spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားနည်းချက်များ ရှိနေဆဲဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးပြော

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားနည်းချက်များ ရှိနေဆဲဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးပြော

    -

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) အရ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကျင်းပနိုင်ခဲ့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားနည်းချက်များ ရှိနေဆဲဟု NCA လက်မှတ်ရေးထိုးခြင်း (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားမိန့်ခွန်းတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားလိုက်သည်။

    “NCA စာချုပ်ကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ကျင်းပနိုင်ခဲ့သောလည်း ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ စိန်ခေါ်မှုများနှင့် အားနည်းချက်များစွာ ရှိနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ အားလုံး ပကတိအတိုင်း လက်ခံရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။

    NCA ၂ နှစ်ပြည့်အခမ်းအနား၌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး မိန့်ခွန်းပြောကြားစဉ်(Hla Maung Shwe FB)
    အားနည်းချက်များတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee – JMC) ကို ပြည်ထောင်စုအဆင့်နှင့် တချို့ပြည်နယ်အဆင့်များမှာ ဖွဲ့စည်းနိုင်ခဲ့သော် လည်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒေသအချို့တွင် ပြည်နယ်အဆင့် JMC-S ကို ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့်အတွက် JMC အဆင့်ဆင့်၏ လုပ်ငန်းများ ဖော်ဆောင်ရာတွင် အခက်အခဲများ ရှိနေသည်ဟု ဆိုသည်။

    NCA လက်မှတ်ရေးထိုးခြင်း (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များကိုယ်စား ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့က အဖွင့်အမှာစကားပြောကြားခဲ့ခြင်း ဖြစ်သည်။

    တပ်မတော်ကာကွယ်ရေးဦစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီလမ်းကြောင်းအပေါ်ကနေ သွေဖည်မှုတွေကို မလုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ မိမိတို့ရဲ့ လိုအင်ဆန္ဒတွေကို ဒီမိုကရေစီ နည်းလမ်းတကျ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားမှသာ လူထုဆန္ဒနဲ့ ကိုက်ညီမှာ ဖြစ်ပါတယ်။ အဓိကတော့ ဥပဒေနဲ့ အညီသာ အားလုံးက လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ ရှိလို့မရပါဘူး”ဟု အဖွင့်အမှာစကားတွင် ပြောသည်။

    ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်ဖြစ်သည့် လက်နက်စွဲကိုင်ပြီး လိုရာတောင်းဆိုမှုမျိုးကို စွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားလိုက်သည်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း “နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ သဘောသဘာ ဝအရ အနိမ့်/အမြင့်၊ အတက်/အကျ တွေ ရှိစမြဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လည်း ပန်းတိုင်နဲ့ နီးလာလိုက်၊ ပြန်ပြီးတော့ ဝေးကွားသွားလိုက်နဲ့ ရှိခဲ့ကြသလိုပါပဲ ကျွန်မတို့ နိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလမ်းဟာ အစဉ်အမြဲ ချောမွေ့နေမှာတော့ မဟုတ်ပါဘူး” ဟု ဆိုသည်။

    အခက်အခဲများ၊ စိန်ခေါ်မှုများ ရှိနေဦးမည်ဖြစ်ပြီး တာတိုပြေးပွဲတွင် ခွန်အားရှိသူများ အောင်နိုင်သလို တာဝေးခရီးတွင် စိတ်ဓာတ်နှင့် ခံယူချက်ကောင်းသူများက အောင်ပွဲဆင်နိုင်လေ့ရှိသောကြောင့် ငြိမ်းချမ်းရေး ခရီးကို လျှောက်လှမ်းရာတွင် အောင်မြင်မှုဆောင်ကြဉ်းနိုင်ရန်အတွက် စိတ်ဓာတ်ခံယူချက်များနှင့် စေတနာတရားလိုအပ်သည်ဟု ၎င်းကဆက်လက်ပြောသည်။

    ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ လုပ်ငန်းတိုးတက်မှု အစီရင်ခံစာ ကို နိုင်ငံရေးပါတီများ အစုအဖွဲ့မှ UPDJC အဖွဲ့ဝင် ဦးရွှေမင်းက ဖတ်ကြားတင်ပြခြင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ လုပ်ငန်းတိုးတက်မှု အစီရင်ခံစာကို JMC-U ဒုတိယ ဥက္ကဋ္ဌ(၂) အရပ်သားကိုယ်စားလှယ် ဆရာတော် စောမက်သယူးအေးက ဖတ်ကြားတင်ပြခဲ့သည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို သမ္မတဦးသိန်းစိန်လက်ထက် တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ် သော ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်လက်နက်ကိုင်အဖွဲ့(DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့တို့မှ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts