spot_img
Tuesday, July 29, 2025
More
    spot_img
    Homeသတင်းစက်သုံးဆီပြတ်လပ်ပါက အရေးယူမည်ဆိုသည်မှာ ဖိအားပေးခြင်းဟု လုပ်ငန်းရှင်များ ပြော

    စက်သုံးဆီပြတ်လပ်ပါက အရေးယူမည်ဆိုသည်မှာ ဖိအားပေးခြင်းဟု လုပ်ငန်းရှင်များ ပြော

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၁၄)

    စက်သုံးဆီကုမ္ပဏီများ အပါအဝင် စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်ပါက အရေးယူ သွားမည်ဟုသော ထုတ်ပြန်ချက်မှာ လုပ်ငန်းဆောင်ရွက်မှုအပေါ် ဖိအားပေးခြင်း ဖြစ်ကြောင်း မော်လမြိုင်မှ စက်သုံးဆီဆိုင်လုပ်ငန်းရှင်များက ပြောသည်။

    အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းက ဇွန် ၁၂ ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

    မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်းအနေဖြင့် အရေးယူမည့် ထုတ်ပြန်ချက်ထက် ပိုအရေးကြီးသည့်အချက်ကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “အရေးယူမယ်ဆိုပြီး ဖိအားပေးလိုက်တာထက် ဝယ်ယူတဲ့နေရာမှာ ပိုပြီးလွယ်ကူအောင်၊ အဆင်ပြေအောင် အရင်လုပ်ပေးဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

    ပြည်နယ်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များ ညှိနှိုင်းကာ အကန့်အသတ်ဖြင့် ရောင်းချပေးနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    မော်လမြိုင်မှ စက်သုံးဆီ‌အရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့ဆီမှာ ရှိသလောက်ကို အဆင်ပြေအောင် ချိန်ပြီး ရောင်းပေးနေတာပေါ့။ ပြတ်သွားရင် အရေးယူမယ်လို့ပြောတယ်။ မပြတ်အောင် ဘယ်လိုရောင်းဝယ်ကြမလဲတော့ မပြောသွားဘူး။ အရေးကြီးတဲ့ အချက်ကျန်ခဲ့တာပေါ့”ဟု ပြောသည်။

    ထုတ်ပြန်ချက်တွင် စက်သုံးဆီဆိုင်များ ဆီပြတ်လပ်နိုင်မည့်အခြေအနေ ဖြစ်ပေါ်လာပါက အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်တင်ပြရန် ညွှန်ကြားထားသည်။

    ဆောင်ရွက်နိုင်ခြင်း မရှိသည့် စက်သုံးဆီဆိုင်များကို ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထိုက်သင့်သည့် အရေးယူမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေငြာထားသည်။

    နစက ကောင်စီက စက်သုံးဆီ ပြတ်လပ်မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားပြီး ဆီသိုလှောင်ကန်များတွင် အရံဆီ ဇွန်လ ၁၆ ရက်အထိ ရှိနေသေးကြောင်း နစက ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,000SubscribersSubscribe
    spot_img

    Latest posts