spot_img
Wednesday, September 17, 2025
More
    spot_img
    Homeသတင်းမုဒုံတွင် စစ်ဆေးရေးဂိတ် ထပ်မံ တိုးချဲ့

    မုဒုံတွင် စစ်ဆေးရေးဂိတ် ထပ်မံ တိုးချဲ့

    -

    ဟောင်ဒိန်း၊ ကျလွန်းထော – မုဒုံမြို့အနီး အိပ်ချိန်းရုံးကို မေလ ၁၄ ရက်နေ့က လက်နက်ကိုင် အဖွဲ့တဖွဲ့မှ ဝင်ရောက် ဖောက်ခွဲပစ်ခတ်ပြီးနောက် လုံခြုံရေး ထပ်မံတိုးမြှင့်သည့် အနေဖြင့် မော်လမြိုင်- သံဖြူဇရပ်ကားလမ်းဘေးတွင် စစ်ဆေးရေးဂိတ်များ တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။

    ဇွန်လ ၁၃ ရက်နေ့မှ စပြီး မုဒုံမြို့အထွက် မုဒုံ- ချောင်းနှစ်ခွ ကားလမ်းဘေးတွင် အခြေစိုက်သည့် လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာတပ် (လစရ) က မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာအနီး တနေရာနှင့် မုဒုံ-မော်လမြိုင် ကားလမ်းဘေးတွင် တနေရာ တိုးချဲ့ ချထားခြင်း ဖြစ်သည်။

    မော်လမြိုင်မြို့နယ်ရှိ ရိုးဂိုးစစ်ဆေးရေးဂိတ်

    “လစရ က စစ်ဆေးရေး အတွက်ပဲ ဒီမှာ လာထိုင်တာ။ ဒီနေရာကလည်း သူတို့ နယ်မြေပဲလေ” ဟု ကျေးရွာ ပြည်သူ့စစ်နှင့် နီးစပ်သည့် ညောင်ကုန်းရွာသား တဦးက ပြောသည်။
    ဂိတ်များ ဖွင့်ထားသော်လည်း တာဝန်ကျသူများက ခရီးသွားများအား တစုံတရာ စစ်ဆေးမေးမြန်းခြင်း မရှိသေးကြောင်း ခရီးသွားတို့က ပြောသည်။

    မုဒုံမြို့အနီး အိပ်ချိန်းရုံးကို ဖောက်ခွဲ ပစ်ခတ်ရာတွင် မွန်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (MPLA) ဟု အမည်ပေးထားသည့် လက်နက်ကိုင် အဖွဲ့၏ လက်ချက်ဟု မျက်မြင်များက ခန့်မှန်းကြပြီး ပစ်ခတ်ဖေါက်ခွဲမှုကြောင့် ရဲသားတဦး သေဆုံးကာ ရုံးဝန်ထမ်းအချို့လည်း ဒါဏ်ရာ ရရှိခဲ့သည်။

    ယခု ဖွင့်ထားသည့် ဂိတ်သစ်မှာ အကောက်ခွန်ဂိတ်သာ ဖြစ်နိုင်ကြောင်း မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်မှ ခရီးသွားအချို့က ခန့်မှန်းကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,900SubscribersSubscribe
    spot_img

    Latest posts