မေး – လက်ရှိ မွန်ပြည်နယ်၊ ရေးတောင်ပိုင်းမှာ စစ်ရေးအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ – လက်ရှိ မွန်ပြည်နယ်၊ ရေးတောင်ပိုင်း စစ်ရေးလှုပ်ရှားမှု အခြေအနေက ပိုပြီး ပြင်းထန် လာမှုတွေ ရှိလာခဲ့တယ်။ အခုဆိုလို့ရှိရင် စစ်ကောင်စီဘက်ကလည်း ခံစစ်အနေနဲ့ ပြင်ဆင်တာ တွေ အများကြီးရှိလာတယ်။ သူတို့ဘက်က ရေကြောင်းလိုင်းကနေ အင်အားတွေ ထပ်တိုးမြင့် လာတဲ့ အပိုင်းတွေ ကျနော်တို့ မြင်တွေ့ရတယ်။ လက်နက်ခဲယမ်းအင်အားတွေရော တပ်သား အသစ်တွေရဲ့ အင်အားတွေရော ရေကြောင်းလိုင်းကနေ အများအပြား မြို့တွင်းမြို့ပြင် တပ်တွေ အကုန်လုံးဖြည့်ထားတာမျိုးတွေ ရှိတယ်။ ခံစစ်အနေနဲ့ပဲ သူတို့က ဆက်လက်ပြီး လှုပ်ရှားနေပုံ ရတယ်။ PDF တို့ရဲ့ ခြေကုပ်စခန်းတွေက စစ်ကြောင်းထိုးလာတာမျိုး ကြုံတွေ့ ရခြင်းမရှိဘူး။ သူတို့အခြေအနေက လက်ရှိ လေယာဉ်သုံးမယ်၊ ခံစစ်အနေနဲ့ လှုပ်ရှားနေတာမြင် တွေ့ရတယ်။ ကျနော်တို့ဘက်က ထိုးစစ်အနေနဲ့ ကစားရမယ်ဆိုရင်တော့ ပွဲတွေက ပိုပြီး ပြင်းထန်လာဖို့ ရှိတယ်
မေး – စစ်အာဏာသိမ်းတဲ့အချိန်ကနေ ဒီနေ့ထိ ရေးဘီလူးအဖွဲ့အနေနဲ့ မစ်ရှင်ဖော်ဆောင်မှု အပိုင်းမှာ ဘယ်လောက်အထိ အောင်မြင်မှုရှိခဲ့လဲ။
ဖြေ – အာဏာစသိမ်းပြီးကတည်းက အခုချိန်ထိ မစ်ရှင်ပေါင်း မြောက်များစွာ လုံးဝကို မရေတွက် နိုင်တဲ့ မစ်ရှင်လည်း ပြုလုပ်ထားတာမျိုးရှိတယ်။ မစ်ရှင်တွေထဲမှာတော့ အောင်တဲ့ မစ်ရှင်ရှိသလို မအောင်ပဲနဲ့ ဘယ်သူကိုမှ ကျနော်တို့တွေ မထုတ်ပြန်ဘဲနဲ့ ကျနော်တို့တွေ ဆုံးရူံးမှုတွေလည်း အများကြီးရှိတယ်၊ အဲပုံစံမျိုးတွေပေါ့။ ဆုံးရူံးမှုတွေထဲမှာ အသက်တွေ မဟုတ်ဘဲနဲ့ ကျနော်တို့ အသုံးပြုတဲ့ အရာဝတ္ထုတွေ ဆုံးရူံးသွားတာမျိုးလည်း အများကြီးရှိတယ်။ မစ်ရှင်အရေအတွက် အနေနဲ့ကတော့ လုံးဝ ရေတွက်လို့ မနိုင်တော့ဘူး။ ပြုလုပ်ခဲ့တဲ့ မစ်ရှင်ပေါင်းလည်း မြောက်များစွာ ရှိတယ်။
မေး – မစ်ရှင်ပြုလုပ်တဲ့အချိန်မှာ ဘယ်လိုအခက်ခဲမျိုးတွေ ကြုံတွေရတာရှိခဲ့လဲ။
ဖြေ – မစ်ရှင်က မြို့မှာလုပ်ရမယ့်အပိုင်း အခန်းကဏ္ဍမျိုးတွေ များတယ်။ နောက်တစ်ခုက မစ်ရှင်က စီးချင်းထိုးပစ်တာ မဟုတ်ဘူး၊ အနီးကပ် ဝင်ပစ်ရတာပေါ့နော်၊ ကဒ်ဖြုတ်ရတယ်၊ လုံးဝ ပြည်သူကနေ အသွင်ပြောင်း ပုံမှားရိုက်ပြီး ကျနော်တို့ဒီမစ်ရှင်တွေ ပြုလုပ်ရတဲ့အခါကျတော့ အခက်ခဲအများကြီးကြုံတွေ့နိုင်တယ်။ ကျနော်တို့မစ်ရှင်မှာ စစ်ကူးသုံးလို့ မရဘူး။ ကိုယ်ဖြစ်ရင် ကိုယ်ခံပဲ။ ဘယ်သူမှ ကျနော်တို့ကို လာကယ်လို့ မရဘူး။ ဘယ်သူမှ စစ်ကူးပေးလို့မရဘူး။ ဘယ်သူမှ လာပြီး ဝိုင်းဝန်းကူညီပေးလို့ မရဘူး။ မြို့တွင်းမှာဆိုရင် ပိုပြီးတော့ အန္တရာယ်များ တယ်။ ကျနော်တို့တွေ လုပ်ရမှာက ၅၀ ရာခိုင်နှုန်း၊ ကိုယ်ပြန်ခံရတဲ့ အပိုင်းကလည်း ၅၀ ရာခိုင်နှုန်းပဲ သတ်မှတ်ရတယ်။ တစ်ဖက်ရန်သူကို တော်လှန်ဖို့အတွက် မြို့အလယ်ပိုင်းမှာ စောင့်ဆိုင်းရတယ်ဆိုပေမယ့် အသက်အန္တရာယ်လည်း အများကြီး ဆုံးရူံးသွားနိုင်တယ်။ ထိတွေ့ မှုတွေ ကိုယ့်ဘက်က ပြန်ခံလာရပေါင်းလည်း ရှိတာပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ အခက်ခဲတွေကတော့ အမျိုးမျိုးကြုံတွေ့ရတယ်။ အမျိုးမျိုးရင်ဆိုင်ခဲ့ရတယ်။ ဒီလိုရင်ဆိုင်ခဲ့ရလို့ လည်း အလုပ်ကနေပြီး အများကြီး အကူအညီပြုသွားတဲ့အပိုင်းလည်း ရှိတယ်။ သင်ခန်းစာတွေလည်း အများကြီးရသွားတဲ့အပိုင်းတွေရှိတယ်။
မေး – စားနပ်ရိက္ခာ လက်နက်ခဲယမ်း ကူညီထောက်ပံ့မှု အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ – စားနပ်ရိက္ခာအပိုင်းနဲ့ လက်နက်ခဲယမ်းအပိုင်းတွေက ကျနော်တို့ ERO ကနေလည်း ကူညီ ပေးနိုင်သလောက်တော့ ကူညီတယ်။ ပြည်သူလူထုတွေရဲ့ အထောက်အကူတွေနဲ့ ကျနော်တို့ ဝယ်သလောက်လည်း ဝယ်တာပေါ့နော်။ ကျနော်တို့ ကာကွယ်ရေးဝန်ကြီး (MOD) ကနေလည်း ကျည်တစ်ချို့ အထောက်အကူ ပြုတယ်ဆိုတော့ စစ်ရေးမှာ တော်တော်လေး အားရှိစေတယ်။ အဓိက ပြည်သူလူထုတွေရဲ့ အထောက်အကူတွေနဲ့ ကျနော်တို့ အများဆုံး ရပ်တည်ဖြစ်ခဲ့တယ်။ ပြည်သူလူထုတွေက စားနပ်ရိက္ခာအပိုင်းရော လက်နက်ခဲယမ်းအပိုင်းတွေရော အကုန်လုံး အထောက်အကူပြုတယ်။ အခုလည်း ရေမြေဒေသရဲ့ သတင်းအချက်အလက်အပိုင်းတွေကအစ အထောက်အကူပြုတဲ့အတွက်ကြောင့် ပြည်သူတွေက လုံးဝ နံပါတ် (၁) ကိုးကွယ်ရာပေါ့နော်။ ပြည်သူ့လူထု အရမ်းအားကိုးရတယ်။ ပြည်သူလူထုရှိတာကြောင့်လည်း ဒီနေ့ ဒီအချိန်ထိ တော်လှန်ရေးထဲမှာ တိုက်ပွဲဝင်နိုင်တဲ့ အခြေအနေမျိုးတွေ ရှိတာပေါ့။
မေး – လက်ရှိရေးဘီလူးအဖွဲ့မှာ လူငယ်တပ်သားအသစ်တွေ အရင်ကထက် ဘာကြောင့် ပိုများလာတယ်လို့ ထင်လဲ။
ဖြေ – သင်တန်းသားအသစ်တွေ အထဲဝင်လာတယ်ဆိုတာက ကျနော်တို့ အာဏာသိမ်းပြီးတော့ ၃ နှစ်ကျော်ကာလအတွင်းမှာ အရင်တုန်းက သပိတ်လမ်းကြောင်းမှာ မပါဝင်ခဲ့တဲ့ လူငယ်တွေရော ဒီအခြေအနေ အချိန်ခါမျိုးမှာ အကုန်လုံး ကြုံတွေ့နေရတာလေး စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုတွေ စစ်မိစ္ဆာတွေရဲ့ ထိုးနက်မှုတွေ မတရားစီစဉ်မှုတွေ ဒီလိုအခက်ခဲမျိုးတွေ ဘေးဆိုး အန္တရာယ်ဆိုး မျိုးကြီးတွေကို ကြုံတွေ့နေတဲ့အခါကြတော့ ပြည်သူလူထုတွေက ပိုပြီးတော့ နားလည်လာတယ် ပေါ့။ အခု စစ်မှုထမ်းဥပဒေ သူတို့ဘက်က ထုတ်ပြန်လာတဲ့အခါမှာ ပြည်သူ့စစ်သားနဲ့ အာဏာရှင် ရဲ့တပ်သားနဲ့ဆိုလို့ရှိရင် ပြည်သူ့စစ်သားဘက်ကပဲ ပါဝင်ကြတာပဲ။ ဘာကြောင့်လဲဆိုတော့ ပြည်သူကနေ ပေါက်ပွားလာတဲ့ စစ်သားတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်မိစ္ဆာထဲ ဝင်သွားတာ နည်းတာပေါ့နော်။
မေး – လက်နက်မကိုင်ချင်ကြတဲ့ အခြားသော လူငယ်များအနေဖြင့် တော်လှန်ရေးထဲမှာ ဘယ်လိုနည်းနဲ့ ပါဝင်နိုင်မလဲ။
ဖြေ – လက်နက်မကိုင်ချင်တဲ့ တခြားသောလူငယ်များက ကွန်ပျူတာအပိုင်း ကျွမ်းတဲ့သူက ကွန် ပျူတာကို ကိုင်တွယ်တယ်။ တချို့က စာရင်းအပိုင်းကျွမ်းကျင်တဲ့သူက စာရင်းအပိုင်းမှာ ပါဝင် ပေးတာပေါ့နော်။ အကုန်လုံး တော်လှန်ရေးထဲမှာ လက်နက်ကိုင်ပြီးတော့ တော်လှန်မှသာ တော်လှန်ရေးလို့ ကျနော်တို့ ခေါင်းစဉ်တပ်ထားတာ မဟုတ်ပါဘူး။ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီပေးတဲ့သူမှန်လို့ရှိရင် အကုန်လုံး တော်လှန်ရေးတပ်သားပဲ၊ ဘယ်နေရာကနေပဲ ပါဝင် တာဝန်ထမ်းဆောင်နေပါစေ အကုန်လုံးက သူ့တာဝန် ကျေပွန်အောင် ထမ်းဆောင်နေရင် စစ်မှန် တဲ့ တော်လှန်ရေးတပ်သား အားလုံးပဲ။
မေး – အခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ့်အခန်းကဏ္ဍကရော ဘယ်လိုရှိနေလဲ။
ဖြေ – ကျနော်တို့ ပူးပေါင်းသင့်တာကို ပူးပေါင်းမယ်။ လက်ရှိမှာက ကျနော်တို့ ဘယ်လိုပုံစံမျိုးနဲ့ သွားမလဲဆိုတော့ (ERO) အနေနဲ့ပဲ သွားတာများတယ်။ အခြေအနေတစ်ရပ်ကိုပဲ စုဆောင်းပြီး တော့ နယ်မြေမှာ အပိုင်းခွဲပြီးတော့ ကဏ္ဍတွေ လုပ်ဆောင်ရမဲ့အပိုင်းတွေ အများကြီးရှိတယ် ဆိုတော့ ပူးပေါင်းဖို့ အဆင်မပြေဘူး။ ကျနော်တို့ ဒီ ကိုယ်ကျတဲ့နေရာ တာဝန်ပေါ့နော်၊ အခန်း ကဏ္ဍတွေ လုပ်ဆောင်ဖို့လိုတယ်။ နောက်တစ်ခုက ပူးပေါင်းခြင်း မပူပေါင်းခြင်းတွေ ထက်ကို လုပ်ဆောင်နေတဲ့ အရာတွေတိုင်းက တော်လှန်ရေးပဲလေး။ လက်နက်စွဲပြီးတော့ တော်လှန်တဲ့ သူမှန်လို့ရှိရင် အားလုံးတော်လှန်ရေးထဲမှာ ပါတယ်။ ကျနော်တို့အဓိကတော့ (ERO) အနေနဲ့ နယ်မြေခံ နယ်မြေပိုင်းတွေနဲ့ပဲ ပါဝင်ပူးပေါင်းပြီး ဆောင်ရွက်သွားမယ့် အပိုင်းအခန်းကဏ္ဍတွေ ရှိတယ်။
မေး – လက်ရှိတော်လှန်ရေးကာလမှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ရဲ့ ခံယူချက်က ဘာလဲ ပြောပြပေးပါ။
ဖြေ- တော်လှန်ရေးကာလမှာ ခံယူထားတဲ့ ခံယူချက် စစ်ကောင်စီတွေ အာဏာစသိမ်းပြီး ကတည်းက ကျနော်တို့လိုချင်တာ ဒီမိုကရေစီလမ်းစဉ်ပဲ။ ဒါက ကျနော်တို့ရဲ့ခံယူချက်ပဲ။ ဒီမို ကရေစီပြန်ရဖို့အတွက်ကို တော်လှန်ရေးထဲမှာ ပါဝင်နေရခြင်းဖြစ်တယ်။ နောက်တစ်ခုက ကျနော်တို့ အာဏာမသိမ်းခင်ကာလပေါ့နော်။ လူငယ်တွေ လူကြီးတွေ အကုန်လုံး အာဏာရှင်စနစ်အလိုရှိတဲ့အထဲမှာ မဟုတ်ဘူးလေး။ အကုန်လုံး လွတ်လွတ်လပ်လပ်နေရမယ်။ မှန်နေလို့ရှိရင် ကျနော်တို့ အမှန်တရားကို ထပြောလို့ရတယ်။ အာဏာသိမ်းတဲ့ နေက်ပိုင်းမှာ ရာအိမ်မှုး၊ အုပ်ချုပ်ရေးမှုးတွေကို ပြန်ပြီး ကိုးကွယ်နေရတဲ့ပုံစံမျိုးတွေနဲ့ ဒီအာဏာရှင်လက်အောက်မနေချင်လို့ ကျနော်တို့တွေ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ရခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ လိုချင်တဲ့ အနာဂတ် ပန်တိုင်း ဒီမိုကရေစီပဲဗျ။ ဒီမိုကရေစီကလွဲပြီး ကျနော်တို့ ရင်ဘတ်မှာ ဘာမှမရှိဘူး။ အားလုံးက လူထုအတွက် အမှန်တရားကို ပြန်ယူပေးမယ်။ လူထုအတွက် ကျနော်တို့တွေ ကာကွယ်ရေး အနေနဲ့ အကောင်းဆုံးဖြစ်အောင် တည်ဆောက်မယ်။ အကောင်းဆုံးရပ်တည်မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းစဉ်ကို ရောက်အောင် ပြန်ယူမယ်။
မေး – ဒီတော်လှန်ရေး ဘယ်တော့ ပြီးဆုံးနိုင်မလဲလို့ ထင်လဲ။
ဖြေ – ဒီစစ်ကောင်စီဘက်က အမြစ်ပြတ် အကုန်လုံး တစ်ခါထဲ နိဂုံးချုပ်တဲ့ နေ့ကတော့ တော်လှန်ရေး ပြီးဆုံးတဲ့နေပဲ။ ကျနော်တို့မှာနှစ်အကန့်အသတ် မရှိဘူး။ တော်လှန်ရေးကာလ တစ်လျှောက်လုံးမှာ အသက်ရှင်နေတဲ့အတောအတွင်းမှာ တော်လှန်ရေးထဲမှာ ပါဝင်နေအုံးမယ်။ တော်လှန်ရေးထဲမှာ ရှိနေအုံးမယ်ဗျ။ ဘယ်နေ့ပြီးဆုံးမလဲ ဘယ်တော့မှ တိုက်ပွဲဝင်တဲ့အရာ ဘယ်တော့ရပ်တန်မလဲဆိုတော့ ဒီအာဏာရှင်တွေ အမြစ်ပြတ်ခြေမှုန်းသွားတဲ့ တစ်နေ့က ကျနော်တို့ တော်လှန်ရေးပြီးဆုံးတဲ့တစ်နေ့ပဲ။