Saturday, March 14, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် ကျောင်းရွာလမ်းပိုင်းတစ်နေရာတွင် ရေးဘီလူးနှင့် စစ်ကော်မရှင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

    ရေးမြို့နယ် ကျောင်းရွာလမ်းပိုင်းတစ်နေရာတွင် ရေးဘီလူးနှင့် စစ်ကော်မရှင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာလမ်းပိုင်းတစ်နေရာ၊ ခမရ-၅၉၁ တပ်ရင်းအနီးရှိ ကာကင်းစခန်းတစ်ခုမှ စစ်တပ်အဖွဲ့နှင့် ရေးဘီလူးအဖွဲ့တို့ ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိခဲ့ကြောင်း ရေးဘီလူးခေါင်းဆောင်မှ သိရသည်။

    ယမန်နေ့က ခမရ-၅၉၁ တပ်ရင်းအနီးရှိ ကျောင်းရွာလမ်းပိုင်း၌ လုံခြုံရေးယူနေသည့် ရေးဘီလူးတပ်ဖွဲ့ကို ခမရ ၅၉၁ တပ်မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့သည်။

    ထို့နောက် ရေးဘီလူအဖွဲ့တို့ ဆုတ်ခွာခဲ့ပြီး အဆိုပါဆုတ်ခွာလမ်းကြောင်းတွင် အင်အား ၁၅ ဦးခန့်ရှိသည့် ကာကင်းစခန်းတစ်ခုနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ရေးဘီလူးခေါင်းဆောင်က ပြောသည်။

    “ မနေ့က ကျနော်တို့ ကျောင်းရွာဘက်မှာ စစ်ဆေးရေးသွားလုပ်တာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တာ ဆုတ်သွားတဲ့လမ်းမှာ အင်အား ၁၅ယောက်လောက်ရှိတဲ့ ကာကင်းတစ်ခုနှင် ဆုံသွားတာ တိုက်ပွဲအနည်းငယ်ဖြစ်သွားတယ်။ သူတို့ဘက်ကအများကြီး သေးဆုံးမှုရှိတယ် အတိကျတော့မသိဘူး” ဟု ရေးဘီလူးခေါင်းဆောင်က ပြောသည်။

    တိုက်ပွဲမဖြစ်ပွားခင်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ခမရ-၅၉၁ တပ်ရင်းမှ ၅ ကြိမ်ထက်မနည်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဆက်ပြောသည်။

    ရေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးအရှိန်မြင့်လာနိုင်သဖြင့် ဒေသခံပြည်များအနေဖြင့် သတိပြုသွားလာရန်နှင့် လက်နက်ကြီးများ အချိန်မရွေးကျရောက်ပေါက်ကွဲနိုင်သဖြင့် ခြံအတွင်း နေထိုင်ခြင်းမပြုလုပ်ကြရန်လည်း ရေးဘီလူးအဖွဲ့‌ခေါင်းဆောင်က တိုက်တွန်းထားသည်။

    “ရန်သူဘက်က လက်နက်ကြီးပစ်လိုက်တာ ၅ ကြိမ်မကဘူး ခြံမှာပဲသွားကျတယ်။ အပင်တွေအများကြီး ပျက်စီးသွားတယ် အဲ့တာတောင် မပေါက်ကွဲတဲ့လက်နက်လဲရှိတယ် လက်နက်ကြီးတွေကခြံတွေမှာပဲ ကျတာများတယ်။ တိုက်ပွဲတွေ ဒီထပ်မက ကြမ်းလာဖို့ရှိတယ် ပြည်သူတွေလဲ သတိထားသွားလာကြဖို့ ခြံတွေမှာလဲ မနေသင့်သေးဘူးလို့ ပြောချင်ပါတယ်” ဟု သူကဆိုသည်။

    ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့တွင် (YRF) လူငယ်တော်လှန်ရေးအဖွဲ နှင့် KNLAတပ်ရင်း (၂၇) တပ်ခွဲ(၅)တို့မှ ပူးပေါင်းပြီး ရေးမြို့နယ်အခြေစိုက် ကျောင်းရွာရှိအကြမ်းဖက်စစ်တပ် ခမရ-၅၉၁ တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

    ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကို မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းင့် စစ်ဆေးရေးဂိတ်များကိုလည်း မကြာခန ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

    စစ်ကော်မရှင်စစ်ကြောင်းများသည် ရေးနှင့် ရေဖြူမြို့နယ်အတွင်းသို ထိုးဖောက်ဝင်ရောက်လာနေပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေသဖြင့် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သည့် အခြေအနေရှိနေသည်ဟု ဒေသခံများက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks