေ

    မွန်ပြည်သစ်ပါတီခေါင်းဆောင်များ လူထုသဘောထားကောက်ခံနေ

    -

    ဂျူရီချိုင်း – မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာဒေသနှင့် ဆက်စပ်ရာမြို့နယ်အချို့တွင် ပါတီထိပ်ပိုင်း ခေါင်းဆောင်များက လူထုသဘောထားများကောက်ခံနေကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။

    ယခုလဆန်းပိုင်းမှစတင်၍ မွန်ပြည်သစ်ထိပ်ပိုင်းခေါင်းဆောင်များဦးဆောင်ပြီး မွန်ပြည်သစ်ဗဟိုဌာနချုပ်ပတ်ဝန်းကျင်ဒေသ၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်ရှိ ကျေးရွာများနှင့် မြို့ပေါ်များတွင် မွန်လူမှုအဖွဲ့အစည်းများအပါအဝင် ဒေသခံများကိုရှင်းလင်းပွဲပြုလုပ်၍ သဘောထားကောက်ယူနေကြသည်ဟု နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းက ပြောသည်။

    ©IMNA
    မွန်ပြည်သစ်ပါတီအတွင်းရေးမှူး နိုင်ဟံသာ ရှင်းလင်းပြောကြားခဲ့စဉ်

    ၎င်းက “အဓိက မွန်ပြည်သူလူထုတွေနဲ့တွေ့ဆုံပြီး အကြံဉာဏ်တွေတောင်းခံမှာပါ၊ အခုလိုအပစ်အခတ်ရပ်စဲရေးကာလမှာ လူထုတွေက ဘယ်လိုမျိုးနေရာတွေမှာ သဘောမကျတာရှိလဲ၊ မွန်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် သူတို့ရဲ့ အထင်အမြင်သဘောထားအကြံပြုချက်တွေကို ဆွေးနွေးကြမယ်” ဟု ပြောသည်။

    အထက်ပါ လူထုသဘောထားကောက်ခံနေမှုကို မွန်ပြည်သစ်ပါတီဒေသအဖြစ်သတ်မှတ်သည့် သထုံခရိုင်လက်အောက်ခံ မော်လမြိုင်၊ ကျိုက်မရော၊ ပေါင်၊ ကော့ကရိတ်၊ ဖားအံမြို့နယ်များ၊ မော်လမြိုင်ခရိုင်လက်အောက်ခံ သံဖြူရပ်၊ မုဒုံ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထားဝယ်ခရိုင်လက်အောက်ခံ ရေး၊ ရေဖြူ၊ ဘုရားသုံးဆူမြို့နယ်နှင့် မွန်ပြည်သစ် ဗဟိုဌာနထိန်းချုပ်ရာပတ်ဝန်းကျင်ဒေသတို့တွင် ပြုလုပ်နေဆဲဖြစ်သည်။

    မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဒေသတွင် ဥက္ကဌနိုင်ထောမွန်၊ သထုံခရိုင်တွင် ဒုဥက္ကဌနိုင်ရော့စ၊ မွန်ပြည်သစ် ဗဟိုဌာနထိန်းချုပ်ရာပတ်ဝန်းကျင်ဒေသတွင် အထွေထွေအတွင်းရေးမှူးနိုင်ဟံသာ၊ မော်လမြိုင်ခရိုင်တွင်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဝင်းလှ တို့ဦးဆောင်၍ လူထုသဘောထားများကောက်ခံနေကြောင်း သိရသည်။

    ပြီးခဲ့သည့်တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့တွင် ပြုလုပ်ခဲ့သည့် သဘောထားကောက်ခံမှုတစ်ရပ်၌ မြန်မာအစိုးရနှင့်မွန်ပြည်သစ်ပါတီ တွေ့ဆုံဆွေးနွေးပွဲများတွင် မွန်သတင်းမီဒီယာသမားများအား တက်ရောက်ခွင့်ပြုရန် တောင်းဆိုထားသည်ဟု သိရသည်။

    အဆိုပါဒေသခံလူထုများ၏တင်ပြချက်များကို လာမည့်ဇူလိုင်လအတွင်း ကျင်းပမည့် မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေးကြမည်ဟုလည်း နိုင်ဟံသာဗွန်ခိုင်းက ဆက်ပြောသည်။မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရတို့သည် ယခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ပြည်ထောင်စုအဆင့်အပစ်အခတ် ရပ်စဲရေးသဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts