spot_img
Monday, July 28, 2025
More
    spot_img
    Homeသတင်းလေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်း ဖော်မည့်နေရာတဝိုက်က မြေတွေကို စျေးကောင်းပေး လိုက်ဝယ်နေ

    လေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်း ဖော်မည့်နေရာတဝိုက်က မြေတွေကို စျေးကောင်းပေး လိုက်ဝယ်နေ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် တည်ဆောက်မည့် နိုင်ငံတကာ အဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ဆိပ်ကမ်းစီမံကိန်းမြေနေရာအနီးတွင် မြေယာတွေကို စျေးကောင်းပေးပြီး လိုက်လံဝယ်ယူ နေကြောင်း ဒေသခံများထံမှ သိရသည်။

    စီမံကိန်း အကောင်အထည်ဖော်မည့် ကော့ပရံကျေးရွာ၊ ဘလောက်ညောင်ဝိုင်း နှင့် ဝဲကလိ ကျေးရွာအနီးဝန်းကျင်က မြေတွေကို ဈေးကောင်းပေးကာ လိုက်လံဝယ်ယူနေကြကြောင်း ကော့ပရံကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

    ဝယ်ယူသူများသည် မော်လမြိုင်မြို့နယ်မှ  မြေယာပွဲစားများဖြစ်ပြီး မြေယာများကို ဒေသတွင်းက ပေါက်စျေးထက် ပိုပေးနေသည်ဟုလည်း သိရသည်။

    “ဈေးကောင်းပေးပြီးတော့ လိုက်ဝယ်ပေးနေတာတော့ ဟုတ်တယ်။ မြေအရောင်းတွေရှိလား အရင်လာစုံစမ်းတယ်။ ရောင်းမယ့် ခြံတွေ မြေတွေကို ခေါ်ဈေးထက် တစ်ဆလောက်ပိုပေးနေတယ်။ လူတိုင်းတော့ မရောင်းကြပါဘူး။ တစ်ချို့တစ်လေပဲ ရောင်းတာ”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

    ရွာနှင့် အနီးအဝေးပေါ် မူတည်ပြီး စျေးနှုန်းသတ်မှတ်ကာ အရောင်းအဝယ်ပြုလုပ်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

    ဒေသခံတစ်ချို့ဆီမှ ဝယ်ယူထားသော ခြံများကို ချက်ချင်း ခြံစည်းရိုးများ ခတ်ထားကြောင်းလည်း သိရသည်။

    မုဒုံမြို့နယ်မှ ဒေသခံတစ်ဦးက “လယ်မြေတွေကိုပဲ ဝယ်နေတာပါ။ ဒေသခံတွေက တစ်ဧကကို ၇၀ ဈေးခေါ်ရင် သူတို့က သုံးဆယ်တိုးပေးမယ် ၁၀၀နဲ့ရောင်းဆိုပြီး ဝယ်နေတာ”ဟု ၎င်းက ပြောသည်။

    စီမံကိန်း အကောင်အထည်ပေါ်လာပါက အဆိုပါနေရာများသည် ယခင်ထက် ဈေးတက်လာနိုင်သောကြောင့် မြေယာများကို လိုက်လံဝယ်ယူနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    နိုင်ငံတကာအဆင့်မီလေဆိပ်ကို မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးမှာ  တည်ဆောက်ရန် မြေဧကလျာထားပြီး အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကို ပင်လယ်ထွက်ပေါက်နှင့် နီးသည့် ဘလောက်ညောင်းဝိုင်း နှင့် ဝဲကလိ ကျေးရွာကြား တည်ဆောက်ရန် မြေနေရာသတ်မှတ်ထားခြင်း ဖြစ်သည်။

    နိုင်ငံတကာအဆင့်မီ လေဆိပ်စီမံကိန်းအတွက် မြေဧကပေါင်း ၄၃၀၀ ကျော် လျာထားပြီး ဆိပ်ကမ်းစီမံကိန်းအတွက် မြေဧက ၃၆၀ ကျော် လျာထားကြောင်း ပြည်နယ်စစ်ကောင်စီထံက သိရသည်။

    ထို့နောက် မြေယာလျော်ကြေးအတွက် ငွေကျပ် ၂၇ ဘီလီယံကျော် ပေးဆောင်ရန် လျာထားတယ်လို့ သိရသည်။

    စစ်ကောင်စီ အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လွန်ခဲ့သည့် ဇွန်လက မွန်ပြည်နယ်ကို လာရောက်သည့်ခရီးစဉ်တွင် နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း စီမံကိန်းအသစ်တို့ကို မွန်ပြည်နယ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,000SubscribersSubscribe
    spot_img

    Latest posts