Sunday, March 15, 2026
More
    spot_img
    Homeသတင်းရှင်စောပု မွန်အမျိုးသမီးအဖွဲ့ တရားဝင် မှတ်ပုံတင်ရန်ရှိ

    ရှင်စောပု မွန်အမျိုးသမီးအဖွဲ့ တရားဝင် မှတ်ပုံတင်ရန်ရှိ

    -

    ခတ္တာနန်း – မကြာခင်ကဖွဲ့စည်းလိုက်သည့် မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် ရှင်စောပု မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းကို ပထမဆုံး တရားဝင် မွန်အမျိုးသမီးအသင်းအဖွဲ့ အဖြစ်ရပ်တည်ရန် မှတ်ပုံတင်မည်ဖြစ်ကြောင်း အသင်းတာဝန်ခံက ပြောသည်။

    ယခုလ ၅ ရက်နေ့တွင် မြို့နယ်နှင့် ကျေးရွာအသီးသီးမှ မွန်အမျိုးသမီး ၁၅၆ ဦးဖြင့် ရှင်စောပု အသင်းက ပထမအကြိမ် တွေ့ဆုံဆွေနွေးမှုပြုခဲ့သည်။ လာမည့် ဇွန်လ ၂ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံကြမည်ဖြစ်ကာ မှတ်ပုံတင်မည့် ကိစ္စ ဆုံးဖြတ်ချက်ချ မည်ဖြစ်သည်။

    “ဒီအသင်းအတွက် ဖွဲ့စည်းပုံရေးဖို့ကို ဥပဒေ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး နောက်လာမယ့် အစည်းအဝေးမှာ အပြီးသတ်ရေးသွားဖို့ကို စီစဉ်ထားတယ်၊ ပြီးရင် မှတ်ပုံတင်ဖို့ရှိတယ်၊ မှတ်ပုံတင်ရင်လည် ဒီရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) နာမည်နဲ့ပဲ မှတ်ပုံတင်သွားမယ်” ဟု အဖွဲ့ဝင် မစုက ပြောသည်။

    မတ်လ ၄ ရက်နေ့တွင် ကျရောက်သည့် မွန်အမျိုးသမီးများနေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ရှင်စောပုအသင်းအနေဖြင့် မွန်ပြည်နယ် တပြည်လုံးတွင် ပညာရေး၊ ကျန်မာရေး ၊ စီပွာရေးအပါအဝင် အခြားလူမှုရေး လုပ်ငန်းများကို ကူညီဆောင်ရွက်သွားမည်ဟု အသင်းမှ တာဝန်ခံ မမိုးမိုးကပြောသည်။

    ၎င်းက “ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မွန်အမျိုးသမီတွေ စုစုစည်းစည်းနဲ့ ပရဟိတ လုပ်ငန်းတွေကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်အောင်ကို ရည်ရွယ်ထားပါတယ်” ဟု ပြောသည်။

    ယခုလက်ရှိတွင် အသင်းရေရှည် တည်တံ့ရန်အတွက် အမာခံ အသင်းဝင် (၃၇) ဦးတို့က အသင်းရန်ပုံငွေအဖြစ် ငွေကျပ် (၂၁) သိန်းကျော် စုဆောင်းရရှိထားကြောင်း ရှင်စောပုအသင်း၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားပါသည်။
    ဂၠေါၚ်ဖျေံ လိက်လလေၚ်တြးန PDF

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks