Saturday, March 14, 2026
More
    spot_img
    Homeသတင်းသင်္ကြန်ကာလအတွင်း မွန်ပြည်နယ်မြို့ကြီးများ CCTV ကင်မရာ တပ်ဆင်မည်

    သင်္ကြန်ကာလအတွင်း မွန်ပြည်နယ်မြို့ကြီးများ CCTV ကင်မရာ တပ်ဆင်မည်

    -

    သင်္ကြန်ကာလအတွင်း မွန်ပြည်နယ်ရှိ ခရိုင်ရုံးစိုက်မြို့များ ဖြစ်သည့် မော်လမြိုင်နှင့် သထုံမြို့များတွင် လုံခြုံရေးအတွက် CCTV ကင်မရာ ၁၁ လုံး တပ်ဆင်သွားမည်ဟု မွန်ပြည်နယ် မဟာသင်္ကြန်ပွဲတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။

    မော်လမြိုင် ဗဟိုမဏ္ဍာပ်နှင့် ၎င်းပတ်ဝန်းကျင်တွင် CCTV ကင်မရာ ၈ လုံး တပ်ဆင်မည် ဖြစ်ပြီး၊ သထုံ ဗဟိုမဏ္ဍာပ်နှင့် အနီးအနားတွင် ၃ လုံး တပ်ဆင်သွားမည်ဟု ဆိုသည်။

    “ဗဟိုမဏ္ဍာပ်မှာ ယိမ်းအဖွဲ့တွေနဲ့ တခြားအဖွဲ့တွေ ဖျော်ဖြေတဲ့အခါမှာ လာကြည့်တဲ့ ပရိသတ်တွေရဲ့ လုံခြုံရေးအတွက် ဒီလိုလုပ်တာ ဖြစ်တယ်” ဟု ပြည်နယ် ရဲမှူးကြီး မျိုးဆွေဝင်း က ပြောသည်။

    ဗဟိုမဏ္ဍာပ်အပြင် ပိုမိုစိတ်ချစေရန်အတွက် မြို့မတံတားထိပ်နှင့် အနီးအနားတွင်လည်း CCTV ကင်မရာကို တပ်ဆင်သွားမည်ဟုလည်း သူက ပြောသည်။

    မော်လမြိုင်မြို့တွင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍာပ် ၁၃ ခုရှိပြီး ၎င်းအနက် သံလွင်မြစ်ကမ်းနားဘေး ကမ်းနားလမ်းတွင် ၉ ခု ရှိသည်။
    သင်္ကြန်ကာလအတွင်း CCTV ကင်မရာ တပ်ဆင်မှု အောင်မြင်ခဲ့ပါက တံတားများနှင့် မြို့အဝင်အထွက် ဂိတ်များတွင်လည်း ထပ်မံတိုးချဲ့ တပ်ဆင်ရန် အစီအစဉ် ရှိကြောင်း ရဲမှူးကြီးက ပြောသည်။

    ၎င်းအပြင် သင်္ကြန်ကာလအတွင်း စည်းကမ်းမဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို အရေးယူနိုင်ရန်အတွက် မော်လမြိုင်မြို့တွင် သီးခြားတရားရုံး ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

    “ပြစ်မှုတွေ ဖြစ်လာရင် ချက်ချင်း ရမန်ယူရမယ့်ကိစ္စတွေ၊ အမှုစွဲမယ့်ကိစ္စတွေ ဆောင်ရွက်နိုင်အောင် လုပ်ထားပါတယ်” ဟု မွန်ပြည်နယ် ဥပဒေ အရာရှိ ဦးမြင့်သိန်းထွန်း က ပြောသည်။

    ယခင်နှစ်များတွင် သင်္ကြန်ကာလအတွင်း သီးခြားတရားရုံး ဖွင့်လှစ်ထားခြင်း မရှိသည့်အတွက် ဖမ်းဆီးထားသည့် စည်းကမ်းမဲ့ယာဉ် အစီး ၂၀ဝ ခန့်ကို ထိန်းသိမ်းရန် ခက်ခဲခဲ့ကြောင်း အမှတ် (၉) ယာဉ်ထိန်း ဒုတပ်ဖွဲ့မှူး ရဲမှူး ညွန့်ဝေ က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks