Tuesday, March 10, 2026
More
    spot_img
    Homeသတင်းသထုံမြို့နယ်တွင် လောင်းကစားမှုအများဆုံးဖမ်ဆီးရမိဟု ပြည်နယ်ရဲမှူးကြီးပြော

    သထုံမြို့နယ်တွင် လောင်းကစားမှုအများဆုံးဖမ်ဆီးရမိဟု ပြည်နယ်ရဲမှူးကြီးပြော

    -

    ၂၀၁၆ ခုနှစ်အတွင်း မွန်ပြည်နယ် ၁၀ မြို့နယ်၌ လောင်းကစား ၇၃ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ရာ သထုံမြို့နယ်တွင် ၁၈ မှု ဖမ်းဆီးအရေးယူနိုင်သောကြောင့် သထုံတွင် အများဆုံးဖမ်းဆီးရမိကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘိုဘိုဦးက ပြောသည်။

    သြဂုတ် ၁၂ ရက်နေ့တွင်ကျင်းပသော မွန်ပြည်နယ်ရဲတပ်ဖွဲ့၏ “ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်တို့၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား”၌ ပြည်နယ် ရဲမှူးကြီးပြောကြားခြင်း ဖြစ်သည်။

    မွန်ပြည်နယ် ရဲမှူးကြီး ဘိုဘိုဦး(MNA)
    မွန်ပြည်နယ် ရဲမှူးကြီး ဘိုဘိုဦး(MNA)
    ရဲမှူးကြီး ဘိုဘိုဦးက “လက်ရှိလောင်းကစားမှု ပြုလုပ်နေသူများဟာ အခြေခံလူတန်းစားများနှင့် လူလတ် တန်းစာများသာ အများဆုံးလုပ်ကိုင်နေကြပြီး အလုပ်ကိုင်အဆင်မပြေမှု၊ ကုန်ဈေးနှုန်းမြင့်မားမှု အလုပ်အ ကိုင်အခွင့်အလမ်း ရှားပါးမှုများကြောင့် အကျိုးအမြတ်ကို မျှော်ပြီး လောင်းကစားမှု ပြုလုပ်နေတယ်” ဟု ဆိုသည်။

    အဆိုပါလောင်းကစားမှုတွင် ထိုးသားများသာ အရှုံးနှင့် ရင်ဆိုင်ကြရသဖြင့် ခိုး၊ ဆိုး၊ လု၊ နှိုက်များ များပြားလာ သောကြောင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေကြောင်း၊ လောင်းကစားမှု သည် ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် ဆက်စပ်လျှက်ရှိကြောင်း၊ ဖမ်းဆီးရာတွင်လည်း ဒိုင်ချုပ်ကို ဖမ်းဆီးရမိ ရန်လိုအပ်ကြောင်း ၄င်းက ဆက်ပြောသည်။

    “အဓိကကွင်းဆက်တွေဖြစ်တဲ့ ဒိုင်ချုပ်တွေကိုဖမ်းမိဖို့လိုတယ်။ နောက်ထပ် ရက် (၁၀ဝ) စီမံချက် လုပ်သည် ဖြစ်ဖြစ် မလုပ်သည်ဖြစ်ဖြစ် လောင်းကစားနဲ့ပတ်သက်ရင် ဒိုင်ချုပ်တွေ ဖမ်းမိဖို့လိုပါတယ်။ အဲဒီအတွက် ပိုမို ဖမ်းဆီး အရေးယူဆောင်ရွက်ရန်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ တွန်းအားပေးကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း” ရဲမှုးကြီးဘိုဘိုဦးက ပြောကြားသည်။

    ၂၀၁၆ ခုနှစ် ဇန်နာဝါရီလမှ ဇူလိုင်လထိ မွန်ပြည်နယ်တွင် လောင်းကစားမှုများဖမ်းဆီးခဲ့ရာ မော်လမြိုင် (၁၆) မှု၊ ချောင်းဆုံ (၁) မှု၊ ကျိုက်မရော (၃) မှု၊ သံဖြူဇရပ် (၃) မှု၊ ရေး (၁) မှု၊ ကျိုက်ထို (၁၁) မှု၊ ဘီးလင်း (၈) မှု၊ သထုံ (၁၈) မှုနှင့် ပေါင် (၁၂) မှု ဖမ်းဆီးရမိသည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းစာရင်းအရ သိရသည်။

    အဆိုပါ ဖမ်းဆီးရမိသောလောင်းကစားမှုများတွင် ချဲ ၃ မှု၊ နှစ်လုံး ၃၈ မှု၊ ဖဲ ၂၁ မှု၊ ဘောလုံး ၁ မှု၊ ကံစမ်းမဲ ၂ မှု၊ ကြက် ၄ မှု၊ အန်ဂလုံ ၄ မှုပါဝင်ပြီး လောင်းကစားမှု ပပျောက်ရေးအတွက် လောင်းကစား အသိပညာပေးရေးအဖွဲ့မှ သတင်းထုတ်ပြန်မှုနှင့် ပညာပေးဆောင်ရွက်မှု ၃၃၂ ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    မွန်ပြည်နယ်တွင် နှစ်လုံးထီ၊ သုံလုံးထီနှင့် ဘောလုံးလောင်းကစားမှုများ အလွန်အကျွံ ဖြစ်ပေါ်လျက်ရှိကြောင်း မွန်သတင်းအေဂျင်စီ၏ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလနှင့် ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ဝေခဲ့သော တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးအစီရင်ခံစာ(မွန်ပြည်နယ်) တွင် ရေးသားဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks