spot_img
Thursday, November 20, 2025
More
    spot_img
    Homeသတင်းကျေးရွာ အုပ်ချုပ်ရေးမှူးလောင်း အမည်စာရင်း ပါတီများ တင်သွင်းခွင့်ရသော်လည်း တရားမျှတမှု မရှိ

    ကျေးရွာ အုပ်ချုပ်ရေးမှူးလောင်း အမည်စာရင်း ပါတီများ တင်သွင်းခွင့်ရသော်လည်း တရားမျှတမှု မရှိ

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ကျေးရွာ အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ရန် မွန်ပြည်နယ်အစိုးရက နိုင်ငံရေးပါတီများထံမှ အုပ်ချုပ်ရေးမှူးလောင်းစာရင်း တောင်းခံနေသော်လည်း တရားနည်းလမ်း မကျသည့် ဆောင်ရွက်မှုများ ရှိနေကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီက ပြောသည်။

    “မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အတွင်းရေးမှူးနဲ့ စာရေးတွေက ရွာတွေကို သွားပြီး သူတို့ လူတွေကိုပဲ ခေါ်တယ်။ ရပ်မိရပ်ဖဆိုလည်း ကြံ့ခိုင်ရေးတွေ ပါတယ်၊ ကြံ့ခိုင်ရေးကလည်း (၂) ယောက် တင်တယ် ဆိုတော့ သူတို့က မဲများနေတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဗဟိုကော်မတီဝင် နိုင်မွန်ချမ်းက ပြောသည်။

    ကျေးရွာတရွာလျှင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၂) ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ (၂) ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မှ (၂) ဦးနှင့် ကျေးရွာ ရပ်မိရပ်ဖထံမှ (၂) ဦး အမည်စာရင်း တင်သွင်းခွင့် ရပြီး အမည်စာရင်းများကို မွန်ပြည်နယ် ဝန်ကြီးချုပ်ရုံးသို့ ဧပြီလ ၂၅ ရက်နေ့အရောက် ပေးပို့ရမည် ဖြစ်သည်။

    ၎င်းပြင် ရွာသားများ ရွေးချယ်လိုသည့် ကျေးရွာ ရပ်မိရပ်ဖများကိုလည်း မြို့နယ်အဆင့် အာဏာပိုင်များက ပယ်ချခဲ့ကြောင်း မုဒုံမြို့နယ် အတွင်းရှိ ကျေးရွာတရွာမှ ရွာသားတဦးက ပြောသည်။

    “မုဒုံ ထုံမံရွာမှာဆို အသက် ၂၉ ပဲ ရှိသေးတော့ အုပ်ချုပ်ရေးမှူး လုပ်လို့ မရသေးဘူးတဲ့၊ နောက်တယောက်ကိုလည်း ၈၈ အရေးအခင်းမှာ ပါခဲ့တယ် ဆိုပြီး လုပ်လို့ မရဘူးတဲ့။ သူတို့လူ မဟုတ်လို့လေ” ဟု သူက ပြောသည်။

    ယခင် နအဖ စစ်အစိုးရ လက်ထက်က ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဖွဲ့စည်းကာ ဥက္ကဌ၊ အတွင်းရေးမှူးများ ဖြင့် အုပ်ချုပ်စေခဲ့သည်။ ယခု ကျေးရွာ အုပ်ချုပ်ရေးမှူးစနစ်ဖြင့် အုပ်ချုပ်ရာတွင် ၎င်းတဦးတည်း စိတ်ကြိုက် အုပ်ချုပ်မည် သို့မဟုတ် အုပ်ချုပ်ရေး အဖွဲ့ ဖြင့် အုပ်ချုပ်မည် ဆိုသည်ကို မသိရသေးကြောင်း ၂၀၀၈ ခုနှစ် က ကျေးရွာဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးသူ တဦးက ပြောသည်။

    “အခု ကျေးရွာအုပ်ချုပ်ရေးမှူး တယောက်ကိုပဲ ရွေးမှာ။ အရင်တုန်းက ကျေးရွာဥက္ကဋ္ဌ ပြီးရင် အတွင်းရေးမှူး (၁)/ (၂) တွေ ရှိသေးတယ်၊ အခု အဲဒါတွေ မရှိတော့ဘူး။ ထပ်ရွေးမလား မရွေးဘူးလား ဆိုတာလည်း မသိသေးဘူး။ ဘယ်လိုပုံစံနဲ့ သွားမလဲ ဆိုတာလည်း မရှင်းသေးဘူး” ဟု သူက ပြောသည်။

    စစ်အစိုးရ အာဏာသိမ်းပြီးစ ၁၉၈၉ ခုနှစ် န၀တ အစိုးရလက်ထက် ထုတ်ပြန်ထားသော ညွှန်ကြားချက်ထဲ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်သူများ ရွေးချယ်ရာတွင် မြို့နယ် အဖွဲ့၀င်များက “ကျေးရွာအုပ်စုရှိ ပြည်သူများနှင့် မျက်နှာစုံညီ လက်ဖက်ရည်ဝိုင်းဖြင့် ထိတွေ့ ရွေးချယ်ရန်” ဟု ပါရှိသည်။

    ထို့ပြင် ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့မှ ဆရာတော်များထံ တင်ပြလျှောက်ထား၍ သဘောထားရယူရန်၊ ရွေးချယ်ရာတွင် အဖွဲ့ဝင် ၃ ဦးနှင့် အရန်အဖွဲ့ဝင် ၃ ဦး လျာထား ရွေးချယ်တင်ပြရန် ဖြစ်ပြီး၊ ၄င်းတို့အထဲမှ တဦးကို ဥက္ကဋ္ဌအဖြစ် မြို့နယ်မှ ရွေးချယ် တာဝန်ပေးရန် ဟုလည်း ပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts