မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ပြီး မွန်ကျောက်စာသၚ်တန်းတစ်ခုကို မွန်ပြည်နယ်၊ မုဒုံမြို့ပေါ်ရှိ ပိန္နဲတိုက် စာသၚ်တိုက်တွင် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မွန်ကျောင်စာသင်တန်းကို ဇွန်လ ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလကို နှစ်ပတ် သတ်မှတ်ထားကြောင်း သိရသည်။
နှစ်ပတ်ကြာ သင်ကြားပို့ချမည့် မွန်ကျောက်စာသင်တန်းကို ပိန္နဲတိုက် စာသၚ်တိုက်မှ စာချဆရာတော်လည်းဖြစ်၊ မွန်ကျောက်စာဆရာလည်းဖြစ်သည့် ဆရာတော်ကေလာသမှ ရွှေစည်းခုံဘုရားကျောက်စာကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
“မွန်ကျောက်စာသင်တန်းကို မွန်စာပေ၊ ယဥ်ကျေးမှုကို ထိန်းသိမ်းဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်တာဖြစ်တယ်။ မြို့နယ်တိုင်းမှာ မွန်ကျောက်စာ သင်တန်းဖွင့်သွားနိုင်ဖို့ ရည်ရွယ်ပြီးတော့ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဥ်ကျေးမှုကနေ ဆရာတော်တွေနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်တာဖြစ်တယ်” ဟု ဝေပုလ္လဆရာတော်က မိန့်ကြားသည်။
လက်ရှိတွင် မွန်ကျောက်စာသၚ်တန်းတတ်ရောက်သင်ကြားနေသည့် သံဃာတော် ၃၃ ပါးနှင့် လူငယ် ၁၁ ဦး ရှိပြီး သင်တန်းသားများသည် မုဒုံမြို့နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကော့ကရိတ်နှင့် ကြာအၚ်ဆိပ်ကြီးမြို့နယ်တို့မှ ဖြစ်ကြသည်။
“သၚ်တန်းရောက်တတ်တဲ့ရည်ရွယ်ချက်က ကိုယ့်လူမျိုးရဲ့ ရှေးဟောၚ်းစာပေယဉ်ကျေးမှုတွေ နောက် တိမ်မြုပ်နေတဲ့ မွန်ကျောက်စာတွေကို ပြန်လည်ဖော်ထုတ်ခြင်လို့ တတ်ရောက်တာဖြစ်တယ်” ဟု မွန်ကျောင်စာ တက်ရောက်သင်ကြားနေသည့် သင်တန်းသားတစ်ဦးက ပြောသည်။
မွန်ကျောက်စာသင်တန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဥ်ကျေးမှုအဖွဲ့တို့မှ ဦးဆောင်ပြီး မော်လမြိုင်မြို့ ရာမညရဌဗုဒ္ဓတက္ကသိုလ်ကျောင်းတွင် သုံးပတ် ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်ဟု သိရသည်။