Wednesday, March 11, 2026
More
    spot_img
    Homeသတင်းမီဒီယာကျင့်ဝတ်စံနှုန်းများအရ မွန်ပြည်နယ်သတင်းမှန်ပြန်ကြားရေးကော်မတီတွင် သတင်းသမားများမပါဝင်

    မီဒီယာကျင့်ဝတ်စံနှုန်းများအရ မွန်ပြည်နယ်သတင်းမှန်ပြန်ကြားရေးကော်မတီတွင် သတင်းသမားများမပါဝင်

    -

    မွန်ပြည်နယ်အစိုးရအဖွဲ့ သတင်းမှန်ပြန်ကြားရေးကော်မတီကို စက်တင်ဘာလ ၁၂ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် သတင်းသမားများပါဝင်ရန် ထည့်သွင်း ဖွဲ့စည်းခဲ့သော်လည်း မီဒီယာကျင့်ဝတ်စံနှုန်းများအရ ယင်းကော်မတီတွင်မပါဝင်ခဲ့ကြောင်း သိရသည်။

    မြန်မာနိုင်ငံတောင်ပိုင်းဂျာနယ်လစ်ကွန်ယက် အမှုဆောင်တစ်ဦးဖြစ်သူ ကိုကျော်စိုးက ” သတင်းသမားတွေ ပါဝင်ဖို့အတွက် စံနှုန်း၊ ကျင့်ဝတ်တွေရှိတယ်၊ တဖက်ဖက်မှာ ပါဝင်လိုက်ခြင်းအားဖြင့် ကြားနေဆိုတဲ့ သဘောသဘာဝအရ လွဲသွားတဲ့သဘောသက်ရောက်တာပေါ့၊ ဘက်မလိုက်မှုဆိုတာကလည်း အရေးကြီးတဲ့အချက်တစ်ချက်ပါတယ်၊ ဘက်မလိုက်မှုဆိုတာကလည်း ကြားနေဖို့ ပြောတာပါ၊ ဒါမှလည်း ဟိုဘက်သည်ဘက်မြင်နိုင်တွေ့နိုင်မယ်လေ၊ တဖက်ဖက်မှာရပ်နေလိုက်လို့ရှိရင် တဖက်ကိုမမြင်ရမှာစိုးတယ်၊
    Principle လွဲသွားမှာစိုးရိမ်တဲ့အတွက် မပါဝင်ခဲ့တာပါ ” ဟု ပြောသည်။

    မွန်ပြည်နယ်သတင်းမှန်ပြန်ကြားရေးကော်မတီဖွဲ့စည်းသည့် ဖိတ်ကြားလွှာ(Copy)
    မွန်ပြည်နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ကြိုဆိုပါကြောင်း၊ မီဒီယာများ၏သဘောသဘာဝကို ရှင်းပြခဲ့ကြောင်းနှင့် သတင်းသမားများအတွက် တာဝန်ခံဖြေကြားဖို့အတွက်သာအရေးကြီးပါကြောင်းလည်း၄င်းက ဆက်ပြောသည်။

    ‘အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီအနေနဲ့ ကောလာဟာလတွေနဲ့ပတ်သက်လို့ အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ဖို့အတွက်ပဲ အရေးကြီးတာပါ၊ အကြံပြုခဲ့တာက အစိုးရအဖွဲ့မှာလည်း တရားဝင် ဝဘ်ဆိုဒ်တွေရှိတယ်၊ အချိန်နဲ့တပြေးညီချက်ခြင်းထုတ်ပြန်နိုင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့လုပ်ပေးနိုင်တာပေါ့၊
    စေတနာမှန်မှန် ရည်ရွယ်ချက်မှန်မှန်နဲ့လုပ်မယ်ဆိုရင် ကောင်းပါတယ်၊ ကြိုဆိုပါတယ် ” ဟု ကိုကျော်စိုးက ဆိုသည်။

    အဆိုပါကော်မတီကို နိုင်ငံအဝှမ်းဖြစ်ပျက်နေသော ပြသနာများနှင့်ပတ်သက်ပြီး ကောလဟာလများ လူမှုကွန်ယက်များတွင် တွေ့ရကြောင်း၊ ကောလာဟာလများကြောင့်
    ဆိုးကျိုးများဖြစ်လာနိုင်သည့်အတွက် ကော်မတီဖွဲ့စည်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း ကော်မတီဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ယင်းကော်မတီဖွဲ့စည်းရေးအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

    မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ အဖွဲ့ဝင် ဦးမြင့်ကျော်က ” မပါသင့်ဘူး၊ အကျီုးစီးပွားချင်း ပဋိပက္ခဖြစ်တယ်၊ တဖက်မှာ ကိုယ်ကသတင်းသမား၊ တဖက်မှာလဲ သတင်းထုတ်ပြန်တဲ့ဘက်ဆိုတော့ သတင်းမီဒီယာနဲ့ပတ်သက်တဲ့ကိစ္စမဟုတ်ဘူး၊ ထုတ်ပြန်ချက်တွေက တစ်ခါတလေမှာ ဘက်လိုက်မှုတွေရှိနိုင်တယ်၊ အကျိုးစီးပွားခြင်းငဲ့တာမျိုးဖြစ်နိုင်တယ်၊သတင်းထုတ်ပြန်တဲ့အဖွဲ့ထဲမှာပါနေတာကတော့ သဘာဝမကျဘူး ” ဟုပြောသည်။

    အဆိုပါ သတင်းမှန်ပြန်ကြားရေးကော်မတီတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ အတွင်းရေးမှူးအဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး၊ အဖွဲ့ဝင်များအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရဲသတင်းတပ်ဖွဲ့၊ပြည်နယ် ပြန်ကြားရေးနှင့်ဆက်ဆံဦးစီးဌာနအစရှိသည်တို့ဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks