spot_img
Friday, January 16, 2026
More
    spot_img
    HomeCovid 19Covid ကာလထောက်ပံ့ကြေး အစိုးရက တိုင်းရင်းသားလက်နက်ကိုင် EAO (၈) ဖွဲ့ကို ရိက္ခာငွေထောက်ပံ့

    Covid ကာလထောက်ပံ့ကြေး အစိုးရက တိုင်းရင်းသားလက်နက်ကိုင် EAO (၈) ဖွဲ့ကို ရိက္ခာငွေထောက်ပံ့

    -

    မွန်သတင်းအေဂျင်စီ (သြဂုတ် ၃)

    အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာနဗဟို NRPC က Covid ကာလတွင် ထောက်ပံ့ကြေးလိုအပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် EAO (၈) ဖွဲ့အတွက် ရိက္ခာငွေထောက်ပံ့ပေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဦးဇော်ဌေးက “အခုလက်ထက်မှာ ကျနော်တို့ထောက်ပံ့နိုင်ခြင်းမရှိဘူး သို့သော် Covid ကာလမှာပေါ့နော် အခက်ခဲတွေဖြစ်တယ်ဆိုတော့ ကျနော်တို့ပြန်သုံးပါတယ်၊ တင်ပြလာတဲ့အင်အားစာရင်းတွေ လူစာရင်းတွေ အဲဒီအပေါ် မူတည်ပြီးတော့ အရင်ကပေးခဲ့တဲ့ ထုံးစံကိုပြန်ကြည့်တယ် အဲဒီတုန်းက အင်အားဘယ်လောက်ဆိုရင် ဘယ်လို ပေးခဲ့တာကို ကျနော်တို့ ခွဲလိုက်ပါတယ်၊ အဖွဲ့ကြီး အဖွဲ့လတ် အဖွဲ့ငယ် အဖွဲ့သေးဆိုပြီးတော့ ခွဲလိုက်တယ်၊ သူ့အင်အားနဲ့ လျော်ညီတဲ့ထောက်ပံ့ငွေပေါ့နော် ဒါကလည်း Covid 19 ဒီကာလမှာ အခက်အခဲဖြစ်နေတဲ့ မိသားစုဝင်တွေ တပ်ဖွဲ့ဝင်တွေကိုပေါ့နော် သူတို့အတွက် စားနပ်ရိက္ခာအဆင်ပြေအောင် ကျနော်တို့ထောက်ပံ့တယ်”ဟု ဆိုသည်။ 

    အဆိုပါ ကိုဗစ်ကာလထောက်ပံ့ငွေများကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးဖြစ်သော မွန်ပြည်သစ်ပါတီ NMSP, ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC, ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တို့အား ကျပ်သိန်း ၁၀၀၀ စီ၊ ချင်းအမျိုးသားတပ်ဦး CNF, ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့အား ကျပ်သိန်း ၇၅၀ စီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP, မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့အား ကျပ်သိန်း ၅၀၀ စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အတွက် ငွေကျပ် ၂၅၀ သိန်းတို့ကို ဇူလိုင် ၂၄ ရက်စွဲဖြင့် သက်ဆိုင်ရာဘဏ်များကတဆင့် လွှဲအပ်ပေးခဲ့ပြီးဖြစ်သည်။

    သို့ရာတွင် အဆိုပါထောက်ပံ့ငွေများပေးအပ်သည့်အစီအစဉ်တွင် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ မပါဝင်ကြောင်း သိရသည်။ 

    “ကျနော်တို့ဆီ NRPC ကို ၈ ဖွဲ့တင်ပြတာ KNU, RCSS မပါပေါ့နော် အဲဒီ ၈ ဖွဲမှာ၊ အစိုးရအနေနဲ့ ကိုဗစ်ကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေ ထောက်ပံ့တာရှိတယ်၊ လယ်သမားတွေကို စိုက်စရိတ်ထုတ်ပေးတာရှိတယ်၊ သို့သော် ဒီကာလမှာတော့ ဒီ EAO တွေ အကြုံးမဝင်ဘူး၊ IDP ဆိုရင် လူကယ်ပြန်နဲ့ ပြန်လည်ထောက်ပံ့မှုပေးတယ်၊ အဲဒီမှာ တိုက်ရိုက်မပါဘူး၊ EAO တွေမပါတဲ့အတွက် EAO မိသားစုတွေက ကျန်တဲ့လူနဲ့နည်းတူပေါ့နော် အသက်မွေးဝမ်းကြောင်း မလုပ်နိုင်ဘူး ဒီကာလလည်း နည်းနည်းရှည်သွားတယ် ဥပမာ အားဖြင့် ထိုင်းဖက်မှာရှိတဲ့အဖွဲတွေ ပိုဆိုးတယ်၊ ထိုင်းမှာ Emergency ကြေညာလိုက်တယ် ဘယ်မှသွားလို့မရ လုပ်လို့မရ ဒါမျိုးတွေဖြစ်သွားတယ်၊ ဖြစ်တဲ့အခါကျတော့ ၈ ဖွဲ့က အခက်အခဲကိုတင်ပြတာပေါ့” ဟု ဦးဇော်ဌေးက ဆက်ပြောသည်။

    COVID-19 ကူးစက်မြန်ရောဂါကာလအတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသရှိ ထိုင်းနယ်စပ်တလျှောက်နေထိုင်လျှက်ရှိသော အိမ်ထောင်စု ၃ ထောင်ခန့် စားသောက်ကုန်ပြတ်လပ်မှုနှင့် ကြုံတွေ့ခဲ့ရသည့်အတွက် မွန်ပြည်သစ်ပါတီက အစိုးရထံအကူအညီတောင်းခံခဲ့ကြောင်း သိရသည်။ 


    Photo- ထောက်ပံ့ငွေလွှဲအပ်ပြီးကြောင်း NMSP သို့ အကြောင်းကြားစာ (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts