Tuesday, March 17, 2026
More
    spot_img
    HomeCovid 19ကိုဗစ်ကူးစက်မှုမြင့်လာနိုင်သောကြောင့် ပြည်သူများပိုမိုဂရုစိုက်ကြရန် တိုက်တွန်း

    ကိုဗစ်ကူးစက်မှုမြင့်လာနိုင်သောကြောင့် ပြည်သူများပိုမိုဂရုစိုက်ကြရန် တိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ (၇ ဇူလိုင် ၂၀၂၁)

    ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်နေသောကြောင့် လာမည့်နှစ်လအတွင်း ပြည်သူများ ပိုမိုဂရုစိုက်ကြဖို့ လိုအပ်ကြောင်း၊ သေဆုံးမှုနှုန်းလည်း ဆက်လက်မြင့်တက်လာနိုင်သည့် အ‌ခြေအနေရှိနေကြောင်း မွန်ပြည်နယ်မှ Volunteer ဆရာဝန် ဒေါက်တာသက်ကျော်စိုးက တိုက်တွန်းပြောကြားသည်။

    “အခုက စပြီး တစ်လ အလွန်ဆုံး နှစ်လပေါ့။ အဲအတွင်းမှာ အသေအပျောက်က များနိုင်သေးတယ်။ ကူးစက်မှုနှုန်းလည်း များလာနိုင်သေးတယ်။ အဲတော့ ကိုယ့်အိမ်မှာရှိတဲ့ ရောဂါအခံရှိတဲ့လူကြီးတွေ အသက်ကြီးတဲ့လူတွေ ဒီနှစ်လအတွင်းမှာ ပါသွားနိုင်ချေများတယ်။ အဲတော့ အားလုံး မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ mask တွေကို မဖြစ်မနေတပ်ဖို့ပေါ့လေ အဲဒါအရေးကြီးဆုံးပဲ”ဟု ဒေါက်တာသက်ကျော်စိုးက ပြောသည်။

    ယခုဖြစ်ပွားနေသည့် ကိုဗစ်ဗိုင်းရပ်သည် ယခင်ထက် ပိုမိုပြင်းထန်သည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာကြောင်း၊ ပြင်းထန်သည့် ရောဂါလက္ခဏာအနေဖြင့် အောက်စီဂျင် ရုတ်တရက် ကျဆင်းခြင်း ဖြစ်ပေါ်လေ့ရှိကြောင်း ၄င်းက ဆက်ပြောသည်။

    ‘ဘိုဘိုဝင်း’အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက “နေ့စဉ်သေဆုံးမှုတွေကလည်း‌ နေ့တိုင်းရှိနေတယ်ပေါ့။ အဲတော့ အားလုံး သတိ ဝီရီယနဲ့ နေပြီးတော့ လက်ဆေးတာတွေ  Mask ကို ထူထူတပ်တာတွေ ဆောင်ရွက်ပေးဖို့ ကျွန်တော့အနေနဲ့ တိုက်တွန်းချင်တယ်”ဟု ပြောသည်။

    ရောဂါကူးစက်ခံရသူ များလာသောကြောင့် ကုသမှုရေးနှင့် နေထိုင်စားသောက်ရေးပါ ခက်ခဲလာနိုင်ပြီး ကြိုတင်ကာကွယ်ခြင်းကသာ ပိုမိုထိရောက်ကြောင်း ဆက်ပြောသည်။

    ‌မွန်ပြည်နယ်အတွင်း ဇူလိုင် ၆ ရက်ထိ ကိုဗစ်ကူးစက်ခံရသူ ၁၁၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၃၄ ဦးထိ ရှိပြီ ဖြစ်ကြောင်း၊ ပြည်နယ်ပြည့်သူကျန်းမာရေးဦးစီးဌာန အချက်အလက်အရ ကိုဗစ်ကူးစက်မှု အမြင့်ဆုံးမှာ သံဖြူဇရပ်မြို့နယ်ဖြစ်ပြီး ရပ်ကွက် ၅ ခုကို Stay at home သတ်မှတ်ထားကြောင်း သိရသည်။

    ထို့ပြင် မော်လမြိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော ကိုဗစ်အတည်ပြုလူနာ ၁၁ ဦး ယမန်နေ့ (ဇူလိုင်လ ၆ ရက်) တွင် တစ်ရက်တည်း အမြင့်ဆုံးစံချိန်တင်သေဆုံးခဲ့သည်။

    သို့ရာတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိပြီးနောက် အမှန်တကယ်ပျောက်ကင်းသူများနှင့် ဆေးရုံဆင်းပြီးသူများကို မှတ်တမ်းဖြင့်စနစ်တကျ ဖော်ပြထားခြင်းမတွေ့ရသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks