Homeသတင်းမွန်အပါအဝင် တိုင်းနှင့် ပြည်နယ် ၇ ခုတို့တွင် မိုးကြီးနိုင်ဟု မိုးဇလ သတိပေး

မွန်အပါအဝင် တိုင်းနှင့် ပြည်နယ် ၇ ခုတို့တွင် မိုးကြီးနိုင်ဟု မိုးဇလ သတိပေး

-

မွန်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ် ၇ ခုတို့တွင် ဇူလိုင်လဆန်းပိုင်းအတွင်း မိုးကြီးနိုင်ပြီး ရေးကြီး ရေလျှံမှုများ သတိပြုရန် စစ်ကော်မရှင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

မိုးဇလက လာမည့် ဇူလိုင်လ ၃ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာ ကွက်၍ မိုးကြီးနိုင်သည်ဟု ဆိုထားသည်။

ပုံဟောင်း

မိုးဇလက ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်း၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် မိုးသည်းထန်ရွာသွန်းခြင်းဖြစ်သည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟုလည်း မိုးဇလက ထုတ်ပြန်ထားသည်။

ထိုကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုများကို သတိပြုရန် မိုးဇလက သတိပေးထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်သည့်အတွက် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ သတိပြုရန် မိုးဇလက အသိပေးနှိုးဆော်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts