Thursday, March 12, 2026
More
    spot_img
    Homeသတင်းမလွယ်ပေါက် ၄၂ နေရာ ပိတ်သိမ်းခံရသည့်နောက် တစ်နိုင်တစ်ပိုင်ကုန်စည်တင်သွင်းမှုခက်ခဲ

    မလွယ်ပေါက် ၄၂ နေရာ ပိတ်သိမ်းခံရသည့်နောက် တစ်နိုင်တစ်ပိုင်ကုန်စည်တင်သွင်းမှုခက်ခဲ

    -

    ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့မှ ထိုင်းနိုင်ငံ၊ စံခလပူရီဒေသဘက်သို့ ဝင်ထွက်သွားလာနေသည့် ထွက်ပေါက် ၄၂ နေရာ ပိတ်သိမ်းခံထားရသည့်နောက် နယ်စပ်ရှိဒေသခံများ တစ်နိုင်တစ်ပိုင်ကုန်စည်တင်ပို့မှု ခက်ခဲလာသည်ဟု နယ်စပ်သတင်းအရင်းမြစ်များအရ သိရသည်။

    ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ထိုင်းဘတ်ငွေ ၁၈ သန်းနီးပါး ( အမေရိကာန်ဒေါ်လာ ၄၈၈,၀၀၀ ခန့်) တရားမဝင်တင်သွင်းသည့် အသက် ၂၅ နှစ်အရွယ်ထိုင်းအမျိုးသားတစ်ဦးကို နမ်ပကိတ်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ပြီးနောက် နယ်စပ်တစ်ဝိုက်ရှိ ထွက်ပေါက် ၄၂ နေရာကို ထိုင်းအာဏာပိုင်တို့က လိုက်လံချိတ်ပိတ်ခဲ့သည်။

    လက်ရှိ ပိတ်ပင်ခံထားရသည့် ထွက်ပေါက် ၄၀ ကျော်တွင် တစ်နိုင်တစ်ပိုင်ကုန်စည်တင်သွင်းသူတို့ အဓိက ဝင်ထွက်သွားလာနေသည့် တရားဝင်ခွင့်ပြုချက်ရ ထွက်ပေါက် ၂၀ ထက်မနည်း ပါဝင်နေကြောင်းလည်း ဒေသတို့ ပြောပြချက်အရ သိရသည်။

    ဘုရားသုံးဆူဒေသခံ၊ စက်ရုံအလုပ်သမားနှင့် ကျောင်းသားကျောင်းသူတို့" ကျောင်းဂိတ်" ထွက်ပေါက်နေရာတွင် ဖြတ်သန်းသွားလာနိင်သော်လည်း ကုန်သည်နှင့် တစ်နိုင်တစ်ပိုင် ကုန်စည်တင်သွင်းသူတို့အတွက် အခက်ခဲရှိနေကြောင်း နယ်စပ်ဒေသခံတစ်ဦးက ဆိုသည်။

    “သုံးဆူကနေသွင်းနေတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အစားအသောက်ကအစ ဘာမှတင်သွင်းခွင့် မရှိဘူး။ ထိုင်းဘက်ကသွင်းတဲ့ မုန့်တွေ အအေးတွေရော အသေးမွှားကအစ ဘာမှတင်သွင်းခွင့်မရှိဘူး။ အကုန်လုံးပိတ်ထားတာ”ဟု ဆိုသည်။

    ပိတ်သိမ်းထားသည့် တရားမဝင်ထွက်ပေါက်များကို သံဖြင့်ဂဟေဆော်ထားကြောင်းနှင့် လက်ရှိပိတ်သိမ်းထားသည့်နေရာတို့ကို ဖျက်ဆီးခြင်းနှင့် စည်းကမ်းဖောက်ဖျက်မှုတစ်စုံတစ်ရာလုပ်ဆောင်ပါက အမြင့်ဆုံးအပြစ်ဒဏ်ကို ခံရမည့်စာတမ်းတို့ကိုလည်း လိုက်လံချိတ်ဆွဲထားကြောင်း သိရသည်။

    တရားမဝင် ဘတ်ငွေတင်သွင်းမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တို့က နယ်စပ် တစ်လျှောက်ရှိနေအိမ်များနှင့် စီးပွားရေးလုပ်ငန်းတို့ကို စစ်ဆေးရာမှာ တရားဝင်ထွက်ပေါက်အပါအဝင် ထွက်ပေါက် ၄၂ နေရာကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ဆိုသည်။

    “ ကြံတောရောက်တဲ့အထိ ထိုင်းနယ်စပ်ဘက်မှာ ဒေသခံတွေ အိမ်ဆောက်ထားပြီး ထွက်ပေါက်ဖွင့်ထားရှိတယ်။ အဲ့ဒီအပေါက်မှာဆို လူပွဲစားတွေ၊ လုပ်ငန်းသွားတဲ့လူတွေ၊ ကုန်သည်တွေ က အိမ်ပိုင်ရှင်တွေကို ပိုက်ဆံပေးပြီးဝင်ထွက်နေတာရှိတယ်။ အဲ့လိုအပေါက်တွေက ၂၀ ထက် မနည်းဘူး။ အပြီးပိတ်လိုက်တာ။ သူတို့(ထိုင်းအာဏာပိုင်)တွေ ခွင့်ပြုထားတဲ့ ထွက်ပေါက်တွေ ကိုလည်း အကုန်လုံးပိတ်လိုက်တယ်”ဟု သူက ပြောသည်။

    ထိုင်းဘတ်ငွေနှင့်အတူ ဖမ်းဆီးရမိထားသည့် အဆိုပါထိုင်းအမျိုးသားကို ဆက်လက်စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်းလည်း ထိုင်းအာဏာပိုင်တို့မှ ထုတ်ပြန်ပြောဆိုထားသည်။

    ဘုရားသုံးဆူမှ ကျန်ချနပူရီခရိုင်အထိ လမ်းမကြီးတစ်လျှောက်ရှိ ထိုင်းရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်တို့တွင် ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်သူ၊ မူးယစ်ဆေးဝါးနှင့် အခြားတရားမဝင်ပစ္စည်းတင်းသွင်းမှုတို့ကို မကြာခဏ ဖမ်းဆီးရမိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks