Thursday, March 12, 2026
More
    spot_img
    Homeသတင်းရေးတောင်ပိုင်း ရင်းဒိန်းရွာနေ လူငယ်တစ်ဦးထံမှ စိတ်ကြွဆေး ၁၄၀ဝ ပြားကျော် ဖမ်းမိ

    ရေးတောင်ပိုင်း ရင်းဒိန်းရွာနေ လူငယ်တစ်ဦးထံမှ စိတ်ကြွဆေး ၁၄၀ဝ ပြားကျော် ဖမ်းမိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ရင်းဒိန်းကျေးရွာနေ အသက် ၂၃ နှစ်အရွယ်ရှိ လူငယ်တစ်ဦးထံမှ စိတ်ကြွဆေးပြား (၁၄၄၈) ပြားနှင့်အတူ ဘိန်းစာရွက်အစို (၆၅ ဒသမ ၂) ဂရမ် ဖမ်းဆီးရမိကြောင်း ရေးမြို့နယ် မူးယစ်တပ်ဖွဲ့စု (၃၉) မှ သိရသည်။

    မူးယစ်တပ်ဖွဲ့စု (၃၉) မှ ဒုရဲမှူး နိုင်အောင်ခိုင် ဦးစီးသည့်အဖွဲ့က သက်သေများနှင့်အတူ ရင်းဒိန်းကျေးရွာ၊ ရပ်ကွက် (၁) နေ ပလိုင်တိန်း (၂၃ နှစ်) နေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

    မူးယစ်ဆေးပြားများနှင်း ဖမ်းဆီးရမိသောလူငယ်(Facebook)

    “သက်သေများနှင့်အတူ နေအိမ်အတွင်း ရှာဖွေရာ နေအိမ်အရှေ့ဘက်အခန်း ပလိန်တိန်း အိပ်သည့် အိမ်ယာနံဘေးမှ Cover တံဆိပ်ပါ အနီရောင်မိုးကာလွယ်အိတ်ငယ် (၁) လုံးအတွင်းမှ Vivo တံဆိပ် စက္ကူဘူးဖြင့် ထည့်လျက် အပြာရောင်ကပ်ခွာအိတ် တစ်အိတ်လျှင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၈၁) ပြားစီပါ (၈)အိတ်၊ စုစုပေါင်း ဆေးပြား (၁၄၄၈) ပြား အလေးချိန် (၁၄၄ ဒသမ ၈) ဂရမ်ခန့်နှင့် အိမ်နောက်ဖေးခန်း အလှပြင် မှန်တင်ခုံ အံဆွဲအတွင်းမှ အဝါရောင်လက်ဆွဲအိတ်ဖြင့် ထည့်လျက် ဘိန်းစာရွက်ဟု ယူဆရသော အရွက်အစို (၆၅ ဒသမ ၂) ဂရမ်ကို သိမ်းဆည်းရမိခဲ့သည်” ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။

    ဟံဂံကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက “ဒီ ၁၅ ရက်နေ့တုန်းက ဟံဂံရွာမှာ အလယ်တန်း ကျောင်းသားတွေ စိတ်ကြွဆေး သုံးစွဲနေတာနဲ့ လက်ထဲမှာ ဆေးမိတဲ့ ကွင်းဆက်ကနေ အခုလို ဖမ်းမိတာ” ဟု ပြောသည်။

    ဗလိန်တိန်း၏ ထွက်ဆိုချက်အရ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ဂွန်းကျေးရွာအုပ်စု၊ ဖဲကတာကျေးရွာနေ မောင်ဇော် (၃၀) နှစ်ခန့်၏ အဆက်အသွယ်ဖြင့် မော်လမြိုင်မြို့နေ ဒေါ်စန်းစန်းဌေးထံမှ ဆေးပြား (၂၀ဝ၀) ပါတစ်ထုပ်ကို ငွေကျပ် (၂၁) သိန်းဖြင့် ငွေလွှဲကာ ဝယ်ယူခဲ့ကြောင်းနှင့် ဘိန်းစာရွက်များမှာ တစ်ရွာတည်းနေ အောင်မွန် (၁၉) နှစ် ထံမှ တစ်ရွက်လျှင် (၅၀) ကျပ်နှုန်းဖြင့် ဝယ်ယူထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

    ဤဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိသူ ပလိုင်တိန်းနှင့် ဆက်စပ်ပါဝင်ပြီး လွတ်မြောက်နေသူများ ဖြစ်သည့် မောင်ဇော်၊ ဒေါ်စန်းစန်းဌေး၊ အောင်မွန် တို့အား ဒုရဲမှူး နိုင်အောင်ခိုင် က တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး၊ ခေါဇာမြို့နယ်မြေစခန်းမှ ခေါဇာမြို့ နယ်မြေစခန်းမှ မယ(ပ)/၂၀၁၇၊ မူး/စိတ်ပြောင်း ဥပဒေပုဒ်မ-၁၅/ ၁၉ (က)/၁၆(ဂ)/၂၀(က)/၂၁ အရ အမှုဖွင့်လှစ်ထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

    မွန်ပြည်နယ်အတွင်း ဆယ်ကျော်သက်အရွယ် ကျောင်းသားလူငယ်များအထိ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်နေသဖြင့် ထိရောက်သည့် နည်းလမ်းများနှင့် အလေးထား စီမံဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ဇွန်လ ၁၅ ရက်နေ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ ့) တွင် မွန်ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်။

    မွန်ပြည်နယ်တွင် တစ်နှစ်အတွင်း မူးယစ်ဆေးဝါးအမှု (၂၈၆) မှု ရှိခဲ့ပြီး တရားခံ (၄၂၉) ယောက်တွင် ကျောင်းသားလူငယ် အများအပြား ပါဝင်နေကာ ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်) တွင် အကျဉ်းကျသူ (၄၃၄၆) ဦး ရှိသည့်အနက် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျနေသူ (၁၅၁၃) ဦး ရှိကြောင်း၊ အကျဉ်းသား (၃) ဦးအနက် (၁) ဦးသည် မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျနေသူ ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks