Homeသတင်းအတင်းအဓမ္မ စစ်သားစုဆောင်းခံရသူ ၁၆ ဦး KNU ထံ အလင်းဝင်

အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူ ၁၆ ဦး KNU ထံ အလင်းဝင်

-

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်မှုနယ်မြေ၊ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် စစ်ကော်မရှင်တပ် အတင်းအဓမ္မ စစ်သားစုဆောင်းခံရသည့် စစ်မှုထမ်း တပ်သား ၁၆ ဦး အလင်းဝင်လာသည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ပေါက်ခေါင်း ခမရ ၅၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၁၁ ဦးသည် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း ၃ ထံသို့ လက်နက်ချ အလင်းဝင်ခဲ့သည်ဟု ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ကလည်း ကော့သောင်း ခလရ ၅၉၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၅ ဦး KNDO တပ်ရင်း ၃ ထံ အလင်းဝင်ခဲ့သည်။

အလင်းဝင်လာသည့် စစ်မှုထမ်း တပ်သား ၁၆ ဦးသည် အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရပြီး ရှေ့တန်းနယ်မြေများသို့ ပို့ဆောင်ခံရသည်ဟု KNU က ဆိုသည်။

အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခံရသည့် ကျန်တပ်သားများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံသို့ အလင်းဝင်ကြရန်လည်း KNU က တိုက်တွန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts