Saturday, March 14, 2026
More
    spot_img
    Homeသတင်းကျိုက်မရောတွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

    ကျိုက်မရောတွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

    -

    အောက်တိုဘာ ၂၆၊ ၂၀၂၃

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လက်နက်ခဲယမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

    အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သက်သေများနှင့်အတူ ကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသည့် အသက် ၃၆ နှစ်အရွယ် ထွန်းထွန်းဦး(ခ)ငကြောင်ကို စစ်ဆေးရှာဖွေခဲ့ရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀ ပြား၊ ကာလတန်ဖိုး ၄ သိန်းခွဲ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲအသုံးချမှုထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

    ကွင်းဆက်ဖော်ထုတ်ချက်အရ ခရုံကျေးရွာနေ အသက် ၃၃ နှစ်အရွယ် မင်းသူ နေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ နှင့်အတူ ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၃ တောင့်၊ ကျည်အိမ်တစ်ခု၊ ပွိုင့်-၂၂ လက်လုပ်သေနတ် ၁ လက်နှင့် လက်ကိုင်ဖုန်းတစ်လုံး ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

    ၎င်းပြင် ခရုံကျေးရွာနေ မင်းသူ၏ ညီဖြစ်သူ အသက် ၂၆ နှစ်အရွယ် အောင်အောင်(ခ)ကမ္ဘာကျော်ဆိုသူ၏ နေအိမ်အတွင်းမှလည်း စိတ်ကြွရူးသွပ်ဆေးပြား ၇၄၀ ပြား၊ ကာလတန်ဖိုး ၂၂ သိန်းကျော်၊ ကားတစ်စီးနှင့် ဖုန်းတစ်လုံး ထပ်မံသိမ်းဆည်းရမိခဲ့သည်။

    စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် ထွန်းထွန်းဦး(ခ)ငကြောင်၊ မင်းသူနှင့် အောင်အောင်(ခ)ကမ္ဘာကျော်တို့ကို ကျိုက်မရောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

    ကွင်းဆက်များကိုလည်း ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲအသုံးချမှုထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ ညနေပိုင်းကလည်း ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာတွင် ဦးထွန်းနွယ်ဦး မောင်းနှင်ပြီး ဒေါ်ဝေဝေအောင် လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်မှ ဘိန်းစာရွက်အစိုများနှင့်အတူ ပစ္စတိုသေနတ်တစ်လက် သိမ်းဆည်းဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks