Tuesday, March 10, 2026
More
    spot_img
    Homeသတင်းပြည်သူများ စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန် NMSP-AD ထုတ်ပြန်

    ပြည်သူများ စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန် NMSP-AD ထုတ်ပြန်

    -

    စစ်ကောၚ်စီသည် လေယာဉ်နှင့် လက်နက်အားကိုးပြီး အများပြည်သူ သွားလာနေထိုင်ရာ ရပ်ရွာနေအိမ်များ၊ ဘာသာရေးအဆောက်အအုံ၊ စာသၚ်ကျောင်းများ၊ ဆေးရုံဆေးခန်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့်အတွက် ပြည်သူများ စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြပါရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ကြေညာချက်ထုတ် တိုက်တွန်းလိုက်သည်။

    ဂျိုင်းမြစ်ရှိ စစ်ကောင်စီသၚ်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာတွင် နေအိမ်အလုံး ၃၀၀ ခန့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် NMSP-AD က ယခုလို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

    နေအိမ် မီးလောင်ဆုံးရှုံးသွားသည့် ဓမ္မသကျေးရွာသားများနှင့် ထပ်တူ ဝမ်းနည်းပူဆွေးရကြောင်းလည်း  မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) က ထုတ်ပြန်ထားသည်။

    ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မတ်လ ၂၄ ရက်နေ့မှစပြီး စစ်ကောၚ်စီတပ်တို့က ဓမ္မသ၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကျိုက်၊ ကော့ဝမ်း၊ ကော့ဒွန်းကော့ပနော၊ အံဂစင်နှင့် အနီးအနားကျေးရွာတဝိုက်တွၚ် နေ့စဉ်ရက်ဆက် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်နေသလို စစ်သၚ်္ဘောမှလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်။  

    စစ်တပ်မှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့်  ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်များ မီးလောင်ပျက်စီးပြီး၊ လူထိခိုက်ဒဏ်ရာရရှိသည့်အပြင် ထောင်နှင့်ချီသည့် ပြည်သူတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ဘာသာရေးအဆောက်အအုံ၊ နေအိမ်များနှင့် အပြစ်မဲ့ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည့် စစ်တပ်၏ လူသားမျိုးနွယ်များအပေါ် ကျူးလွန်မှုသည် စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်ဖြစ်သည်ဟုလည်း NMSP-AD က ထုတ်ပြန်ထားသည်။

    စစ်ရှောင်နှင့် မီးဘေးသင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှုများအတွက် မွန်ပြည်သူတရပ်လုံးနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ ဝိုင်းဝန်းကူညီပေးကြပါရန်လည်း NMSP-AD ကအလေးအနက်တိုက်တွန်းထားသည်။

    မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) အနေဖြင့် ပြည်သူများကို အကာအကွယ်ပေးနိုင်ရေးနှင့် မွန်လူမျိုးများ၏ ကြမ္မာကို မွန်လူမျိုးများ ဖန်တီးနိုင်ရေးအတွက် အဆုံးတိုင် တိုက်ပွဲဝၚ်သွားမည်ဖြစ်ပြီး မွန်လူမျိုးများအနေဖြင့် ဝမ်းနည်းပူဆွေးနာကျည်းမှုကို ခွန်အားအဖြစ်ပြောၚ်းလဲပြီး စုပေါင်းအင်အားဖြင့် စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းဖို့ကိုလည်း တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks