Homeသတင်းကျယ်ပြန့်လာသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် မွန်လူငယ်များ၏ အနာဂတ်အပေါ် စိုးရိမ်သံများ

ကျယ်ပြန့်လာသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် မွန်လူငယ်များ၏ အနာဂတ်အပေါ် စိုးရိမ်သံများ

-

ဇွန်လ ၂၆ ရက်နေ့သည် ကုလသမဂ္ဂ အထွေထွေညီလာခံက သတ်မှတ်ထားသည့် “အပြည်ပြည်ဆိုင်ရာ အလွဲသုံးစားမှုနှင့် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” ဖြစ်သည်။

လက်ရှိတွင် ခေတ်ရေစီးကြောင်းအရလည်းကောင်း၊ အလှူအတန်းနှင့် လူမှုရေးပွဲလမ်းသဘင်များတွင်ပါ မူးယစ်ဆေးဝါး (အထူးသဖြင့် ဘိန်းရွက်ရည်) သုံးစွဲခြင်းကို ပုံမှန်ကိစ္စတစ်ခုကဲ့သို့ လက်ခံလာကြခြင်းကြောင့် လူငယ်များ၏ ပညာရေးနှင့် အနာဂတ်လူသားအရင်းအမြစ်များ တဖြည်းဖြည်း ဆုတ်ယုတ်ပျက်စီးလာနေသည်။

မွန်ဒေသအတွင်း မူးယစ်ဆေးဝါးများ အလွယ်တကူ ရရှိလာမှုနှင့်အတူ ကျယ်ပြန့်လာသည့် အန္တရာယ်များကြောင့် မွန်လူငယ်များ၏ အနာဂတ်နှင့် ပညာရေးအပေါ် စိုးရိမ်ပူပန်နေကြသည့် မွန်ဒေသခံများနှင့် လူထုများ၏ စကားသံများကို စုစည်းတင်ပြလိုက်သည်။

ရေးဒေသခံ အမျိုးသမီးတစ်ဦးက

“အခုခေတ်ကလေးတွေအတွက် စိုးရိမ်စရာပါပဲ ကျမတို့ဘက်မှာဆို ၇ နှစ်၊ ၈ နှစ်လောက်နဲ့ စတင်နေတာမျိုးပေါ့။ အဓိကတော့ ဘိန်းစာရွက်ပေါ့။ အဲ့ကနေ အခြားဆေးတွေပါလာတယ်။ နောက်တစ်မျိုးက ကျောင်းသားတွေကျောင်းမရောက်ဘဲနဲ့ အပြင်မှာသွားသောက်နေတာမျိုး၊ အချို့ဆို လူကြီးသူငယ်ချင်းတွေကခိုင်းလို့အဲ့ကနေသူတို့သိသွားတယ်။ ကျောင်းထွက်လိုက်တဲ့ကလေးတွေ သူငယ်ချင်းတွေနဲ့လိုက်တော့ စမ်းသောက်ရင်းစွဲသွားတာမျိုးပေါ့။

သောက်ပြီးရင်လည်း သူငယ်တွေစုပြီး sex ကိစ္စအထိ ရဲတင်းလာတာမျိုးပေါ့လေ။ တာဝန်ရှိသူတွေကတော့ အခွန်ရနေတဲ့အတွက် ရောင်းသူတွေကို အရေးယူတာမျိုးမရှိတာက အခုမှမဟုတ်ပါဘူး။ သောက်သုံးသူတွေကိုပဲဖမ်းနေတော့ WY ဆေးတွေ ရောင်းဝယ်ဖောက်ကားမှု ပိုကျယ်ပြန့်လာစေတယ်။ အခုနောက်ပိုင်းဆိုလည်း အမျိုးသမီးတွေအထိပေါ့ ရောင်းသူဆိုလည်း အမျိုးသမီးက ပိုလုပ်တယ် ပို့တာတို့ကအစပေါ့”

မွန်လူမှုအဖွဲ့အစည်းမှ ကြာအင်းဆိပ်ကြီး လူငယ်အမျိုးသားတစ်ဦး

“စိုးရိမ်ရနှုန်းက ပိုမြင့်လာတယ်ပေါ့လေ။ မွန်ဒေသခံက လူငယ်တွေကအားလုံးနီးပါး မူးယစ်ဆေးနဲ့ ထိတွေ့နေကြတယ်။ လူငယ်အရင်းအမြစ်အနာဂတ်မှာ အခက်ကြုံရနိုင်တယ်။ ဒီမူးယစ်ဆေးဝါးသုံးစွဲသူတော်တော်များများဆိုရင် ပျင်းရိလို့ စိတ်ဓာတ်ကျလို့ အသုံးပြုကြတာလည်း တွေ့ရသလို အဲ့တာအပြင် လူငယ်တွေက အားလပ်ချိန်များလို့ အပျော်အပါးလိုက်ရာကနေ စသုံးတာမျိုး။ ဒီကနေ့ခေတ်ရေစီးကြောင်းအရ အလှူအိမ်တွေမှာ၊ ပျော်ပွဲရွှင်ပွဲတွေမှာရော အများစုက ဘိန်းရွက်နဲ့ (အရပ်အခေါ်) အဲ့တာနဲ့ ဧည့်ခံတာမျိုး နောက်ပြီး ပြည်သူတွေအချင်းအချင်းမှာလည်း ဒါတွေ သောက်သုံးတာက ပုံမှန်လို့ပဲမြင်ကြတဲ့အခါ ကလေးငယ်တွေလည်း လွတ်လွတ်လပ်လပ် အသုံးပြုကြတာပေါ့နော်။ ဒီအတိုင်းဆက်သုံးမယ်ဆိုရင် လူငယ်အရင်းအမြစ်တွေဖြစ်တဲ့ လူမျိုးရေးကိစ္စပါဝင်မှုတွေမှာရော၊ ဒေသဖွံ့ဖြိုးရေးနဲ့ ပညာရေးကိစ္စအဝအဝတွေမှာလည်း ဆုတ်ယုတ်သွားစေပါတယ်”

ကျိုက်မရောမြို့နယ်မှ လူငယ်အမျိုးသားတစ်ဦး

“ ခေတ်ရေစီးကြောင်းအရဆို ဘီယာလို သေရည်အရက်သောက်တာက နည်းသွားတယ်။ မြင်းဆေးနဲ့ ဘိန်းစာရွက်ကိုပဲ သောက်ရင် ခေါင်းကြည်တာလို့ နေလို့ထိုင်လို့ ကောင်းတာတို့ စမ်းသောက်ရင်နဲ့ စွဲအထိပေါ့ ဖြတ်မရတဲ့အထိတွေ ဖြစ်သွားတယ်။ နောက်တစ်ခုက လက်တွေ့အရတော့ အထီးကျန်လို့ သောက်တာမျိုး ခံစားချက်တစ်ခုခုအရမဟုတ်ဘဲ အပေါင်းအဖော်ကြားကနေ ပျော်ပွဲရွှင်ပွဲသွားရင်း အပျော်အနေနဲ့သုံးကြတယ်။ ဘိန်းရွက်သောက်သုံးတဲ့တွေဆို လူမှုရေးအပိုင်းဆိုင်ရာရော ဝေးကွာစေတဲ့ သဘောမျိုးရှိတယ်။ အဲ့တာကအနာဂတ်ပိုင်းဆိုင်ရာရော ပညာရေးပိုင်းဆိုင်ရာရော အများကြီးဆုတ်ယုတ်စေပါတယ်”

ရေးမြို့နယ်မှ လူငယ်အမျိုးသားတစ်ဦး

“ဒီနေ့ဟာဆိုရင် အကြမ်းဖျဉ်းအားဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့လို့ပဲသိထားပါတယ်။ ခုခေတ်က လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးဟာ စိုးရိမ်မှတ်ထိရောက်နေပါပြီး။ တကယ်တမ်းကျ လူငယ်တွေဘဲ မဟုတ်ဘူး လူကြီးတွေလည်း အဲ့အတိုင်းပါပဲ။ မူးယစ်ဆေးဝါး သားကောင်တွေဖြစ်သွားတဲ လူငယ်တွေက သူတို့ရဲ့ brain function တွေပါ ထိခိုက်သွားတော့ သူတို့ တက်လမ်းတွေလည်း ထိခိုက်နိုင်တယ်။

အချို့ကျတော့လည်း စိတ်ခံစားချက်ကြောင့် ကျနော်တို့ပြောတဲ့ စိတ်ကျရောဂါတွေ့ကြောင့် သုံးစွဲတာတွေလည်းရှိတယ်ပေါ့လေ။ နောက်ထပ်က အပေါင်းအသင်းတွေကြောင့် လူငယ်တော်တော်များများ လူရာဝင်ချင် လူဝင်ဆံ့ချင်ကြတယ်။ အဲ့အဖွဲ့မှာလူရာဝင်စေအောင် သူတို့လုပ်တာ လိုက်လုပ်တာမျိုးတွေ အထူးသဖြင့် ကလေးတွေဆယ်ကျော်သက်တွေ အရမ်းစူးစမ်းချင်တာ။ မွန်မှာ ယဉ်ကျေးမှုအရ အလှူအိမ်တွေမှာဆို အရွက်တွေကို အကျယ်တဝင့် သောက်ကြတာမျိုးက ကျနော်တို့ အသိုင်းအဝိုင်းနဲ့ normalize လုပ်လို့မရတဲ့အရာပါ။

ကျိုက်မရောမြို့နယ်မှ မွန်လူငယ်တစ်ဦး

“မိဘတွေက မူးယစ်ဆေးဝါးနဲ့ ကင်းကွာအောင် ကိုယ့်သားသမီး အသက် ၁၅ နှစ်လောက်တွေဆို ကျောင်းထားတာကအစ မြို့ပေါ်ပြောင်းထားတာမျိုးတွေ လုပ်နေပေမဲ့လည်း မြို့မှာလည်း လွယ်လွယ်ကူကူ ရနေတဲ့ အခြေအနေ ဖြစ်နေတယ်။ မူးယစ်ဆေးဝါးက စိတ်အပန်းဖြေတဲ့ နေရာတွေမှာတင်ရှိတာမဟုတ်ဘူး။

နိုင်ငံအတွင်း အစိုးရဘက်ဖြစ်ဖြစ်၊ တိုင်းရင်းသားဒေသကဖြစ်ဖြစ်၊တော်လှန်ရေးသမားဖြစ်ဖြစ် ဖွံ့ဖြိုးရေးစီမံကိန်းမှာတင်မဟုတ်ဘူး ပညာရေးကိစ္စ၊ အသက်မွေးဝန်ကျောင်းကိစ္စတွေမှာပါ လုပ်ဆောင်ပေးနိုင်ရင် လမ်းမပျောက်စေတဲ့သဘောရောက်တာပေါ့။ ဒီလိုမျိုး မူးယစ်ဆေးသုံးစွဲတာက ယဉ်ကျေးမှုတစ်ခုလို မဖြစ်စေချင်ရင် တစ်နည်းနည်းနဲ့ တားမြစ်နိုင်ရမယ်”

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts