spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီစျေးကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ အသုံးစရိတ်သုံးဆခန့်မြင့်တက်လာ

    စက်သုံးဆီစျေးကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ အသုံးစရိတ်သုံးဆခန့်မြင့်တက်လာ

    -

    စက်သုံးဆီးပြတ်လပ်သည့်အခက်အခဲကြောင့် မွန်ပြည်နယ်အတွင်းက အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့များ အသုံးစရိတ် သုံးဆခန့်မြင့်တက်လာသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတို့ထံမှ သိရသည်။

    မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တို့တွင် ဒီဇင်ဘာလဆန်းပိုင်းကစပြီး စက်သုံးဆီပြတ်လပ်ကာ ဆီရရှိရန် ပြည်သူများ နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းခဲ့ရသည့်အပြင် ဆီစျေးလည်းအဆမတန်မြင့်တက်ခဲ့သည်။

    စက်သုံးဆီဆိုင်တို့တွင် စျေးသက်သာသော်လည်း အချိန်ကြာ တန်းစီစောင့်ဆိုင်းရသည့်အတွက် အဆင်မပြေကြောင်း ဆီကို အပြင်တွင် ဝယ်ယူနေရသည့်အတွက် အသုံးစရိတ်များ မြင့်တက်လာသည်ဟု မော်လမြိုင်မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “စက်သုံးဆီတွေ စျေးနှုန်းမြင့်တက်လာတဲ့အတွက် ကျွန်တော်တို့ အရေးပေါ်လူနာတွေ ပို့ဆောင်ရတဲ့ အချိန်မှာဆိုရင် အစိုးရသတ်မှတ်ထားတဲ့ စျေးနှုန်းအတိုင်း ရောင်းချနေတဲ့ ဆီဆိုင်မှာ တန်းစီဖို့ အဆင်မပြေတဲ့အတွက် အပြင်ဆိုင်မှာ ထည့်နေရတယ်။ အဲကြောင့် မော်လမြိုင်ကနေ ရန်ကုန်အထိ အရေးပေါ်လူနာတွေကို ပို့ဆောင်ရမယ်ဆိုရင် အရင်က ၁ သိန်းလောက်ပဲကုန်တဲ့နေရာမှာ အခု ၃ သိန်းကျော် ကုန်လာတယ်။ အဲဒီပြသာနာကို ကျွန်တော်တို့ အဓိက ရင်ဆိုင်နေရတယ်ဗျ” ဟု ၎င်းက ပြောသည်။

    စက်သုံးဆီစျေးသည် ဆီဆိုင်ကြီးတွေမှာ တစ်လီလာ ကျပ် ၂၀၀၀ နှင့် ၃၀၀၀ ကြားရှိပြီး အပြင်စျေးကွက်တွင် တစ်လီတာ ကျပ် ၇၀၀၀ အထိ တင်ရောင်းနေကြသည်ဟု သိရသည်။

    ဆီပြတ်လပ်မှုဖြစ်ပေါ်လာပြီးနောက် ပြင်ပ‌ လိုသလောက်ဝယ်ယူလို့ရသည့် ဆီ‌စျေးကွက် ပေါ်လာသလို ရေသန့်ဘူးနှင့် စက်သုံးဆီရောင်းသူတွေလည်း ပေါ်ပေါက်လာခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    စက်သုံးဆီ ရရှိရန် အခက်အခဲအပြင် လမ်းခရီးလုံခြုံရေးအခြေအနေ အစရှိသည့်အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း အကူအညီတောင်းခံလာပါက တတ်နိုင်သလောက် ပြေလည်အောင် ဆက်လက်ကူညီပေးနေသည်ဟု မုဒုံမြို့မှ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ၎င်းက “ဆီစျေးနှုန်းတွေ ဘယ်လောက်တက်တက်ပေါ့ ကျွန်တော်တို့အလုပ်က ပရဟိဆိုတော့ ခေါ်ဆိုလာတဲ့ အဝင်ဖုန်းမှန်သမျှကို ပြေလည်အောင်တော့ ကြိုးစားရမှာပေါ့” ဟု ဆိုသည်။

    စက်သုံးဆီရရှိရန် အခက်အခဲကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့များသာမက အသေးစား၊ အလတ်စားလုပ်ငန်းများ၊ ကားသမားများ၊ ဆိုင်ကယ်သမားလည်း အခက်အခဲရင်ဆိုင်ကြုံတွေ့နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks