Sunday, March 15, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တောင်ပိုင်းတွင် မူးယစ်ဆေးများ ဖမ်းဆီးရမိ

    ရေးမြို့နယ်တောင်ပိုင်းတွင် မူးယစ်ဆေးများ ဖမ်းဆီးရမိ

    -

    ရေးမြို့နယ်တောင်ပိုင်းမှ သယ်ဆောင်လာသည့် စိတ်ကြွဆေးများနှင့် သယ်ဆောင်သူကို ဖမ်းဆီးရမိရာမှ ကွင်းဆက်အနေနှင့် ရောင်းချသူနှင့် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးရမိကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းအရ သိရသည်။

    ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းတောင်ကျေးရွာ ရေးမြစ်ကူးတံတား၌ ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နေ မနီလာဦး မောင်းနှင်လာသည့် ဆိုင်ကယ်အား ရှာဖွေစစ်ဆေးရာမှ မနီလာဦး၏ အပြာရောင်လက်ဆွဲအိတ်အတွင်း ပလတ်စတစ်ဖြင့် ထုတ်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား (၃) ထုပ်၊ ဆေးပြားစုစုပေါင်း (၅၈၉) ကို သက်သေများရှေ့တွင် ဖမ်းဆီးရမိပြီး ၎င်းကို စစ်ဆေးမေးမြန်းရာမှ အခြားစိတ်ကြွဆေးများနှင့် ပါဝင်ပတ်သက်သူများကို ထပ်မံဖမ်းဆီးရမိခြင်း ဖြစ်သည်။

    မှုခင်းမှတ်တမ်းတွင် “၎င်း (မနီလာဦး) အား ထပ်မံစစ်ဆေးမေးမြန်းချက်အရ ရေးမြို့နယ်၊ ခေါဇာမြို့၊ ဆင်ကူးကျေးရွာနေ ဒေါ်ချိုရည်ဦးထံက ၀ယ်ယူခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သဖြင့် ဆက်လက်သွားရောက်ရှာဖွေခဲ့ရာ ယင်းနေ့နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ဆင်ကူးရွာနေ ဒေါ်ချိုရည်ဦး (၃၅) နှစ် နေအိမ်တွင် ၎င်းခန္ဓာကိုယ်ပေါ် သိုဝှက်ထားသော ပလတ်စတစ်အဖြူရောင်ဖြင့် ထုတ်ထားသည့် WY စိတ်ကြွဆေးပြား (၄၆) ပြား (၄.၆) ဂရမ်၊ ကာလတန်ဖိုး (၂၃၀၀၀ဝိ/-) ကျပ်ခန့်နှင့် ဆေးသုံးစွဲရာတွင် အသုံးပြုသော အရှည် (၃) လက်မခန့် ပြောင်း၀ (၂) စင်တီမီတာခန့်ရှိ ဆေးဝါးပိုက် (၃) ချောင်း၊ ဖုန်း (၂) လုံး၊ မူးယစ်ဆေးဝါးရောင်းရငွေ -၂၉၀၀၀၀ဝိ/- ကျပ်အား သက်သေများရှေ့တွင် ထပ်မံသိမ်းဆည်းရမိခဲ့သည်” ဟု ဖော်ပြထားသည်။

    ရေးမြို့မ ရဲစခန်း(Aung Naing Win-FB)
    ရေးမြို့မ ရဲစခန်း(Aung Naing Win-FB)

    ၎င်းအပြင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းဝယ်ရာတွင် ပါဝင်ပတ်သက်သူများ (သို့မဟုတ်) မူးယစ်ဆေးဝါး သုံးစွဲသူများဟု ယူဆရသော လူငယ် ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု မှတ်တမ်းတွင် ပါရှိသည်။

    ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ စိတ်ကြွဆေး လက်ဝယ်ရရှိသူ မနီလာဦး၊ မချိုရည်ဦးနှင့် ပါဝင်ပတ်သက်သည်ဟု ယူဆရသည့် လူငယ် ၃ ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)၊ ၂ဝ(က)/၂၁ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးအရေးယူလျက်ရှိကြောင်း ရေးမြို့မရဲစခန်းက ပြောသည်။

    အလားတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၁ဝ နာရီခွဲခန့်တွင်လည်း ရေးမြို့နယ်မြောက်ပိုင်း၊ လမိုင်းမြို့နယ်ခွဲ၊ တောင်ဘုံကျေးရွာအုပ်စု၊ ဝဲနွှတ်ကျေးရွာနေ ချမ်းသီး၏ နေအိမ်ရှိ သံသေတ္တာအောက်တွင် ဝှက်ထားသည့် ပိုက်ဆံအိတ်အတွင်းမှ ရွှေထည့်ရာတွင် အသုံးပြုသည့် အဝါရောင် ဘူးသေးအတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေး (၄၀) ပြားနှင့် အစိမ်းရောင်ဗူးသေးအတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေး (၁၀) ပြား၊ R စာတမ်းပါ စိတ်ကြွဆေး (၇) ပြား စုစုပေါင်း (၅၇) ပြားနှင့် မိန်းမကိုင် ပိုက်ဆံအိတ်အတွင်းမှ မူးယစ်ဆေးဝါး ရောင်းချရငွေဟု ယူဆရသည့် ငွေကျပ်သုံးသိန်းတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု လမိုင်းမြို့ရဲစခန်းထံမှ သိရသည်။

    ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံဟုယူဆရသူ ချမ်းသီးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)၊ ၂ဝ(က) တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးအရေးယူလျက်ရှိကြောင်း လမိုင်းမြို့ရဲစခန်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks