အထက်ဖေါ်ပြပါ ကြေငြာထုတ်ပြန်ချက် (၂) ခုကို ဖတ်ပြီးပြီးချင်း ထိုဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တို့ တွင် ဖေါ်ပြပါရှိသော ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ – ၄၁၂/ ပုဒ်မခွဲ (က)၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ – ၄၁၃ ပုဒ်ခွဲ (ခ) တို့၏ ပုဒ်မတွင် ဖေါ်ပြပါရှိသော အကြောင်းအရာ အချက် အလက်များကို မိဘပြည်သူများ သိသင့်သိထိုက်သည်ဟု ယုံကြည်မိသကဲ့သို့ အဘယ့်ကြောင့် ဤဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များကို ကြေညာထုတ်ပြန်ရပါသလဲ။
အမှန်တကယ်ပြန်ဖို့ လိုအပ်နေပါသလားဟူ၍ စဉ်းစားတွေးတောနေပါသည်။ သက်ဆိုင်ရာ ပြဋ္ဌာန်းဥပဒေစာအုပ်များ၌ ပြစ်မှုကျင့်ထုံးပုဒ်မ – ၁၄၄ တွင် အဆောတလျင်ဖြစ်သည့် စိတ်ငြိုငြင် စေမှု သို့မဟုတ် အန္တရာယ်ဖြစ်လိမ့်မည်ဟု စိုးရိမ်ဖွယ်ရာရှိသည့် အမှုများတွင် အပြီးအပြတ် အမိန့်ချက်ချင်း ထုတ်ဆင့်နိုင်ခွင့် အာဏာဟု ဖေါ်ပြပြီး ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ (၁) အရ ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင် ရာဇဝတ်တရားသူကြီး သို့မဟုတ် ဤပုဒ်မအရ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတကဖြစ်စေ၊ အာဏာအထူး အပ်နှင်းထားသော အခြားရာဇဝတ်တရားသူကြီးတစ်ဦး (တတိယတန်းအာဏာရရာဇဝတ်တရားသူကြီးမှအပ) သည် ဤပုဒ်မအရ ဆောင်ရွက်ရန်နှင့် ချက်ချင်းတားဆီးရန် အမိန့်ထုတ်ပြန်ခွင့် ရရှိကြသူများ ဖြစ်ပါသည်။
ဤပုဒ်မအရ ချမှတ်သည့်အမိန့်မှာ ချသည့်နေ့က (၂) လထက်ပို၍ အတည်မဖြစ်ရ။ သို့ရာတွင် လူအသက်မှ သည် ကျန်းမာရေးကိုပါ ဘေးဖြစ်စေသည့် စိုးရိမ်ရန် အချက်ရှိလျှင်ဖြစ်စေ၊ စုရုံးသောင်းကျန်းခြင်း၊ သတ်ပုတ် ခြင်း၊ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်းရှိရန် အချက်ရှိလျှင်ဖြစ်စေ အစိုးရသည် အမိန့်ကို (၂) လထက် ပိုပြီး တည် စေခွင့်ရှိသည်။ ယခင်ခေတ်အခါက ဤပုဒ်မအရ ငြိမ်ဝပ်ပိပြားရေး ပျက်ပြားစေမည့် လုပ်ရပ်များကို တားမြစ်ခြင်း လုပ်ပိုင်ခွင့်အာ ဏာကို တရားရေးဝန်ကြီးဌာန (၇-၈-၇၂) နေ့စွဲ အမိန့်အမှတ် (၁၇၆) ဖြင့် မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မ တီအား အပ်နှင်း၍ ယင်းကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အညီ လိုအပ်သော အမိန့်ကို ထုတ်ပြန်ရန် အခွင့်အာဏာ ကို ယင်းကော်မတီဥက္ကဋ္ဌအား အပ်နှင်းထားပြီး ဖြစ်သည်။ (၂၀-၂-၇၄) နေ့စွဲဖြင့် တော်လှန်ရေးကောင်စီ၏ ကြေ ငြာချက်အမှတ် (၁၁၂) အရ ပြည်သူ့ကောင်စီအဆင့်ဆင့်က လ-အ-က အဆင့်ဆင့်တို့၏ လုပ်ပိုင်ခွင့်နှင့် တာဝန် ဝတ္တရားများကို ဆက်လက်ကျင့်သုံးဆောင်ရွက်ရန် ပြဋ္ဌာန်းသတ်မှတ်ထားသည်။
အထက်ဖေါ်ပြပါ ဥပဒေပါအကြောင်းအချက်များအရ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ – ၁၄၄ အရ တားမြစ် အမိန့်ထုတ်ပြန်ရခြင်းမှာ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေး ပျက်ပြားစေမည့် လုပ်ရပ်များ ကို တားမြစ်စေသည့် အမိန့်ထုတ်ပြန်နိုင်ရန်အတွက် ပေးအပ်သည့် အခွင့်အာဏာတစ်ရပ် ဖြစ်ပါသည်။
ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုသည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်နေကြောင်း တွေ့ရှိလာပါက အရေးပေါ်အခြေအနေကြေငြာနိုင်ရန်အတွက် (၂၀ဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ – ၄၁၂ ပုဒ်မ ခွဲ (က) အရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ် ထုတ်ပြန်နိုင်ပါသည်။
(၂၀ဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) အရ၊ ပုဒ်မ ၄၁၂ (က) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်ရပ်တွင် ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေတစ်ခုတွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင် ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ်တစ်ဒေသ တွင်ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြု မည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိ ကြောင်းသိရှိလျှင်သော်လည်းကောင်း၊ ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သက်ဆိုင် ရာ အာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော်လည်ကောင်း၊ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး အခြေအနေကြေညာနိုင်သည်။
ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေကြေ ညာသည့် ကိစ္စရပ်တွင် ပုဒ်မ ၄၁၃ (ခ) အရ နိုင်ငံတော်သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည့် ယင်းစစ်အုပ်ချူပ်ရေးအမိန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း၊ ရပ်ကွက်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး နှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း၊ သတ်မှတ် ပေးရမည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်အမိန့်ကို ကျင့်သုံးဆောင် ရွက်စေခြင်းပြုနိုင်သည်ဟု ဥပဒေပြဠာန်းပါရှိပါသည်။
အခင်းဖြစ်ပွားရာ နေရာဒေသတို့၌ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားလာပါက ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို ထိခိုက်လာ နိုင်သဖြင့် ပြစ်မှုကျင့်ပုဒ်မ-၁၄၄ အရ တားမြစ်မိန့်ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက် ခဲ့ပါသော်လည်း အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းမရှိကြောင်း တွေ့ရှိလာခြင်း။ ဤကဲ့သို့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်အနေဖြင့် အရေးပေါ်အခြေအနေကြေညာ ထားသည့် အခင်းဖြစ်ရာ နေရာဒေသကို မူလအခြအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းမှာ ၂၀ဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄၁၃ပုဒ်မ (ခ)အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကာ အထက်ပါ အခင်းဖြစ်ရာဒေသ၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို လည်းကောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းကာ ကျင့်သုံးဆောင်ရွက်စေခြင်းပြုနိုင် ကြောင်း ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်အနေဖြင့် နိုင်ငံတော်သမ္မတမှ အမိန့်ထုတ်ပြန် နိုင်ကြောင်း ဖေါ်ပြပါရှိပါသည်။
အထက်ဖော်ပြပါ နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည် သော အမိန့်အမှတ် (၁/၂၀၁၅)အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ရခြင်းမှာ ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသတွင် ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ(၉) ရက်နေ့မှစတင်၍ ကိုးကန့်သောင်း ကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ဟု အကြောင်းပြကာ နှစ်ဖက်စစ်ပွဲများ ဖြစ်ပွားလာ သည့်အပေါ် မူတည်ပြီး ထုတ်ပြန်ခဲ့သည့် အမိန့်များပင်ဖြစ်ပါသည်။
ကျွနိုပ်တို့၏ ဤပြည်ထောင်စုနိုင်ငံတော်ကြီးသည် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ရွေးကောက်ပွဲယှဉ်နွဲကာ ပြည်သူကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့အစိုးရအနေဖြင့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖေါ်ဆောင်နေသည့် ယခုလို ကာလတွင် ဖြစ်ပွားလာသည့် မှုခင်းကိစ္စများ ဆောင် ရွက်ရာတွင် ဤကဲ့သို့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များဖြင့် ထုတ်ပြန်ကာ စစ်အုပ်ချုပ် ရေးစနစ်ဖြင့် ဖြေရှင်းအုပ်ချုပ်မှုပြုနေခြင်းသည်ပင်လျှင် ကောင်းမွန်သောအုပ်ချုပ်ခြင်းဟု ဆိုရမည်လား စဉ်းစားစရာ။
စစ်အုပ်ချုပ်ရေးကာလတွင် အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင် မဏ္ဍိုင်ကြီး(၃)ရပ်စလုံး စစ်အုပ်ချုပ်ရေး လက်ထဲအပ်ရမည်ဖြစ်၍ ဒီမိုကရေစီအုပ်ချုပ်ရေးကာလ စစ်အုပ်ချုပ်သည့်ဒေသဖြစ်သည့်အတွက် မကြာမီနှစ်ကုန်ပိုင်းတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် တရားမျှတမှုရှိနိုင်မည်လား၊ စဉ်းစားစရာများ ဖြစ်မိလေတော့သည်။