spot_img
Saturday, September 13, 2025
More
    spot_img
    Homeသတင်းရွေးကောက်ပွဲအကောင်ထည်ဖော်ကာလအတွင်း စစ်ကော်မရှင်အဖွဲ့နှင့်ဆက်နွယ်နေသူများ လုံခြုံရေးအခြေနေစိုးရိမ်နေရ

    ရွေးကောက်ပွဲအကောင်ထည်ဖော်ကာလအတွင်း စစ်ကော်မရှင်အဖွဲ့နှင့်ဆက်နွယ်နေသူများ လုံခြုံရေးအခြေနေစိုးရိမ်နေရ

    -

    စစ်ကော်မရှင်အဖွဲ့မှ ရွေးကောက်ပွဲကျင်းပနိုင်ရန် လုပ်ငန်းစဉ်အကောင်ထည်ဖော်နေသည့်ကာလနှင့် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ပတ်သက်သည့်သူများကို စတင်အရေးယူမှုပြုလုပ်နေသည့် တော်လှန်ရေးတပ်ဖွဲ့များကြား ဌာနဆိုင်ရာဝန်းထမ်းအချို့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ၎င်းတို့၏ လုံခြုံရေးအခြေနေစိုးရိမ်နေရကြောင်း နီးစပ်သူများမှ ပြောကြားချက်အရ သိရသည်။

    တော်လှန်ရေးအင်အားစုများမှ စစ်အုပ်စုရွေးကောက်ပွဲလုပ်ငန်းတွင် ပါဝင်သည့် မည်သူမဆိုအရေးယူမည်ဟု ထုတ်ပြန်ပြောဆိုထားသည့်အပြင် စစ်ကော်မရှင်ဘက်မှလည်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အရှိန်မြှင့်လျှက်ရှိသည်။

    မြေပြင်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် ပညာရေးဝန်းထမ်းများသည် စစ်ကော်မရှင်၏ အတင်းအကြပ်တာဝန်ပေးထားခြင်းကို အဓိကခံရသူများဖြစ်သဖြင့် လုံခြုံရေးအခြေအနေစိုးရိမ်ရကြောင်း ကျောင်းဆရာမတစ်ဦးနှင့်နီးစပ်သူက ဆိုသည်။

    “ ဒီမတိုင်ခင်ကာလက ပိုကောင်းလာတဲ့အခြေနေမရှိနိုင်တော့ဘူး။ လက်ရှိအခြေနေတွေကလည်း တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေတာပဲ။ သူတို့ဘက်ကလည်း ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတော့ အထူးသဖြင့်ဒီရွေးကောက်ပွဲနဲ့ ပတ်သက်နေတဲ့ လူတွေကမြင်းကျောပေါ်က သံပုရာသီးလိုဘဝပါပဲ။ ” ဟု ဆိုသည်။

    ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

    ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေစဉ်ကာလအတွင်း မွန်ပြည်နယ်တွင် နယ်မြေအခြေနေတည်ငြိမ်ရေးအတွက် စစ်ကောင်စီ စစ်ဆေးဂိတ်တို့မှ စစ်အင်အားဖြည့်တင်းကာ တင်းကြပ်စစ်ဆေးလာသည့်အပြင် ရွေးကောက်ပွဲဝင်ပြိုင်မည့် နိုင်ငံရေးပါတီများမှလည်း ရပ်ကျေးအဆင့်အထိ လာရောက်လှုပ်ရှားနေပြီးဖြစ်သည်။

    ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲသင်တန်းတက်ရောက်မည့် Non-CDM ဆရာမ (၄) ဦး ကို မွန်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူကာကွယ်ရေးတပ် (YPDF) တို့မှ ခေတ္တဖမ်းဆီးထားပြီး ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့သည်။

    ၎င်းကိစ္စဖြစ်ပေါ်လာသည့်နောက်တွင် အုပ်ချုပ်ရေးမှုးနှင့်ပညာရေးဝန်းထမ်းအပါဝင် ရွေးကောက်ပွဲ၌ တာဝန်ပေးခြင်းခံထားရသည့် ဝန်းထမ်းအချို့ လုပ်ငန်းခွင်မှရပ်နားလိုသူများ ရှိလာသော်လည်း စစ်ကော်မရှင်ဘက်မှ ရပ်နားခွင့်မပြုနေကြောင်း အုပ်ချုပ်ရေးမှုးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဆိုထားသည်။

    “တစ်ချို့အုပ်ချုပ်ရေးမှုးတွေ စစ်တပ်နောက်ခံနဲ့နေတဲ့သူတွေကတော့ သူတို့မကြောက်ဘူး။ ဒါမဲ့တစ်ချို့တွေက တာဝန်ကနေ ရပ်နားလိုက်ချင်တော့တဲ့ အထိတောင် ရှိတယ်။ ဒါမဲ့ အစိုးရကရပ်နားခွင့်မပေးထားဘူး။ အဲ့ကြောင့် သူတို့ရဲ့လုံခြုံရေးအပြင်ကို သူတို့ရဲ့မိသားစုလုံခြုံရေးအထိပါ စိုးရိမ်နေရတယ်။ အုပ်ချုပ်ရေးမှုးအများစုက အတင်းအဓမ္မနည်းနဲ့ ပူးပေါင်းကြဖို့ကို စည်းရုံးခံထားရတယ်။” ဟု အုပ်ချုပ်ရေးမှုးနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

    မွန်ပြည့်လူ့အခွင့်ရေးဖောင်ဒေးရှင်းအဖွဲ့မှလည်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကာလအတွင်း လူ့အခွင့်ရေးချို့ဖောက်မှုဖြစ်ရပ် ပိုမိုများလာမည်ကို ကြိုတင်ခန့်မှန်းလျှက် ရှိသည်။

    စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်နှင့် ရွေးကောက်ပွဲတွင် ပါဝင်သူများအား ကျုးလွန်းခဲ့ပါက ထောင်ဒဏ် ၃ နှစ် မှ သေဒဏ်အထိ ချမှတ်နိုင်သည့် ဥပဒေများကိုလည်း ဇူလိုင်လ ၂၉ ရက်နေ့က ပြဌာန်းသတ်မှတ်ခဲ့သည်။

    ပညာရေးဝန်ထမ်းနှင့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများနည်းတူ ရွေးကောက်ပွဲပါတီများမှလည်း ပါတီဝင်စုဆောင်းခြင်း၊ စစ်ကော်မရှင်၏ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ရုံးခန်းဖွင့်လှစ်ခြင်းအတွက် ရုန်းကန်နေချိန်တွင် ပါတီဝင်များ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက်လည်း စိုးရိမ်မှုများရှိနေသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,800SubscribersSubscribe
    spot_img

    Latest posts