Homeသတင်းရေး-သံဖြူဇရပ်လမ်းတွင် ဖမ်းဆီးခံရသည့် ထွေအုပ်ဝန်ထမ်းများထဲက တစ်ဦး ပြန်လွတ်လာ

ရေး-သံဖြူဇရပ်လမ်းတွင် ဖမ်းဆီးခံရသည့် ထွေအုပ်ဝန်ထမ်းများထဲက တစ်ဦး ပြန်လွတ်လာ

-

မွန်ပြည်နယ်၊ ရေးနှင့် သံဖြူဇရပ်မြို့အကြားကားလမ်းပိုင်းတွင် ဖမ်းဆီးခံရသည့် ရေးခရိုင်အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများအနက်မှ တစ်ဦး ပြန်လွတ်လာကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ရေးခရိုင်ထွေ/အုပ်မှ ဌာနခွဲစာရေး ဒေါ်တင်တင်ဝင်း၊ ရေးမြို့နယ်ထွေ/အုပ်မှ အငယ်တန်းစာရေး ဒေါ်နွေးနွေးမာ၊ ရေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးရှင်းသန့်ကိုကိုတို့ ၃ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က သံဖြူဇရပ် – ရေးကားလမ်း လိမ္မော်ခြံကျေးရွာအနီးတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဝန်ထမ်းများ နှစ်လနီးပါးအကြာ ဇွန်လ ၁၈ ရက်နေ့တွင် ရေးခရိုင်ထွေ/အုပ်မှ ဌာနခွဲစာရေး ဒေါ်တင်တင်ဝင်း ပြန်လည်လွတ်မြောက်လာသည်။

“ဖမ်းသွားပြီးကတည်းက အဆက်အသွယ်မရဘူး။ အခု စာရေး ဒေါ်တင်တင်ဝင်းက ပြန်လွတ်လာတယ်” ဟု နီးစပ်သူတစ်ဦးထံမှ သိရသည်။

ထွေအုပ်ဝန်ထမ်းများကို ရေးပြောက်ကျားအဖွဲ့ (YGF) က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းထွက်နေပြီး အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ကာ အသေးစိတ်မေးမြန်းရန် ရေးပြောက်ကျားအဖွဲ့ကို ဆက်သွယ်မေးမြန်းသော်လည်း တစုံတရာအကြောင်းပြန်ခြင်းမရှိပေ။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ကလည်း သံဖြူဇရပ် – ရေးကားလမ်းပိုင်း နှစ်ကရင်ကျေးရွာလမ်းဝအနီးတွင် ခေါဇာမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့တာဝန်ခံ ဦးကျော်သူကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဧပြီလ ၂၇ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts