Homeသတင်းရေဖြူဒေသခံ အမျိုးသမီးတစ်ဦး စစ်ကော်မရှင်လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိ

ရေဖြူဒေသခံ အမျိုးသမီးတစ်ဦး စစ်ကော်မရှင်လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိ

-

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် စစ်ကော်မရှင်အဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရေဖြူဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယနေ့ စက်တင်ဘာ ၃ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ကျွဲတလင်းမှ ရာဖူးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာမှ နာရီဝက်အကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကျွဲတလင်း၊ ရာဖူးကျေးရွာဘက်သို့ စစ်ကော်မရှင် လက်နက်ကြီး ၂ ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ရာဖူးကျေးရွာထိပ်တွင် ကျရောက်ပေါက်ကွဲ၍ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက လက်တွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။

“မနက်အစောကတည်း ကျွဲတလင်းဘက်မှာ ပစ်ခတ်သံတွေ ကြားနေရတာ အဲ့ဘက်က တိတ်ပြီးမှ သူတို့ လက်နက်ကြီး နှစ်လုံး ရမ်းပစ်လိုက်တာ တစ်လုံး ကျွဲတလင်းရွာအပြင်သင်္ချိုုင်းကုန်းမှာ ကျတယ် နောက်တစ်လုံးက ရာဖူးရွာထိပ်က အိမ်မှာ သွားကျတာအဲ့ကြောင့် မိန်ခလေးတစ်ယောက်က လက်မှာ ကျည်စနည်းနည်း ထိသွားတာ အကြီးကြီးတော့ မဟုတ်ဘူး” ဟု ရေဖြူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးကို ကျေးရွာရှိ ဆေးခန်း၌ ဆေးကုသမှု ခံယူနေကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကော်မရှင် စစ်တပ်အဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ်လနောက်ဆုံးပတ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ရာဖူး၊ ကျွဲတလင်းကျေးရွာဘက်တွင် စစ်အင်းအားများ ရာချီ ထပ်မံဖြည့်တင်းထားကြောင်း သိရသည်။

“ပြီးခဲ့တဲ့ နှစ်‌ပတ်လောက်ကပဲ သူတို့ အင်းအားဖြည့်ထားတာ အစက ရာဖူးတို့ ကျွဲတလင်းတို့ဘက်မှာ သူတို့အင်းအာ တစ်ရာလောက်ရှိတယ် အခုထပ်ဖြည့်လိုက်တာ နှစ်ရာကျော်လောက် ဖြစ်သွားမယ် အဲ့ဒါက သူတို့ ရုပ်ပြထားတာနော် တောဘက်သွားလာနေတဲ့ စစ်ကြောင်းတွေမပါဘူး တိုက်ပွဲလဲ မဖြစ်ဘူး သူတျု့ ဘာလို့အင်အားဖြည့်ထားတာလဲတော့ မသိဘူး” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် (၈) ရက်နေ့တွင်လည်း စစ်တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ရာဖူးကျေးရွာ ခြံအတွင်း နေထိုင်သည့် အမျိုးသမီးတစ်ဦး ကျည်စထိမှန်ပြီး ရင်ဘက်၌ ပြင်းထန်ဒဏ်ရာရရှိခဲ့သေးသည်။

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) ကို စစ်အုပ်စုမှ ၎င်းတို့အကျိုးအမြတ်အတွက် ထိန်းချုပ်ရန် ကြိုးပမ်းနေစဉ် အရပ်သားများကို သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် နေအိမ်မီးရှို့ ဖျက်ဆီးနေခြင်းများကို ဆက်တိုက်ကျူးလွန်နေကြောင်းလည်း Fortify Right အစီရင်ခံစာ ဖော်ပြချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts