spot_img
Tuesday, July 8, 2025
More
    spot_img
    Homeသတင်းလက်နက်ပြန်မပေးလျှင်မြန်မာအစိုးရနှင့်ဒီကေဘီအေအပစ်ရပ်ပျက်ပြယ်မည်

    လက်နက်ပြန်မပေးလျှင်မြန်မာအစိုးရနှင့်ဒီကေဘီအေအပစ်ရပ်ပျက်ပြယ်မည်

    -

    မင်းသုတ – နယ်ခြားစောင့်တပ်မှ သိမ်းဆည်းခဲ့သော ဒီကေဘီအေတပ်ဖွဲ့ဝင်လက်နက်များကို ပြန်မပေးလျှင် အစိုးရနှင့် အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်သွားလိမ့်မည်ဟု ဒီကေဘီအေ ပြည်ပဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောလုံးလုံးက ပြောသည်။

    “၂၁ ရက်နေ့က ဖားအံကိုဆင်းလာဖို့ကျနော်တို့အဖွဲ့ကိုခေါ်တယ်ဗျာ၊ လက်နက်တွေပြန်ပေးဖို့ပေါ့၊ မနေ့က မြိုင်ကြီးငူမှာ လက်နက်ပြန်ပေးအပ်မယ့်ဆဲဆဲ မြန်မာစစ်တပ်ကက (ကြည်း) အရာရှိက လက်နက်တွေမပေးနဲ့ဦး၊ တခြားဆွေးနွေးစရာ ဘာညာတွေရှိတယ်လို့ဆိုတော့ ကျနော်တို့တပ်မှူးတွေက ဒါကငြိမ်းချမ်းရေးကို ပျက်ပြယ်အောင်လုပ်လိုက်တာပဲလို့ယူဆတယ်” ဟု ဗိုလ်မှူးစောလုံးလုံးက ဆက်ပြောသည်။

    ဗိုလ်ချုပ်စောလားပွယ်ဦးစီးသောဒီကေဘီအေတပ်ဖွဲ့ကို အခမ်းအနားတစ်ခုတွင်မြင်တွေ့ခဲ့ရစဉ်
    ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်းက အဆိုပါသိမ်းဆည်းလက်နက်များ ပြန်မပေးရန်တားမြစ်ခဲ့သည်ဟု သိရသည်။

    ယခုလ (၁၉) ရက်နေ့တွင် မြိုင်ကြီးငူအခြေစိုက် ကရင်နယ်ခြားစောင့် (၁၀၁၁) တပ်ဖွဲ့နှင့် ဒီကေဘီအေ ကလို့ထူးဝါးဗျူဟာအဖွဲ့ လက်အောက်ခံအဖွဲ့တို့ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး ဒီကေဘီအေတပ်ဖွဲ့ဝင်အချို့၏ လက်နက်၂၀ ခန့်ကို နယ်ခြားစောင့်တပ်ဖွဲ့က သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

    “ဒီကနေ့မနက်မှာလည်း မြဝတီဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးမောင်လေးတို့ ဖားအံကိုသွားကြပြန်တယ်၊ လက်နက်တွေပြန်ပေးမယ်လို့ပြောလာပြန်တယ်၊ ဒါပေမယ့် အခု(ညနေ-၅-နာရီ)အထိ ဘာသတင်းမှအဆက်အသွယ်မရသေးဘူး၊ တကယ်လို့ ဒီလက်နက်တွေပြန်မပေးဘူးဆိုရင် အပစ်ရပ်စဲတာပျက်ပြီ” ဟု ဗိုလ်မှူးစောလုံးလုံးက ဆက်ပြောသည်။

    အဆိုပါသိမ်းဆည်းလက်နက်များအား ပိုင်ရှင်ဖြစ်သူ ဒီကေဘီအေအဖွဲ့အစည်းထံ ပြန်လည်ပေးအပ်ရန် သမ္မတဦးသိန်းစိန်က ညွှန်ကြားခဲ့သည့်အကြောင်း မြန်မာအာဏာပိုင်များ ဆက်သွယ်ပြောကြားလာသည်ဟု ဗိုလ်မှူးစောလုံးလုံးထံမှ သိရသည်။

    “မြဝတီက ဒီကေဘီအေဆက်ဆံရေးရုံးမှာလည်း ဒီကေဘီအေအဖွဲ့တွေမရှိကြတော့ဘူး၊ အခြေအနေမကောင်းဘူးလို့လည်း ပြောနေကြတယ်၊ တကယ်လို့ ဒီကေဘီအေနဲ့အပစ်ရပ်ပျက်သွားရင် တိုက်ပွဲကြီးတွေဖြစ်လာနိုင်တယ်လို့ သတင်းတွေပြန့်နေတယ်” ဟု မြဝတီမြို့ခံ ဝန်ထမ်းတစ်ဦးက ပြောသည်။

    လွန်ခဲ့သည့် (၂၀၁၁)ခုနှစ်၊ နိုဝင်ဘာ (၃) ရက်နေ့တွင် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် ဒီကေဘီ အေခေါင်းဆောင်အချို့ ဘားအံမြို့တွင် နှစ်ဘက်အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် (၅) ချက်ဖြင့်  လက်မှတ်ရေးထိုးခဲ့ကြသည်။

၄င်းသဘောတူညီချက် ၅ ချက်မှာ (၁) ယခုလ (နိုဝင်ဘာ-၆) ရက်နေ့မှစပြီးနှစ်ဖက်အပစ်ရပ်ရန်သဘောတူ သည်။ (၂) အပစ်ရပ်ကာလအတွင်း ဆုံစည်းမြိုင်နှင့်အနီးတဝိုက်တွင် ဒီကေဘီအေတပ်ဖွဲ့များ ယာယီ အခြေပြုရန်သဘောတူညီသည်။ (၃) မြဝတီမြို့ပေါ်တွင် ဒီကေဘီႝအေဆက်ဆံရေးရုံး ထားရှိခွင့်ပြုသည်။ (၄) လက်နက်ဖြင့် နယ်မြေကျော်လွန်သွားလိုပါက နှစ်ဖက် တပ်ဖွဲ့များကြိုတင်ညှိနှိုင်း ဆောင်ရွက်ပြီး သဘောတူမှုရယူရပါမည်။ (၅) ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်မှုကော်မတီနှင့်ဒီကေဘီအေခေါင် းဆောင် ဗိုလ်ချုပ်စောလားဘွယ်တို့ နှစ်ဦးနှစ်ဖက် သဘောတူညီသောနေရာ၊ နေ့ရက်အချိန်များတွင် ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက်ဆွေးနွေး သွားနိုင်ရေးများကို နှစ်ဦးနှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts