spot_img
Friday, January 16, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်ဆောက်လုပ်ရေးနှင့် စည်ပင်ဝန်ကြီးရာထူးနေရာ ပညာရှင်တစ်ဦးအမည်စာရင်းတင်သွင်း

    မွန်ပြည်နယ်ဆောက်လုပ်ရေးနှင့် စည်ပင်ဝန်ကြီးရာထူးနေရာ ပညာရှင်တစ်ဦးအမည်စာရင်းတင်သွင်း

    -

    မွန်ပြည်နယ်အစိုးရအဖွဲ့တွင် လိုအပ်လျက်ရှိသည့် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးရာထူးအား ခန့်အပ်ရန် ဇွန်လ ၇ ရက်နေ့က ကျင်းပသော ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးပထမနေ့တွင် ပညာရှင်တစ်ဦးအား အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

    ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “သူ့ရဲ့ကိုယ်ရေးအကျဉ်းကိုကြည့်မယ်ဆိုရင် သူကပညာရှင်၊ အင်ဂျင်နီယာနဲ့အောင်ထားတယ်၊ နောက်ပြီးတော့ ရန်ကုန်မြို့တော်စည်ပင်မှာလည်း လုပ်ဖူးတယ်၊ သူ့ရဲ့ပညာအရည်အချင်းနဲ့ဆို အဆင်ပြေတယ်” ဟု ပြောသည်။

    ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးရာထူးအမည်စာရင်းတင်သွင်းခံရသူ ဦးမင်းကျော်လွင်(ဘယ်အစွန်လူ)-(MNA)

    အဆိုပါဝန်ကြီးဌာနနေရာ၌ NLD ပါတီဝင် B.E အင်ဂျင်နီယာ (မြို့ပြ) ဘွဲ့ရရှိထားသူ ဦးမင်းကျော်လွင်အား မွန်ပြည်နယ်အစိုးရအဖွဲ့မှ အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်ပြီး ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာ ဇာတိဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က မီဒီယာများနှင့် တွေ့ဆုံပြောကြားခဲ့သည်။

    ဦးမင်းကျော်လွင် က “ကျနော့်ဆန္ဒကတော့ ကျနော်တတ်ထားတဲ့ပညာနဲ့ မြို့ပြဖွံ့ဖြိုးရေးခေတ်မှီတဲ့ ပုံစံနည်းစနစ်နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းမှာ အလေအလွင့် မရှိဘဲနဲ့ ဟန်ချက်ညီညီ ဘက်ပေါင်းစုံကနေဖွံ့ဖြိုးတိုးတက်မှုရှိအောင် လုပ်ဆောင်သွားမယ်” ဟု ပြောသည်။

    ဦးမင်းကျော်လွင်သည် ၁၉၈၄ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်၌ ဘီအီး (မြို့ပြ) အင်ဂျင်နီယာဘွဲ့ရရှိခဲ့ပြီး ပရော်ဖက်ရှင်နယ်အင်ဂျင်နီယာ (တည်ဆောက်ရေး)၊ အာဆီယံလုပ်ပိုင်ခွင့်ပရော်ဖက်ရှင်နယ်မြို့ပြ အင်ဂျင်နီယာ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းဝင် နှင့် အကြီးတန်းလိုင်စင် အင်ဂျင်နီယာ (မြို့တော်စည်ပင်) တို့၌ အသက်မွေးဝမ်ကျောင်းပညာရပ်များဖြင့် ကျွမ်းကျင်ခဲ့ကြောင်း ၄င်း၏ ကိုယ်ရေးအကျဉ်း၌ ဖော်ပြထားသည်။

    အလားတူ ၂၀၁၄ ခုနှစ် မေလ မှ ယနေ့ချိန်အထိ အတိုင်ပင်ခံကြီးကြပ်အင်ဂျင်နီယာ (ကြိုတင်အားဖြည့်ကြိုး ဆွဲအထပ်မြင့်ဆ/ ဦးများတည်ဆောက်ရေး)၊ ဒါရိုက်တာ (ဆ/ဦး/လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်း) ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် NLD ပါတီဝင်အဖြစ် ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်မှတစ်ဆင့် လျှောက်ထားခဲ့သည်။

    လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဒေါက်တာအေးဇံ (ဝန်ကြီးချုပ်)၊ ဗိုလ်မှူးကြီးဝင်းနိုင်ဦး (လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး)၊ ဦးဝဏ္ဏကျော် (စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီး)၊ ဦးမင်းထင်အောင်ဟန် (လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး)၊ ဦးထွန်းဌေး (စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဝန်ကြီး)၊ ဒေါက်တာမင်းကြည်ဝင်း (ခ)နိုင်ကြည်ဝင်း (သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး)၊ ဒေါက်တာထိန်လင်း (လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး)၊ ဦးရွှေမြင့် (ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး)၊ ဦးအောင်မြင့်ခိုင် (ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး)၊ ဒေါ်စံဝင့်ခိုင် (ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး)တို့ ပါဝင်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts