Homeသတင်းမွန်နိုင်ငံရေးအကျဉ်းသားများ စည်းရုံးရေးကော်မတီဖွဲ့စည်း

မွန်နိုင်ငံရေးအကျဉ်းသားများ စည်းရုံးရေးကော်မတီဖွဲ့စည်း

-

(၁၁) ကြိမ်မြောက် မွန်နိုင်ငံရေးအကျဉ်းသားများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကမာဝက်မြို့ ဓါတ်တော်ဘုန်းတော်ကြီးကျောင်း၌ နယုန်လဆန်း (၁၁) ရက်၊ ဇွန်လ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ခါင်းဆောင်အဖြစ် ဆရာတော်အရှင်သောမ၊ လက်ထောက်အဖြစ် အရှင်အဇ္ဇတို့က ဦးဆောင်ပြီး လူပုဂ္ဂိုလ် (၃) ဦးတို့ပါဝင်သည့် စည်းရုံးရေးကော်မတီ တစ်ရပ်ဖွဲ့စည်းလိုက်သည်။

အကျဉ်းသားဘဝရောက်ခဲ့ကြသော မွန်နိုင်ငံရေးလှုပ်ရှားသူများ၏ ကိုယ်ရေးအချက်အလက်များ စုဆောင်းသွားရန်နှင့် မွန်နိုင်ငံရေးအကျဉ်းသားများနေ့ အထိမ်းအမှတ် ဆက်လက်ကျင်းပပြုလုပ်သွားရန်၊ နိုင်ငံရေးနှီးနှောဖလှယ်ပွဲများ ပြုလုပ်သွားရန်တို့ကို ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့သည်ဟု သိရသည်။

မွန်နိုင်ငံရေးအကျဉ်းသားဟောင်း နိုင်ယက္ခ(GS)

နိုင်ငံရေးအကျဉ်းသားဟောင်း မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်ယက္ခက “ မွန်နိုင်ငံရေးသမားတွေ အကျဉ်းကျခံခဲ့ရတဲ့ ဒီလိုနေ့မျိုးကို တကယ်လုပ်သင့်တယ်၊ ဒါမှမဟုတ် အမျိုးသားရေး လှုပ်ရှားခဲ့သူတွေ အကျဉ်းကျခံခဲ့တာကို အသိအမှတ် မပြုကြဘူးဆိုရင် အမျိုးသားအရေး လှုပ်ရှားနေသူတွေအတွက် အနှစ်သာရကင်းမဲ့လိမ့်မည်”ဟု ဆိုသည်။

၂၀ဝ၃ ခုနှစ်တွင် မွန်ပြည်သစ်ပါတီဝင် နိုင်ယက္ခနှင့် မင်းမျိုးသွေးတို့ မတရားလုပ်ကြံဖမ်းဆီးခံခဲ့ရသည်ကို အကြောင်းပြုပြီး ၂၀ဝ၄ ခုနှစ်မှစတင်၍ မွန်ရဟန်းပျိုအသင်းနှင့် စိတ်ပါဝင်စားသူအချို့က မွန်နိုင်ငံရေးအကျဉ်းသားများနေ့ အထိမ်းအမှတ် အခမ်းအနားများကို လှို့ဝှက်စွာကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

သထုံပြည့်ရှင် မွန်ဘုရင် မနုဟာမင်း အကျဉ်းသားအဖြစ် ဖမ်းဆီးခံခဲ့ရသည့်နေ့ရက်ကို မွန်နိုင်ငံရေးအကျဉ်းသားများနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ဘူးသော်လည်း အများသဘောတူ အတည်မပြုသေးသဖြင့် ၄င်းကျင်းပရေးအစီစဉ်ကို (၂) ခန့် ရပ်နားခဲ့ရသည်။

ဗမာဘုရင်အနော်ရထာမင်းက သာသနာသက္ကရာဇ် ၁၆၀၁ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်နေ့တွင် မွန်ဘုရင်မနုဟာမင်းကို သုဝဏ္ဏဘူမိ (သထုံပြည်) မှ ပုဂံပြည်သို့ အကျဉ်းသားအဖြစ်ဖမ်းဆီး ယူဆောင်သည့်နေ့ကိုအစွဲပြုကာ အချို့သောမွန်ခေါင်းဆောင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက မွန်နိုင်ငံရေးအကျဉ်းသားနေ့အဖြစ် သတ်မှတ်ခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts