spot_img
Sunday, February 23, 2025
More
    spot_img
    Homeမေးမြန်းချက်နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောနဲ့ ဆက်သွယ်မေးမြန်းချက်

    နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောနဲ့ ဆက်သွယ်မေးမြန်းချက်

    -

     ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA နဲ့ TNLA တို့က တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင် ပြန်လည်ဖော်ဆောင်လာပြီးနောက် ဒေသတွင်းမှာ တိုက်ပွဲတွေ ပြန်ထန်းနေပါတယ်။ ရှမ်းမြောက်တိုက်ပွဲဟာ ပြည်မဘက်ကိုပါ ကူးစက်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    လက်ရှိ ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေ၊ ရှမ်းမြောက်တိုက်ပွဲအကျိုးဆက်ဟာ ပြည်မနဲ့ အခြားတိုင်းရင်းသားဒေသတွေအပေါ် ဘယ်လိုမျိုးအကျိုးသက်ရောက်လာနိုင်မလဲဆိုတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

    မေး။ ။ အခု ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်၊ မန္တလေးထဲက မတ္တရာ၊ စဉ့်ကူးတွေမှာလည်း ဖြစ်လာတယ်။ အဲဒီကနေတဆင့် ဗမာပြည်မဘက်ကို ကူးစက်လာနိုင်မလား။ ဆရာမအနေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲ။  

    ဖြေ။ ။ ကျမလည်း မသိဘူးလေ။ ဒါ သူတို့ရဲ့ စစ်ရေး လျှို့ဝှက်ချက်တွေပဲ ဖြစ်မှာပေါ့။ အခုကတော့ TNLA က တအာင်းက သူ့အတွက် အခြေခံဒေသရအောင်တော့ ကြိုးစားမယ် ထင်တယ်။ ပြီးမှ တခြားကိစ္စတွေ စဉ်းစားမယ်ထင်တယ်။ အခုက TNLA က သူ့ရဲ့ အခြေခံဒေသ ကောင်းကောင်း ခိုင်ခိုင်မာမာ မရသေးလို့ ဆက်တိုက်နေတယ် ထင်တယ်။ ကြည့်ရတာ အဲဒီတော့ တအာင်းက သူ့အခြေခံဒေသလေး တည်ငြိမ်အောင် လုပ်လိမ့်မယ်ထင်တယ်။ ပြီးမှ ပြည်မဖက်ကို ရွေ့မယ်ထင်တယ်။ ချက်ချင်းကြီးတော့ ဆင်းနိုင်ဦးမယ် မထင်ဘူး။

    မေး။ ။ အခု ရှမ်းမြောက်ဖက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အချိန်မှာ

    တခြားတိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲ ငြိမ်သွားတာမျိုးတွေ တွေ့ရတာပေါ့လေ။ အဲဒါကရော ဘယ်လိုအခြေအနေတွေကြောင့်လို့ သုံးသပ်မိသလဲ။

    ဖြေ။ ။ တစ်ပြိုက်နက်ထဲ တစ်ချီထဲ တိုက်ဖို့လည်း သိပ်မလွယ်ဘူးလေ။ ဒါပေမဲ့

    ခင်ဗျားပြောသလောက်လည်း ငြိမ်မသွားဘူးထင်တယ်။ ရခိုင်ကလည်း သူ့ဟာနဲ့ သူရှိနေတာပဲ။ ချင်းကလည်း သူ့ဟာသူ ဆက်လုပ်စရာရှိတာ လုပ်နေတာပဲ။ ကျမကြည့်တယ်၊ မပြင်းထန်တာပဲ ရှိမယ်။ လုပ်စရာရှိတာတော့ ဆက်လုပ်နေကြတယ်။ တိုင်းရင်းသားဒေသ ဥပမာ ကိုးကန့်တို့ ဘာတို့ကြတော့ သူတို့က တော်တော်ခိုင်မာနေပြီ။ သူတို့ ဒေသတည်ဆောက်ရေးတွေ ဘာတွေ တော်တော်များများ

    လုပ်လာခဲ့တာနော့၊ KIA ဆိုလည်း သူတို့ မြောက်ပိုင်းမှာ တော်တော်ခိုင်ခိုင်မာမာ ဖြစ်နေပြီဆိုတော့ ဒါကြောင့်မို့လို့ သိပ်ပြီး မပြင်းထန်တာ ဖြစ်မယ်ထင်တယ်၊ တိုက်ပွဲတွေကတော့ ကြိုကြားကြိုကြား ရှိနေပါတယ်။ လုံးဝရပ်သွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြင်းထန်နေတာကတော့ အလယ်ပိုင်းပေါ့နော်၊ ခုနားပြောသလို မန္တလေးတို့ မတ္တရာတို့ အဲဒီဖက်တွေက ပြင်းထန်နေပါတယ်။ ဒါပေမဲ့ လားရှိုးတို့

    ဘာတို့လည်း သိပ်တော့ မငြိမ်ဘူးဗျ၊ တောက်လျှောက်တော့ တိုက်နေကြတာပဲ။ အဲဒီတော့ ကျန်တဲ့ဒေသတွေလည်း ဒီလိုပဲ ဆက်တိုက်နေမယ်ထင်တယ်။ ရပ်သွားတယ်လို့တော့ မကြားဘူးဗျ။

    မေး။ ။ အခုအနေအထားမှာ စစ်ကောင်စီက အကျပ်အတည်းဖြစ်နေတဲ့ အချိန်ဆိုတော့ တစ်ပြိုင်တည်း မဖော်ဆောင်သင့်ဘူးလားပေါ့။ နောက် ရှမ်းမြောက်က စစ်ရေးအခြေအနေကရော တခြားတိုင်းရင်းသား‌ဒေသက စစ်ရေးအခြေအနေနဲ့တော့ ဘယ်လို ဆက်စပ်နိုင်သလဲ။

    ဖြေ။ ။ ဆက်စပ်နိုင်တာပေါ့၊ ရှမ်းမြောက်က ဟိုဖက်တွေဆိုရင်လည်း MNDAA တို့ ဘာတို့ ဆင်းလာတယ်လို့ ကြားတယ်၊ အဲဒီတော့ အကုန်လုံး အပြန်အလှန်ကူညီကြတဲ့ဟာတွေ ဖြစ်မှာပေါ့၊ ဒါဆက်စပ်မှု ရှိပါတယ်။ တအာင်းလည်းက အစောကြီးကလည်း မြောက်ပိုင်းအဖွဲ့နဲ့ပါတာ။ အခု အဓိက တိုက်နေတာ တအာင်းက တိုက်နေတာ ဖြစ်တော့ ဆက်စပ်မှုတွေ ရှိနေတာပဲလေ။

    မေး။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဦးသိန်းစိန်ကို တရုတ်ဖိတ်ကြားချက်အရ သွားခဲ့တာ တွေ့ရတယ်။ အဲဒီအခြေအနေကတော့ ရှမ်းမြောက်တိုက်ပွဲအပေါ် သက်ရောက်မှု ရှိလာနိုင်မလား။

    ဖြေ။ ။ အစောကြီးကတည်းက တအာင်းက ဗိုလ်ချုပ် တားဘုန်းကျော်လား ပြောနေတာပဲလေ။ ဟိုင်ဂင်ကို သူတို့ ဖျက်တာ မဟုတ်ဘူးဆိုတော့ သိပ်တော့ ထိရောက်စရာတော့ အကြောင်း မရှိဘူးထင်တယ်။ ဦးသိန်းစိန်ကို ဖိတ်တာလည်း သူတို့ နဂိုကတည်းက အစီအမံရှိပုံရတယ်ဗျ။ ဒီနှစ် ၇၀ မြောက် ဘန်ဒေါင်းညီလာခံ အစည်းအဝေးဆိုတာက ဒီလိုပဲလေ သူတို့ အရင်တုန်းက ဆက်ဆံရေး

    ကောင်းခဲ့တဲ့ နိုင်ငံတွေက ခေါင်းဆောင်ဟောင်းတွေ မိတ်ဆွေဟောင်းတွေ ပြန်ဖိတ်တာ များတာကိုး အဲဒီအတွက်ပဲ ဖိတ်တယ်ထင်တယ်။ ဒါပေမဲ့ သူတို့ ပြောတဲ့အထဲမှာတော့ ဆွေးနွေးတဲ့အခါမှာ ဗမာပြည်အကြောင်းလဲ ဆွေးနွေးတယ်ဆိုတော့ တရုတ်ကလည်း အပစ်အခတ်ရပ်စဲရေးနဲ့တင် မပြီးဘူး။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့လိုတယ်လို့ သူပြောထားတာကိုနော့် နောက်ပြီးတော့ အဲဒီအစည်းအဝေးထဲမှာ ရှီကျင့်ဖျင်က ပြောတဲ့အထဲမှာ ဥပမာပေးတဲ့အထဲမှာ ဗမာနိုင်ငံလည်း

    ပါသွားသေးတာ ဖြစ်တာကိုး အဲဒီတော့ ဗမာပြည်အရေးကို သူတို့လည်း သူတို့ တတ်နိုင်သလောက် အကြံဉာဏ်တွေ ပေးမှာပေါ့ဗျာ။ ဒီလောက်တော့ ရှိမယ်ထင်ပါတယ်။

    မေး။ ။ အရင် ၁၀၂၇ စဖော်ဆောင်တုန်းကဆိုရင် တရုတ်က ကြားဝင်စေ့စပ်မှုအရ ရပ်သွားတာပေါ့လေ။ အခု စစ်ဆင်ရေးမှာရော တရုတ်အနေနဲ့ ကြားဝင်လာနိုင်တဲ့ အခင်းအကျင်းမျိုး ရှိလာနိုင်သလား။

    ဖြေ။ ။ ကျမတော့ သိပ်မတွေ့ဘူး ဘာဖြစ်လို့လဲဆိုတော့ ၁၀၂၇ တုန်းက သူတို့နိုင်ငံနဲ့လည်း ဆက်စပ်နေတာ ဖြစ်တာကို ကျားဖြန့်လုပ်ငန်းတွေလည်း ဖြစ်တယ်။ အဲဒီကျားဖြန့်လုပ်ငန်းတွေကို တော်တော်များများ သူတို့ လိုချင်တဲ့ လူတွေလည်း ရလိုက်ပြီဖြစ်တာကိုး အဲဒါကြောင့်မို့ သူတို့က ဝင်ပြီး၊ စစ်တပ်ကလည်း ဝင်ပြီး တောင်းပန်လို့ နောက်ပြီးတော့ သူတို့ဖက်ကိုလည်း ကျမလာစေချင်လို့ပေါ့ဗျာ။ သူတို့ဖက်ကိုလည်း ကူးမလာစေချင်လို့ ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဒေသတွေမှာ ဆက်ဖြစ်နေရင် စစ်ပြေးဒုက္ခသည်တွေ သူတို့ဆီမှာ ဝင်လာမှာလည်း ကြောက်တာကိုး။ အခုဒီကိစ္စမှာတော့ သူနဲ့လည်း သိပ်မဆိုင်ဘူးလေ။ ကျမတို့ ပြည်တွင်းရေး ကိစ္စပဲ ဖြစ်တာကိုး။ ဝင်ပါစရာ အကြောင်းတော့ မရှိဘူးထင်တယ်။ ဒါပေမဲ့ တတ်နိုင်သမျှတော့ သူကတော့ ပြောနေတာပေါ့ဗျာ။ စေ့စပ်ဆွေးနွေး အဖြေရှာကြဖို့တော့ အဲဒီလိုပြောတာတွေတော့ ပြောမယ်။ ဒါပေမဲ့ ဟိုတစ်ခေါက်က မြောက်ပိုင်းအဖွဲ့တွေလို သိပ်ပြီးတော့ ပြင်းပြင်းထန်ထန်ကြီး ဝင်တားလိမ့်မယ်လို့ ကျမတော့ သိပ်မထင်ဘူး။

    မေး။ ။ အခု ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး တကျော့ ပြန်ဖော်ဆောင်လာတဲ့ အနေအထားကနေ ဗမာပြည်မထဲ စိမ့်ဝင်လာနိုင်တဲ့ အလားလာပေါ့လေ ဒီဟာတွေနဲ့ ပတ်သက်လို့ ဆရာမအနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

    ဖြေ။ ။ စစ်ကောင်စီအနေနဲ့ကတော့ တဖြည်းဖြည်း သူ့ရဲ့ အင်အားတွေ ယုတ်လျော့လာတာ ကျဆင်းလာတာကို ပြတာပဲလေ။ မြောက်ပိုင်းအဖွဲ့ အပစ်အခတ်ရပ်စဲပြီးတော့ သူက လားရှိုးတို့မှာ စစ်အင်အားစုပြီးတော့ ပြန်တိုက်မယ်။ ပြန်သိမ်းမယ်ဆိုတဲ့ ဂိုက်နဲ့လုပ်တာပဲလေ။ ဒါပေမဲ့ အခုမြင်တဲ့ အတိုင်းပဲ သူကတော့ သိပ်နလန်ထူဖို့ မလွယ်ဘူး။ ဒါပေမဲ့ ကျမတို့ တော်လှန်ရေးသမားတွေဖက်ကလည်း

    စစ်တပ်က လွယ်လွယ်နဲ့ အရှုံးပေးမယ်လို့ ထင်လို့ မဖြစ်ဘူးဗျ။ စစ်တပ်က နည်းလမ်းပေါင်းစုံသုံးလာမှာပဲ။ တခုကတော့ ရက်ရက်စက်စက် ဗုံးတွေကြဲတာ။ သူအားသာတဲ့ အချက်နဲ့ သူနှိပ်စက်မှာ ရှိနိုင်မယ်။ ဒုတိယက ကျမတို့ တော်လှန်ရေး အချင်းချင်းကြား သွေးကွဲအောင် အဲဒီလို အကွဲကွဲ အပြဲပြဲတွေ

    ဖြစ်အောင် လုပ်နိုင်တယ်။ ခုတိုင်းလည်း မဆလတို့ နဝတတို့လည်း ဒီလိုနဲ့ အသက်ရှုပေါက် ချောင်သွားတာ ဖြစ်တော့ သူကတော့ အခုချိန်ထိ အသက်ရှုပေါက် ချောင်ဦးမယ်လို့ တယ်တယ်။ကျမတို့ဖက်က အလျှော့မပေးဘဲနဲ့ ဆက်လုပ်စရာ ရှိတာကို အခုလိုပေါ့ သေနင်္ဂဗျူဟာကျကျနည်းလမ်းကျကျ၊ ခြေလှမ်းမှန်မှန်နဲ့ တက်ညီလက်ညီ လုပ်သွားရင်တော့ ဒီတစ်ခါတော့ ကျမတို့

    နိုင်နိုင်ပါလိမ့်မယ် ထင်တယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,200SubscribersSubscribe
    spot_img

    Latest posts