Saturday, March 14, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်၈ လသားမွန်ဝန်ကြီးချုပ် ထိုင်ခုန်လှုပ်လေပြီ

    ၈ လသားမွန်ဝန်ကြီးချုပ် ထိုင်ခုန်လှုပ်လေပြီ

    -

    ဝန်ကြီးချုပ်နေရာအား ပါတီတာဝန်ရှိသူများ နုတ်ထွက်ခိုင်းပါက ချက်ချင်းနုတ်ထွက်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက NLD ပါတီ၏ နိုဝင်ဘာ ၁၂ ရက်နေ့တွင်ကျင်းပခဲ့သော ပထမ-ဗဟိုကော်မတီ ဆဋ္ဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး မီဒီယာများအား ဖွင့်ဟပြောကြားခဲ့သည်ကို စာဖတ်သူအချို့မှတ်မိကြပေလိမ့်မည်။

    မည်သည့်အကြောင်းကိစ္စကြောင့် ဝန်ကြီးချုပ်နုတ်ထွက်မည်ဆိုသည်မူကား မီဒီယာများအား အသိပေးပြောကြားခဲ့ခြင်း မရှိပေ။

    မွန်ပြည်နယ်လွှတ်တော်၌ မတ်လ ၃၁ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကျမ်းသစ္စာကျိန်ဆိုခဲ့စဉ်(မွန်လွှတ်တော်)
    မွန်ပြည်နယ်လွှတ်တော်၌ မတ်လ ၃၁ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကျမ်းသစ္စာကျိန်ဆိုခဲ့စဉ်(မွန်လွှတ်တော်)
    သို့နှင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ကြေညာချက်အမှတ် ၅/၁၁/၂၀၁၆ ထုတ်ပြန်ချက်တွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကိစ္စရပ်များအား လေ့လာ၍ သုံးသပ်တင်ပြနိုင်ရန် လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်သည်။

    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်သည့်တိုင်တန်းမှုတွေကို စစ်ဆေးတင်ပြရန် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း ခေါင်းဆောင်ပြီး လေ့လာသုံးသပ်ရေးအဖွဲ့တရပ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

    သတင်းမီဒီယာဌာနအသီးသီး၏ သတင်းဖော်ပြချက်အရ တိုင်ကြားခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့၏ ကိစ္စရပ်များကို လေ့လာသုံးသပ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းထံ တင်ပြမည်ဟု သိရသည်။

    ဝန်ကြီးချုပ်ပူပူနွေးကာလများတွင် မီဒီယာတွေကို တစ်လတစ်ခါပဲတွေ့မည့် ဝန်ကြီးချုပ်၊ နာမည်ကြီးခရိုနီများနှင့် ညအချိန်မတော် တပူးတွဲတွဲနေသည့်ဝန်ကြီးချုပ်၊ လွှတ်တော်အစည်းအဝေးသို့လိမ်ညာခွင့်တိုင်သည့်ဝန်ကြီးချုပ်၊ လွှတ်တော်နှင့် ပွတ်တိုက်နေသည့်ဝန်ကြီးချုပ် စသည်စသည်ဖြင့် လူမှုကွန်ယက် အင်တာနက် Online ပေါ်သတင်းမွှေးပြန့်နေခဲ့ပါသည်။

    ချုပ်၍ဆိုရပါလျင် NLD အစိုးရ၏ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် NLD ကိုယ်စားလှယ်အများစုရှိသော လွှတ်တော်တစ်ရပ်ကို စည်းရုံးထိန်းချုပ်နိုင်စွမ်းမရှိသည်ကား သူ၏အားနည်းချက်ပင်ဖြစ်ကြောင်း ထောက်ပြချင်ပါသည်။

    လက်ရှိဝန်ကြီးချုပ်ကို ဆက်လက်တာဝန်ပေးခြင်း မပေးအပ်ခြင်းမှာ NLD ပါတီ၏အဆုံးအဖြတ်သာဖြစ်သည့်အတွက် လက်ရှိ ၈ လသားဝန်ကြီးချုပ်အား ဒီအတိုင်းဆက်ထားမှာလား၊ အသစ်ရွေးချယ်မှာလားဆိုသည်ကို မွန်ပြည်နယ်သားများ စောင့်ကြည့်နေပါကြောင်း။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks