အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ စစ်ရေးတာဝန်ကို ကျေပွန်အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြသည့် ရဲဘော်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း (၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တပ်သား ၁၇၉၂ ဦးရေး စစ်ဘက်ဆိုင်ရာဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အမျို့သားညီညွတ်ရေးအစိုးရမှ (၁) ပြည်သူ့တော်လှန်ရေး ဂုဏ်ထူးဆောင်ဘွဲ့ (၂) ပြညသူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (၃)ပြည်သူ့ဇာနည်ဆု (၄) ပြည်သူ့သားကောင်းဆု (၅) တော်လှန်ရေးအမှုထမ်းကောင်းထံဆိပ်များကို သတ်မှတ် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘွဲ့၊ ဆုနှင့် တံဆိပ်(၅) မျိုးကို တော်လှန်ရေးကာအတွင်း PDF ရဲဘော်များ၏ ပေးဆိပ်မှု၊ စွန့်လွှတ်မှုနှင့် အမှုထမ်းဆောင်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုခြင်းဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ဆိုသည်။
စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နှင့် တံဆိပ်ချီးမြှင့်ပွဲ အခမ်းအနားကို ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်မြောက်နေ့ဖြစ်သော ယနေ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၇) ရက် သမိုင်းဝင်နေ့တွင် အွန်လိုင်း နှင့် မြေပြင် (၂)မျိုးပေါင်းစပ်ပြုလုပ်ခဲ့သည်။
စစ်ဘက်ဆိုင်ရာဘွဲ့များကို နှစ်အလိုက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွက် ရရှိသူများစာရင်းကိုလည်း နှစ်အလိုက်ဆောင်ရွက်သွားမည်ဟုလည်း အသိပေးထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းတည်ထောင်ခဲ့သော ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုပ်မှုကို အမုန်းတရားဖြင့်မဟုတ်ဘဲ တရားမျှတမှု ဥပဒေစိုးမိုးမှု လူသားဆန်မှုအခြေခံတန်ဖိုးကို လက်ကိုင်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဟန်ချက်ညီသည့် ပူးပေါင်းမှုများဖြင့် ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်သည်။
လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များထံ ငွေကြေးထောက်ပံ့ပေးနေသည့် ထောက်ပို့တပ်သား ၅ သောင်းကျော် ပြီးခဲ့သည့် ၅ နှစ်အတွင်း လျော့ကျသွားကြောင်း ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF က ထုတ်ပြန်ထားပြီး ထောက်ပို့တပ်သားအသစ်များ ဖိတ်ခေါ်လျှက်ရှိသည်။
ပုံ-NUG




