spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းလူစုလူဝေးများသည့် နေရာတို့ကို ထိုင်းအစိုးရမှ ကိုဗစ် ၁၉ စည်းကမ်းချက် ပြန်လည်တင်းကြပ်

    လူစုလူဝေးများသည့် နေရာတို့ကို ထိုင်းအစိုးရမှ ကိုဗစ် ၁၉ စည်းကမ်းချက် ပြန်လည်တင်းကြပ်

    -

    ထိုင်းနိုင်ငံတွင် ကူးစက်မှု တစ်ဖန်ပြန်လည်မြင့်တက်လာသည့် ဗီဇပြောင်း ကိုဗစ် ၁၉ ကြောင့် စက်ရုံ၊အလုပ်ရုံ၊ ဈေးနှင့် လမ်းသွားလမ်းလာလူသူများသည့်နေရာတို့ကို ကိုဗစ် ၁၉ စည်းကမ်းချက် ပြန်လည်တင်းကြပ်ထားကြောင်း မြန်မာအလုပ်သမားတို့ထံမှ သိရသည်။

     လက်ရှိ မိုးဦးကာလနှင့် ကျောင်းဖွင့်ရာသီတွင်  ရောဂါပိုမိုပျံ့နှံ့နိုင်သည့်အတွက် ကိုဗစ်နှင့် တုပ်ကွေးရောဂါဆိုင်ရာ ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာရန် ထိုင်းအာဏာပိုင်တို့မှ အကြံပြုထားသလို ကျန်းမာရေးသိကျွမ်းသူတို့မှ သတိပေးချက်များ မျှဝေလာကြောင်း ဆိုသည်။

    အထူးသဖြင့် လူစုလူဝေးများသည့်နေရာတို့တွင် မတ်တပ်ရန်၊ လက်ဆေးရန်၊ ကိုဗစ်ဆေးစစ်မှုခံယူရန်နှင့် ဈေးသည်များ ကိုဗစ်စည်းကမ်းနှင့်အညီ ဈေးရောင်းချရန် ပြောဆိုထားကြောင်း ဘန်ကောက်မှ ရွေ့ပြောင်း မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

    “ဈေးရောင်းတဲ့သူတွေဆို ကိုယ့်ဆိုင်ရှေ့မှာ ပလက်စတစ်တွေ ကာခိုင်းတယ်။ ဈေးရောင်းတဲ့ချိန်မှာ mask တပ်ခိုင်းဖို့။ တစ်ခုခုကိုင်ပြီးတိုင်း လက်တွေသေချာဆေးဖို့။ အဲ့လိုတွေတော့ ညွှန်ကြားထားပါတယ်” ဟု ၎င်းက ပြောသည်။

    ထိုင်းနိုင်ငံတွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး မေလ ၁၆ ရက်နေ့အထိ ကိုဗစ် ၁၉ ကူးစက်ခံရသူ ၉၁,၄၄၈ ယောက်နှင့် သေဆုံးသူ ၂၄ ယောက် ရှိကြောင်း ကျန်းမာရေးဆိုင်ရာအာဏာပိုင်တို့က အစီရင်ခံထားသည်။

    လက်ရှိတွင် ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ နွန်ထဘရီ၊ ချွန်ဘူရီနှင့် ရနောင်း စသည့်ဒေသများတွင် အများဆုံးဖြစ်ပွားနေပြီး အသက် ၃၀ နှင့် ၃၉ နှစ်အတွင်း ကူးစက်ခံရမှု ပိုများနေသည်ဟု Bangkok Post က ဖော်ပြထားသည်။

    ပြီးခဲ့သည့် မေလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ရောဂါ ၁၉ ရောဂါကူးစက်ခံရသူ ၆ ဦး သေဆုံးခဲ့‌ ကြောင်း ရောဂါထိန်းချုပ်ရေးဌာန (DDC)က ထုတ်ပြန်ထားသည်။

    “ကျွန်မတို့ဘက်မှာက အရမ်းကြီးစိုးရိမ်ရတဲ့အခြေအနေမဟုတ်သေးဘူး။ နိုင်ငံခြားသားတွေများတဲ့နေရာ လူသွားလာများတဲ့နေရာဆို အဖြစ်များတယ်။ ကူးစက်မှုများတဲ့နေရာဆို အမှတ်အသားမှတ်ထားပေးတယ်၊ အဲ့လိုနေရာတွေဆို ပိုဂရုစိုက်ရတယ်” ဟု အထက်ပါ ရွေ့ပြောင်းလုပ်သားက ဆိုသည်။

    ၂၀၂၄ ဇွန်လမှစ၍ ဂျာမနီမှ စတင်ကူးစက်ခဲ့သည့် Omnicron XEC ဟုခေါ်သည့် အမျိုးအစားသည် ၂၀၂၄ ခုနှစ် ဇွန်လမှစ၍ ဂျာမနီနိုင်ငံမှ စတင်ကူးစက်ပျံ့နှံ့လာခဲ့ပြီး လက်ရှိတွင်  နိုင်ငံပေါင်း ၁၅ နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပြီးဖြစ်ကြောင်း ကျန်းမာရေးသိကျွမ်းသူတို့က ဆိုသည်။

    အဆိုပါ ကိုဗစ်ရောဂါလက္ခာဏာတို့သည့် ဖျားခြင်း၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ မောပန်းခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ နှာခေါင်းပိတ်၊ နာရည်ယို၊ အစာစားချင်စိတ်ပျောက်ခြင်းနှင့် အနံ့အရသာ ပျောက်ဆုံးခြင်းတို့ ခံစားရနိုင်ပြီး အထက်ပါ ရောဂါလက္ခဏာတစ်မျိုးမျိုးကို ရင်ဆိုင်ရပါက နေအိမ်တွင်နေထိုင်သင့်ကြောင်း ထိုင်းကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည်။

    ယခုနှစ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ ယခင်ဖြစ်ပွားမှုပုံစံနှင့် မတူဘဲ ကပ်ရောဂါအသွင်ကူးစက်ပြန့်ပွားမှု ပုံစံ (epidemic)မှ ဒေသတွင်း အမြစ်တွယ်ကူးစက်မှုပုံစံ (endemic) အသွင်သို့ မျိုးရိုးဗီဇပြောင်း ပေါ်ထွက်လာတတ်ခြင်းကြောင့် ရောဂါကူးစက်မှု မြင့်တက်လာသည်ဟု စစ်ကောင်စီ ကျန်းမာရေးဌာနမှ ဖော်ပြထားသည်။

    မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ‌ရောဂါကူးစက်ဖြစ်ပွားမှု မရှိအောင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များကို လိုက်နာ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း၊ လိုအပ်သည့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံမှုခံယူခြင်းနှင့် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်း များကို ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် မေ့လျော့ခြင်းမရှိဘဲ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks