spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမုဒုံ-ချောင်းနှစ်ခွကားလမ်း ကဒါရဲကင်းရှေ့တွင် မူးယစ်ဆေးဝါးထပ်မံဖမ်းဆီးရမိ

    မုဒုံ-ချောင်းနှစ်ခွကားလမ်း ကဒါရဲကင်းရှေ့တွင် မူးယစ်ဆေးဝါးထပ်မံဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (၃၀ ဒီဇင်ဘာ ၂၀၂၀)

    မုဒုံ-ချောင်းနှစ်ခွကားလမ်း ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာဘက်မှ မောင်းနှင်လာသော Honda NCX ဆိုင်ကယ်တစ်စီးအား ကဒါရဲကင်းရှေ့တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က စစ်ဆေးရာမှ မူးယစ်ဆေးဝါး ထပ်မံဖမ်းဆီးရမိကြောင်း ချောင်းနှစ်ခွနယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်နိုင်မြင့်က ပြောသည်။

    “မူးယစ်တပ်ဖွဲ့ဝင်တွေ့နဲ့ ကျနော်တို့အဖွဲ့တွေ သတင်းအရ စောင့်ဆိုင်းနေကြတယ်ပေါ့၊ ချောင်းနှစ်ခွဘက်ကနေ ကျွန်းရွာဘက်ကို မောင်းလာတဲ့ဆိုင်ကယ်ကို စစ်ဆေးရာမှာ မူးယစ်ဆေးပြား(၉၆၅)ပြားနဲ့ ဖမ်းမိခဲ့တာပါ၊ မော်လမြိုင်မြို့က နှစ်ယောက်ပါ၊ အမြန်ဆုံး တရားစွဲတင်နိင်ဖို့ လုပ်နေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

    မော်လမြိုင်မြို့နေသူများဖြစ်သည့် သန်းထွေးဦး(ခ)သားငယ်(၂၈ နှစ်) မောင်းနှင်လာပြီး ဇေရဲ(၁၈ နှစ် လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်များ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့ရာမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများအား သိမ်းဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်းက ဖော်ပြသည်။

    ကျွန်းရွာမှ အမည်မဖော်လိုသူတစ်ဦးက “ဒီလမ်းကြောင်းကို တစ်ပတ်တစ်ကြိမ်လောက် ပဲ ပိတ်ဆို့လုပ်ပါ၊ အများကြီးထပ်မိမှာပါ၊ ဒီမူးယစ်ဆေးဝါးတွေကို ထိန်းချုပ်သင့်ပါပြီး၊ အခုဒီမူးယစ်ဆေးဝါးတွေက ကလေးတွေရဲ့လက်တစ်ကမ်းကို ရောက်နေတာ၊ ဒါပြသာနာပဲ စပြီးစမ်းသပ်သုံးဖို့က အရမ်းလွယ်ကူလွန်းနေတယ်၊ များများဖမ်းဆီးပေးပါလို့ပဲ ပြောချင်တယ် “ဟု ဆိုသည်။

    ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ သန်းထွေးဦးနှင့် ဇေရဲအပေါ် ချောင်းနှစ်ခွနယ်မြေရဲစခန်းမှ မယ(ပ)၁၅/၂၀၂၀၊မူး/စိတ်ပြောင်းပုဒ်မ-၁၉(က)/၂၁ ဖြင့် အမှုဖွင့်လှစ် အရေးယူထားသည်။

    အဆိုပါမူးယစ်ဆေးဝါးများသည် ကရင်ပြည်နယ်မှ မွန်ပြည်နယ်ဘက်သို့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုက တင်ပို့ရောင်းချနေသည်ဟု ယူဆနိုင်စရာရှိကြောင်း ၎င်းက ဆိုသည်။

    အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က မုဒုံမြိုမှ မောင်းနှင်လာသော Probox ကားတစ်စီးအား အဆိုပါ ကဒါရဲကင်းရှေ့တွင် ရပ်တန့်စစ်ဆေးရာမှ လူ ၂ ဦးထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့ကြောင်း သတင်းဖော်ပြပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks