Wednesday, March 18, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် ဖာလိန်ဒေသအတွင်းသို့ လေဆင်နှာမောင်း နှစ်ကြိမ် ဝင်ရောက်တိုက်ခတ်

    ရေးမြို့နယ် ဖာလိန်ဒေသအတွင်းသို့ လေဆင်နှာမောင်း နှစ်ကြိမ် ဝင်ရောက်တိုက်ခတ်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသအတွင်းရှိ အံဒင်၊ နှစ်ကရုတ်၊ ငါးမျှားစခန်းစသည့် ကျေးရွာတို့တွင် လေဆင်နှမောင်း နှစ်ကြိမ်ဝင်ရောက် တိုက်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့ညပိုင်းတွင် တစ်ကြိမ်၊ ဇူလိုင်လ ၂၄ ညနေ ၄ နာရီတွင် တစ်ကြိမ် အဆိုပါ အံဒင်၊ နှစ်ကရုတ်၊ ငါးမျှားစခန်း ကျေးရွာအတွင်းသို့ လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး နှစ်ရက်အတွင်း နေအိမ်အလုံး ၅၀ နီးပါး ပျက်စီးသွားခဲ့သည်။

    ပင်လယ်ကမ်းစပ်ရွာများဖြစ်သည့်အတွက်  နေအိမ်ထိခိုက်ပျက်စီးမှုများသော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ရေးဒေသခံတစ်ဦးက ပြောသည်။

    အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်ခံရသည့် ဖာလိန်ဒေသအတွင်းရှိ ရွာများတွင် ကူညီကယ်ဆယ်ရေးအဖွဲ့များမရှိသည့်အပြင် တာဝန်ရှိသူတို့ လာရောက်ကြည့်ရှု့ပေးခြင်းမရှိသဖြင့် ကိုယ်ထူကိုယ်ထဖြင့်သာ ရှင်းလင်းရေး လုပ်ဆောင်နေကြရကြောင်းလည်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

    "ပရဟိတလည်းမရှိဘူး၊ ဘာမှလည်းမရှိဘူးလေ၊ ကိုယ်ဟာကိုယ်ပဲသိမ်းရတယ်၊ ကိုယ့်အိမ်ပြိုရင် ကိုယ်ပြန်ဆောက်ပဲ"ဟု ပြောသည်။

    ယနေ့ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်က ရေးမြို့နယ်၊ ဇီးဖြူသောင်စံပြကျေးရွာ၊ ဆိပ်ကမ်းသာရပ်ကွက်တွ၍်လည်း လေဆင်နှမောင်ဝင်ရောက်တိုက်ခဲ့ပြီး နေအိမ်များ ထိခိုက်ပျက် စီးခဲ့သည်ဟု ဆက်ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ အနီးရှိ ကားဆိပ်ရွာတွင်လည်း နေအိမ်အမိုးလန်ခဲ့သည့်အပြင် အဘော်ကျေးရွာတွင်လည်း ဓာတ်တိုင် ကျိုးကျခဲ့သည်ဟု သိရသည်။

    မွန်ပြည်နယ် ရေးမြို့နယ်အပြင် သထုံ၊ ပေါင်၊ ကမာဝက်၊ သံဖြူဇရပ်တို့တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့မှ ယနေ့ ၂၄ ရက်နေ့အထိ လေပြင်းတိုက်ခတ်ခံရမှုကြောင့် နေအိမ်ရာနှင့်ချီ ပျက်စီးခဲ့ကြောင်း သတင်း အချက်အလက်များအရ သိရသည်။

    မိုးဇလမှ ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်သည် ဆက်လက်အားကောင်းနေဆဲဖြစ်သည့်အတွက် ယနေ့ဇူလိုင် ၂၅ ရက်နေ့မှ နောက်နှစ်ရက်အထိ မွန်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အများစုတွင် မိုးထစ်ချုန်း ဆက်လက်ရွာသွန်းမည်ဟု ပြောဆိုထားသည်။

     မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသတွင် မကြာခဏ မိုးသက်လေပြင်းကျနိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ရန်လည်း မိုဇလမှ တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks