spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းလိပ်ပုတ်ရွာသို့ စစ်ကော်မရှင်စစ်ကြောင်းထိုးစဉ် လူငယ်တစ်ဦး ပြင်းပြင်းထန်ထန် ဖမ်းဆီးရိုက်နှက်ခံထားရ

    လိပ်ပုတ်ရွာသို့ စစ်ကော်မရှင်စစ်ကြောင်းထိုးစဉ် လူငယ်တစ်ဦး ပြင်းပြင်းထန်ထန် ဖမ်းဆီးရိုက်နှက်ခံထားရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိပ်ပုတ်ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်းထံ ဒေသခံလူငယ်တစ်ဦး ပြင်းပြင်းထန်ထန် ဖမ်းဆီးရိုက်နှက်ထားရကြောင်း  သတင်းအရင်းမြစ်များ ပြောပြချက်အရ သိရသည်။

    အင်အား ၂၀၀ ကျော်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့က လိပ်ပုတ်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်အဖွဲ့တို့သည် လမ်းပိုင်းရှိဥယျာဉ်ခြံတစ်ခုတွင် ရှိနေသည့် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်တစ်ဦးကို လမ်းကြောင်းတစ်လျှောက် ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်ထားခြင်း ဖြစ်သည်။

    ပုံ- လိပ်ပုတ်ရွာ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးထားမှုအခြေအနေ

    “သူတို့စစ်ကြောင်းထိုးတဲ့နေ့မှာ ဖမ်းတာ။ အရိုက်ခံထားတာ မနည်းဘူး။ အဲ့နေ့မှာပဲ ရွာကလူကြီးတွေ မွန်ပြည်သစ်ပါတီဘက်ကို သွားပြောတော့ မွန်စစ်သားတွေလာခေါ်မှ ပြန်လွှတ်ပေးတော့တယ် ” ဟု ၎င်းက ပြောသည်။

    စစ်ကော်မရှင် စစ်ကြောင်းထံ ဖမ်းဆီးရိုက်နှက်ခံထားရသည့် အဆိုပါလူငယ်ကို သွားရောက်ခေါ်ဆောင်ရန် လိပ်ပုတ်အုပ်ချုပ်ရေးမှုးမှ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများထံ အကူအညီတောင်းခံထားခြင်းကြောင့် မွန်ပြည်သစ်ပါတီမှ သွားရောက်ခေါ်ဆောင်ပြီးနောက် ထိုနေ့တွင်ပင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

    ဒဏ်ရာပြင်းထန်ရရှိထားခြင်းကြောင့် အဆိုပါလူငယ်သည် မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနတွင် ဆေးကုသမှု ခံနေဆဲဖြစ်သည်။

    စစ်ကော်မရှင်အဖွဲ့တို့ စစ်ကြောင်းထိုးလာသည့် နိုဝင်ဘာလ ၁၅ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ရန် စောင့်ဆိုင်းနေသည့်  ရေးဘီလူးအဖွဲ့နှင့် ကျေးရွာအတွင်း တစ်နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

    အဆိုပါအခြေအနေကြောင့် ရွာလုံးကျွတ်နီးပါး  ဘေးလွတ်ရာဖြစ်သည့် တောင်တောင်ဥယျာဉ်ခြံအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး  ယနေ့အထိ နေရပ်မပြန်သူ ရာနှင့်ချီရှိနေဆဲဖြစ်ကြောင်း ဆိုသည်။

    “ရွာအခြေအနေငြိမ်ပေမယ့်လည်း အများစုက မပြန်ရဲကြသေးဘူး။ သတင်းတွေကြားနေတာကလည်း စစ်ကြောင်းက အဲ့ဘက်ပြန်ထိုးလာနေပြီးတဲ့၊ ဒါမဲ့ ရွာထဲတော့မရောက်သေးဘူး”ဟု ၎င်းက ပြောသည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်စစ်ကြောင်းသည်  လိပ်ပုတ်ရွာမှ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သော်လည်း ကျောင်းရွာဘက် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသည့်အပြင် ဒေသခံများကိုလည်း ဖမ်းဆီးငွေညှစ်နေသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံများက ဆိုသည်။

    ၎င်းအပြင် ရေးမြို့နယ်တွင် စစ်ကြောင်းထိုးခြင်းများ နေ့စဥ်လုပ်ဆောင်နေပြီး လက်ရှိတွင် အာယုတောင်ကျေးရွာအပါအဝင် အနီးတစ်ဝိုက်ရှိ ရွာသစ်၊ ရွာကလေး၊ တောင်စွန်းကျေးရွာများသို့ နယ်မြေရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင် နေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks