Homeသတင်းသရက်ချောင်းတွင် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ‌ေ*သဆုံး

သရက်ချောင်းတွင် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ‌ေ*သဆုံး

-

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်- ထားဝယ်ကားလမ်းပေါ်ရှိ ပြင်းဖြူကြီးရွာတွင် စစ်ကော်မရှင်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ‌ေ*သဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းက ပြင်းဖြူကြီးရွာတွင် တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်များ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

စစ်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံးသည် ပြင်းဖြူကြီးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။

“လက်နက်ကြီးက ပြင်းဖြူကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကနေ ပစ်တာ။ လက်နက်ကြီးနဲ့ လက်နက်ငယ်တွေနဲ့ ပစ်တာ။ လက်နက်ကြီးတစ်လုံးက နေအိမ်ပေါ်ကျပေါက်သွားပြီး ကျည်စတွေ လူကို ထိသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး အသက် ၄၅ နှစ်အရွယ် ဒေါ်မဲဒု ‌ေ*သဆုံးသွားခဲ့ကြောင်း ဆိုသည်။

ယင်းနောက် စစ်တပ်က လမ်းသွားလမ်းလာများကို စစ်ဆေးနေသည့်အပြင် နေအိမ်များကိုလည်း ရှာဖွေစစ်ဆေးနေသည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ပိတိုင်ကျေးရွာအနီးတဝိုက်ကို စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်စစ်ကြောင်းထိုးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေကြီး မြေပြိုမှုများ ဖြစ်ပွားနေသည့် သရက်ချောင်းမြို့နယ်တွင် စစ်တပ်က ကယ်ဆယ်ရေးအကြောင်းပြပြီး ကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အပြင် လေကြောင်း၊ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts